အောင်သာယာအပိုင်း

ကျောက်စိမ်းလုပ်ကွက်ရေကန်အတွင်း မြေပြိုပြီး ရေကန်အစပ် ရေချိုးနေသူများ မျောပါနစ်မြှုပ်မှုတွင် ကလေး ၂ ဦးမိခင် ပျောက်ဆုံးနေ

ကျောက်စိမ်းလုပ်ကွက်ရေကန်အတွင်း မြေပြိုပြီး ရေကန်အစပ် ရေချိုးနေသူများ မျောပါနစ်မြှုပ်မှုတွင် ကလေး ၂ ဦးမိခင် ပျောက်ဆုံးနေ

RNA_ဖားကန့်၊ ဩဂုတ်လ ၅ ရက်၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊ အောင်သာယာအပိုင်းတွင် ယနေ့ (၁၂)နာရီခွဲခန့်က ကျောက်စိမ်း လုပ်ကွက်တူးဖော်ထားသည့် ရေကန်အတွင်း သာယာကုန်းအပိုင်းမှ မြေပြိုကျပြီး ရေလှိုင်းရိုက်ခတ်မှုနှင့်အတူ ကန်အစပ်ရေချိုးနေသည့် အမျိုးသမီး၂ ဦးနှင့် ကလေး ၂ ဦး ပေ (၁၅၀) ခန့် မျောပါပြီး လုပ်ကွက်တူးဖော်ထားသည့် ရေကန်အတွင်း နစ်မြှပ်ခဲ့ကြောင်း သိရသည်။ ကျောက်စိမ်းလုပ်ကွက် ကန်အစပ်မှ ရေစီးနှင့်အတူ ရွာလယ်လမ်းအတိုင်း ပေ(၁၅၀)ခန့် ရေစီးနှင့်အတူ မျောပါခဲ့သူ ၄ ဦးထဲမှ အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦးကို အသက်ရှင်လျက်ပြန်လည်ဆယ်ယူနိုင်ခဲ့သော်လည်း ကလေးနှစ်ဦးမိခင် ဒေါ်ခင်ဆွေမာ(ခ) ဒေါ်မလေး၊ (၃၇)နှစ်ခန့်မှာ ရေကန်အတွင်း နစ်မြှုပ်ပျောက်ဆုံးလျက်ရှိကြောင်း…
Read More