Tag: မြစ်ဆုံစီမံကိန်း

  • ဧရာဝတီကို ပေါင်နှံပြီး အာဏာသက်ဆိုးရှည်ရေး ကြိုးပမ်းနေတဲ့ စစ်တပ် (သို့မဟုတ်) တရုတ်လက်အောက်ခံဘဝ တွန်းပို့ခံရတဲ့ မြန်မာနိုင်ငံ

    ဧရာဝတီကို ပေါင်နှံပြီး အာဏာသက်ဆိုးရှည်ရေး ကြိုးပမ်းနေတဲ့ စစ်တပ် (သို့မဟုတ်) တရုတ်လက်အောက်ခံဘဝ တွန်းပို့ခံရတဲ့ မြန်မာနိုင်ငံ

    “ဧရာဝတီမြစ်ဆိုတာ မေခနဲ့ မလိခ ပေါင်းဆုံရာ မြစ်ဆုံကနေ မြစ်ဖျားခံပြီး မြန်မာ့ယဉ်ကျေးမှု၊ လူမှုဘဝနဲ့ သမိုင်းကို ထိန်းကျောင်းလာခဲ့တဲ့ ကျွန်တော်တို့ရဲ့ “အမိမြစ်ကြီး” ပါ။ မြစ်ဆုံကို ကာကွယ်ခြင်းဟာ ဧရာဝတီကို ကာကွယ်ခြင်းဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ခြင်းလည်း ဖြစ်ပါတယ်”

    ပင်လယ်သူ

    ပြည်သူ့သဘောထားနဲ့ ကန့်ကွက်မှုတွေကြောင့် မြစ်ဆုံစီမံကိန်းဟာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ခေတ္တရပ်နားခဲ့ရပါတယ်။ NLD အစိုးရတက်လာတဲ့အခါ တရုတ်ဘက်က စီမံကိန်းပြန်စဖို့ နည်းမျိုးစုံနဲ့ ဖိအားပေး စည်းရုံးခဲ့ပေမဲ့ NLD သက်တမ်း ၅ နှစ်အတွင်းမှာလည်း ပြန်မစနိုင်ခဲ့ပါဘူး။ ပြည်သူတွေအနေနဲ့တော့ နိုင်ငံအတွက် ကောင်းကျိုးမရှိတဲ့ မြစ်ဆုံစီမံကိန်းကို ထာဝရရပ်တန့်ဖို့ အမြဲတောင်းဆိုခဲ့ကြပါတယ်။

    မြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေတဲ့ ပြည်သူတွေဟာ အစိုးရကို ကြည့်ပြီး ကန့်ကွက်ခဲ့ကြတာ မဟုတ်ပါဘူး။ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး လှုပ်ရှားသူ ဦးတင်မောင်ဦးက ၂၀၁၉ မှာ အခုလို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ “ဒီစီမံကိန်းကို သဘောမတူတာက စစ်တပ်က လုပ်ခဲ့လို့တင် မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်က လုပ်ရင်လည်း သဘောမတူနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်သူပဲလုပ်လုပ် ဒီစီမံကိန်းဟာ တိုင်းပြည်အတွက် ဘာအကျိုးအမြတ်မှ ရေရေရာရာ မရှိလို့ပါပဲ။”

    ယခုအခါ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ နှလုံးသည်းပွတ်၊ နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးကို လည်လှီးသတ်ဖြတ်မယ့် “မြစ်ဆုံစီမံကိန်း” ကို ၂၀၂၆ ခုနှစ်မှာ ပြန်အသက်သွင်းတော့မယ်ဆိုပြီးတော့ အာဏာသိမ်းစစ်တပ်က တရားဝင်ပြောလာသလို ခြေလှမ်းတွေလည်း ပြင်လာပါပြီ။ ဒါဟာ ရိုးရိုးတန်းတန်း စီးပွားရေးစီမံကိန်းတစ်ခုကို ကြေညာတာမဟုတ်ဘဲ၊ နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုကို ခံထားရတဲ့ အာဏာသိမ်းစစ်အုပ်စုက သူတို့ရဲ့ ပြုတ်လုနီးပါး အာဏာစက်ကို ဆွဲဆန့်ဖို့အတွက် တိုင်းပြည်ရဲ့ အနာဂတ်ကို တရုတ်ထံ ထိုးအပ်လိုက်တဲ့ “အယုတ်မာဆုံးသော နိုင်ငံတော်သစ္စာဖောက်မှု” ဖြစ်ပါတယ်။

    (more…)

  • စစ်ကောင်စီ လျှပ်စစ်ဝန်ကြီး ပြောင်းလဲခန့်အပ်သော်လည်း ရန်ကုန်မှာ မီးဆိုးဆိုးဝါးဝါး ပျက်မြဲပျက်နေ

    စစ်ကောင်စီ လျှပ်စစ်ဝန်ကြီး ပြောင်းလဲခန့်အပ်သော်လည်း ရန်ကုန်မှာ မီးဆိုးဆိုးဝါးဝါး ပျက်မြဲပျက်နေ

    RNA_သြဂုတ် ၉ ရက်၊၂၀၂၃ ခုနှစ်။

    အာဏာသိမ်း စစ်ကောင်စီအဖွဲ့ခန့် လျှပ်စစ်ဝန်ကြီးနေရာကို  ပြောင်းလဲခန့်အပ်သော်လည်း ရန်ကုန်မြို့တွင် ဆိုးဆိုးရွားရွား မီးပျက်မြဲပျက်နေကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

    ” သူတို့ စစ်ကောင်စီက လျှပ်စစ်ဝန်ကြီးတွေဘာတွေ ပြောင်းတယ်ကြားတယ်။ အပြောင်းအလဲ လုပ်လည်း ဒီပုတ်ထဲကဒီပဲဘဲ။ စစ်ကောက်စီကမှ အသုံးအကျတော့ စစ်ကောင်စီခန့်ထားတဲ့သူကလည်း ဘာအသုံးကျမှာလဲ။အပေါ်က ခိုင်းတာပဲ လုပ်ရတာလေ” ဟု အလုံမြို့နယ်‌ နေထိုင်သူတစ်ဦးက ပြောသည်။

    လျှပ်စစ်မီး စစ်ကောင်စီ လက်ထက် အချိန်ဇယားဆွဲကာ အချိန်ပိုင်း မီးပေး၊ အလှည့်ကျမီးဖြတ်သည့်စနစ်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက ယနေ့ အထိလုပ်ဆောင်နေကြောင်း၊ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က လျှပ်စစ်မလုံလောက်ခြင်းသည် ရေအားလျှပ်စစ်စီမံကိန်းများ ပျက်ခဲ့သည့်အတွက်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားထားသည်။

    (more…)

  • တရုတ်နိုင်ငံသည် အမျိုးသားအကျိုးစီးပွားနှင့် ပတ်သက်လာရင် ဘယ်သူ့မျက်နှာမှ မကြည့်ဘူး

    တရုတ်နိုင်ငံသည် အမျိုးသားအကျိုးစီးပွားနှင့် ပတ်သက်လာရင် ဘယ်သူ့မျက်နှာမှ မကြည့်ဘူး

    ဝိုင်- ရိုက်ကူးသည်။ ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက်။

    မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းပေးရေးနှင့် တိုင်းပြည်၏သဘာဝသယံဇာတရင်းမြစ်များကာကွယ်ပေးရန် တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာနိုင်ငံရောက်ရှိနေစဉ် ယနေ့ဇန်နဝါရီ ၁၈ရက်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ မြန်မာ့နိုင်ငံရေးလူမှုအဖွဲ့အစည်းအချို့က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=wR2P874M_C0[/embedyt] Red News Agency