Tag: အမှတ် ၁ စစ်ဒေသ

  • ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၆) ဦးမြင့်မြတ်စွာကျဆုံး

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၆) ဦးမြင့်မြတ်စွာကျဆုံး

    RNA_စက်တင်ဘာ(၂၂)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို စက်တင်ဘာ ၁၅ ရက်နေ့မှစတင်ခဲ့ပြီး စက်တင်ဘာ (၂၀) ရက်နေ့တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည့်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၆) ဦးမြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု အမှတ် (၁) စစ်ဒေသက ယနေ့ထုတ်ပြန်ထားသည်။

    လက်ရှိတွင် ဗန်းမောက်မြို့ဝန်းကျင်မှ အကြမ်းဖက်စစ်ကော်မရှင်တပ်လက်အောက်ခံများသည် ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနှင့် သာယာကုန်းရွာတို့တွင် ကာကင်းထိုင်ထားပြီး အများစုမှာ ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနှင့် အနောက်တောရွာသို့ ဆုတ်ခွာပူးပေါင်းသွားကြောင်း သိရသည်။

    (more…)

  • အထွေထွေထိုးစစ်ကြီးတစ်ရပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲဖြစ်လိမ့်မည်ဟု ဦးရည်မွန်ပြော

    အထွေထွေထိုးစစ်ကြီးတစ်ရပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲဖြစ်လိမ့်မည်ဟု ဦးရည်မွန်ပြော

    RNA_မတ်(၁၃)၊၂၀၂၅ခုနှစ်။

    PDF ပကဖနှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့အားလုံး လက်တွဲပါဝင်ပြီး စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားနှင့် အထွေထွေထိုးစစ်ကြီး တစ်ရပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲကြဖို့ ဖြစ်လိမ့်မည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားထားသည်။

    တော်လှန်ရေး အစောပိုင်းကာလများတွင် တပ်တည်ဆောက်ရင်း တစ်နိုင်ငံလုးအတိုင်းအတာဖြင့် စစ်ရေးလှုပ်ရှားနိုင်အောင် ပထမအဆင့် ကြိုးစားခဲ့ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် လူထုအင်အားစုစည်း၊ မဟာဗျူဟာထိုင်းစစ်ဆင်ဆင်ရင်း မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများဆင်နွှဲကာ အတွေ့အကြုံများ ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း၊ တတိယအဆင့်အနေဖြင့် အထွေထွေ ထိုးစစ်ကြီး ဆင်နွှဲ့ကြရန်ဖြစ်ပြီး ယင်းထိုးစစ်ကြီးက စစ်အာဏာသိမ်းမှုကို အဆက်သတ်ပေးလိ့မ်ဟု ယုံကြည်သည်ဟု အမှတ် (၁) စစ်ဒေသတွင် ပြုလုပ်သော တပ်မှူးသင်တန်းဆင်းပွဲတွင် ပေးပို့သော သဝဏ်လွှာတွင် ဦးရည်မွန်က ထည့်သွင်းပြောကြားထားသည်။

    (more…)

  • တော်လှန်ရေး အင်အားစုများက အင်အား (၇၇) ဦးပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ချေမှုန်းပြီး လက်နက် (၄၄) လက်သိမ်းဆည်းရမိ

    တော်လှန်ရေး အင်အားစုများက အင်အား (၇၇) ဦးပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ချေမှုန်းပြီး လက်နက် (၄၄) လက်သိမ်းဆည်းရမိ

    RNA_ဇန်နဝါရီ(၆)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြား၌ လယ်ကိုင်းရွာမှ ထွက်လာသော စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးမျိုးမင်းသူ ဦးစီး စခတ-၈ အင်အား (၇၇) ဦးပါ စစ်ကြောင်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဇန်နဝါရီလ (၅) ရက်နေ့က တိုက်ခိုက်ချေမှုန်းရာ လက်နက် (၄၄) လက်သိမ်းဆည်းရမိကြောင်း သိရသည်။

    အင်အား (၇၇) ဦးပါ စစ်ကောင်စီတပ် စစ်ကြောင်းအား အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားချက်ဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၅၊ ၁၅၊ ၂၃)၊ ဝက်လက်မြို့နယ် ပကဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားပြီး၊ စစ်ကောင်စီတပ် စစ်ကြောင်း တခုလုံးအား ရှင်းလင်းနိုင်ခဲ့ကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သူများက ပြောကြားထားသည်။

    (more…)

  • KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဒူကဘာခေါင်လွမ်း ကွယ်လွန်ခြင်းအတွက် အလေးပြုအခမ်းအနားများကျင်းပ

    KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဒူကဘာခေါင်လွမ်း ကွယ်လွန်ခြင်းအတွက် အလေးပြုအခမ်းအနားများကျင်းပ

    RNA_မေ(၁၆)၊၂၀၂၄ ခုနှစ်။


    ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ စစ်ဦးစီးချုပ်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်(၁) စစ်ဒေသ၊ စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး ဒူကဘာခေါင်လွမ်း- Ruhkyau Hkawng Lum ကွယ်လွန်ခြင်းအတွက် အမှတ် (၁) စစ်ဒေသတွင်းရှိ PDF တပ်ရင်းတပ်ဖွဲ့ရဲဘော်များက ဝမ်းနည်းခြင်းအထိမ်းအမှတ် အလေးပြု အခမ်းအနားများ ကျင်းပပြုလုပ်နေကြကြောင်း သိရသည်။

     

    ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ စစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး ဒူကဘာခေါင်လွမ်းသည် ကချင်ပြည်နှင့် ကချင်လူမျိုးများလွတ်မြောက်ရေး၊ မြန်မာပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်များလက်အောက်မှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေရင်း ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်နေ့ ညနေ (၆) နာရီ (၂၃) မိနစ်အချိန်တွင် အသည်းရောဂါဖြင့် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့၌ ရုတ်တရက် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

     

    #RedNewsAgency

  • 96 Soldiers – PDF နှင့်ပတ်သက်ပြီး စာထုတ်သည့်ကိစ္စ NUG ထိခိုက်သလို တော်လှန်ရေးကိုလည်းထိခိုက်ဟု ကိုဇေယျာလွင်ပြော

    96 Soldiers – PDF နှင့်ပတ်သက်ပြီး စာထုတ်သည့်ကိစ္စ NUG ထိခိုက်သလို တော်လှန်ရေးကိုလည်းထိခိုက်ဟု ကိုဇေယျာလွင်ပြော

    RNA_ဇူလိုင်(၃၁)၊၂၀၂၃ ခုနှစ်။

    အညာဒေသခြေစိုက် ကိုဇေယျာလွင် ဦးဆောင်သော 96 Soldiers – PDF အညာဒေသတပ်ခွဲကို ကျေးရွာတရွာတွင် အခြေချနေထိုင်ခြင်းမပြုရန် ညွှန်ကြားသည့်စာသည် NUG ကိုလည်း ထိခိုက်သလို တော်လှန်ရေးကိုလည်း ထိခိုက်သည်ဟု ကိုဇေယျာလွင်က ပြေကြားထားသည်။

    NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသရုံး၏ ညွန်ကြားချက်အရ ဇူလိုင်လ ၂၄ ရက်နေ့ရက်စွဲဖြင့် အခြေချနေထိုင်ရန် ရွှေ့ပြောင်းရောက်ရှိလာသော ကိုဇေယျာလွင် ဦးဆောင်သော 96 Soldier (LPDF) အဖွဲ့အား အခြေချနေထိုင်ခြင်းမပြုရန် ညွှန်ကြားခစာကို မြို့နယ်တာဝန်ခံက ထပ်ဆင့်ညွှတ်ကြားချက်ထုတ်ခဲ့ကြောင်းသိရသည်။

    “ဒီလိုစာမျိုးက ဒီလိုကာလမျိုးမှာ အပေါင်းလက္ခဏာမဆောင်တဲ့ အနုတ်လက္ခဏာဆောင်တဲ့ စာမျိုးဖြစ်တယ်ပေါ့နော်။ အကျိုးမရှိတဲ့ စာမျိုးဖြစ်တယ်ပေါ့။ အဲလိုစာမျိုးထုတ်ချင်းက NUG ကိုလည်းထိခိုက်တယ်။ တော်လှန်ရေးကိုလည်း ထိခိုက်တယ်ပေါ့နော်။ အဲလိုလူမျိုးတွေ အောက်ခြေမှာ လုပ်ချင်တိုင်းလုပ် ထုတ်ချင်တိုင်းထုတ် စာတွေထုတ်နေတဲ့ အကျိုးဆက်ကို NUG လည်းထိခိုက်တယ် တော်လှန်ရေးအတွက်လည်း ထိခိုက်တယ်လို့ ကျွန်တော်မြင်တယ်” ဟု ကိုဇေယျာလွင်က ပြောကြားထားသည်။

    (more…)