စစ်ကောင်စီ လျှပ်စစ်ဝန်ကြီး ပြောင်းလဲခန့်အပ်သော်လည်း ရန်ကုန်မှာ မီးဆိုးဆိုးဝါးဝါး ပျက်မြဲပျက်နေ

RNA_သြဂုတ် ၉ ရက်၊၂၀၂၃ ခုနှစ်။

အာဏာသိမ်း စစ်ကောင်စီအဖွဲ့ခန့် လျှပ်စစ်ဝန်ကြီးနေရာကို  ပြောင်းလဲခန့်အပ်သော်လည်း ရန်ကုန်မြို့တွင် ဆိုးဆိုးရွားရွား မီးပျက်မြဲပျက်နေကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

” သူတို့ စစ်ကောင်စီက လျှပ်စစ်ဝန်ကြီးတွေဘာတွေ ပြောင်းတယ်ကြားတယ်။ အပြောင်းအလဲ လုပ်လည်း ဒီပုတ်ထဲကဒီပဲဘဲ။ စစ်ကောက်စီကမှ အသုံးအကျတော့ စစ်ကောင်စီခန့်ထားတဲ့သူကလည်း ဘာအသုံးကျမှာလဲ။အပေါ်က ခိုင်းတာပဲ လုပ်ရတာလေ” ဟု အလုံမြို့နယ်‌ နေထိုင်သူတစ်ဦးက ပြောသည်။

လျှပ်စစ်မီး စစ်ကောင်စီ လက်ထက် အချိန်ဇယားဆွဲကာ အချိန်ပိုင်း မီးပေး၊ အလှည့်ကျမီးဖြတ်သည့်စနစ်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက ယနေ့ အထိလုပ်ဆောင်နေကြောင်း၊ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က လျှပ်စစ်မလုံလောက်ခြင်းသည် ရေအားလျှပ်စစ်စီမံကိန်းများ ပျက်ခဲ့သည့်အတွက်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားထားသည်။

“မီးကျတော့ မှန်အောင် မစွမ်းဆောင်နိုင်ဘူး။ မီတာခကျတော့ လက်နက်ကိုင် အကြမ်းဖက် ပထွေးအားကိုးနဲ့ အတင်း အဓမ္မတောင်းတယ်။ မီတာမဆောင်ရင် မီတာပုံးဖြုတ်မယ်ဆိုတာမျိုး ခြိမ်းခြောက်တာလည်းရှိသေးတယ်။ စစ်ကောင်စီ တက်လာကတည်းက မီးပျက်တာ တော်တော်ကိုဆိုးတယ်။ ပြီးခဲ့တဲ့နှစ်ကော ဒီနှစ်ကောပဲ။ အချိန်ပိုင်းနဲ့ ပေးတာဆိုတာလည်း အချိန်တိုင်း ပျက်ချင်တဲ့အချိန်ပျက်နေတာပဲ” ဟု မရမ်းကုန်းမြို့နယ်နေထိုင်သူတစ်ဦးက ပြောသည်။

အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနက နံနက် ၉ နာရီ၊ နေ့လည် ၁ နာရီ ၊ ညနေ ၅ နာရီဟူ၍ အချိန်ပိုင်းခွဲကာ မီးပေးသည်ဟု ဆိုသော်လည်း မီးလာချိန် ပြန်ပျက်သည့်အကြိမ်ရေ များပြားနေမှုမှာ ယခုရက်ပိုင်းအတွင်း ခပ်စိတ်စိတ် ဖြစ်လာကြောင်း ရန်ကုန် မြို့ခံများကပြောသည်။

#RedNewsAgency

By Editor