Tag: ၈၈မျိုးဆက်

  • ရန်ကုန်မြို့လယ်မှာ “၈” လေးလုံးအရေးတော်ပုံ ထီးအနီရောင်လှုပ်ရှားမှု ပြုလုပ်

    ရန်ကုန်မြို့လယ်မှာ “၈” လေးလုံးအရေးတော်ပုံ ထီးအနီရောင်လှုပ်ရှားမှု ပြုလုပ်

    RNA_ဩဂုတ်(၈)၊၂၀၂၃ ခုနှစ်။

    ရန်ကုန်မြို့တွင် ယနေ့ ကျရောက်သည့် (၃၅) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး “၈” လေးလုံးအရေးတော်ပုံ ထီးအနီရောင်လှုပ်ရှားမှု – Red Umbrella Movement ပြုလုပ် ပြုလုပ်ခဲ့ကြသည်။

    စစ်ကောင်စီ၏ လုံခြုံရေးအထပ်ထပ်ချထားသော ရန်ကုန်မြို့လယ်ခေါင်တွင် “၈” ဂဏန်းနှင့် “တော်လှန်မီးတောက်တွေ လောင်ကျွမ်းနေတုန်းဘဲ” စာတန်းပါ ထီးများဖြင့် ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ထီးအနီရောင်လှုပ်ရှားမှုပြုလုပ်ခဲ့သည်ဟု ရန်ကုန်လူထုသပိတ်က ပုံများနှင့်အတူ ထုတ်ပြန်ထားသည်။

    (more…)

  • မြေပြင်စိုးမိုးမယ့် ဝေဟင်မိုးကြိုး “Project ဝရဇိန်” ကမ်ပိန်းအောင်မြင်မည်ဟု မနီလာသိန်းပြော

    မြေပြင်စိုးမိုးမယ့် ဝေဟင်မိုးကြိုး “Project ဝရဇိန်” ကမ်ပိန်းအောင်မြင်မည်ဟု မနီလာသိန်းပြော

    RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။

    ၈၈ မျိုးဆက် ကိုဂျင်မီနှင့် မနီလာသိန်းတို့အမည်ဖြင့် တော်လှန်ရေးပြည်သူတဦးက ” Project ဝရဇိန်” အတွက် သိန်း (၈၀) ကျပ် ယနေ့ လှူဒါန်းသွားခဲ့ကြောင်း သိရသည်။

    ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့အတွက် အထူးစစ်ဆင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် မြေပြင်စိုးမိုးမယ့် ဝေဟင်မိုးကြိုး ” Project ဝရဇိန်” ကမ်ပိန်း ပြုလုပ်နေကြောင်း၊ ယနေ့ စဖွင့်သည့်နေ့မှာကမ္ဘာအရပ်ရပ်မှ Fundraisers များနှင့် Donors များ၏ ပါဝင်လှူဒါန်းမှုမှာ USD10,000 ရရှိကြောင်း ဒို့ကမ်ပိန်းအဖွဲ့က အသိပေးထားသည်။

    (more…)

  • ကိုဂျင်မီ မွေ့နေ့အထိမ်းအမှတ် PDF ရဲဘော်များကို အလှူငွေနှင့် အစားအသောက်များလှူဒါန်း 

    ကိုဂျင်မီ မွေ့နေ့အထိမ်းအမှတ် PDF ရဲဘော်များကို အလှူငွေနှင့် အစားအသောက်များလှူဒါန်း 

    RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။

    နွေဦးတော်လှန်ရေးတွင် ပြည်သူများအတွက် အသက်ပေးခဲ့သည့် အာဇာနည်သူရဲကောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ ယနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ကျရောက်သည့်မွေးနေ့တွင် PDF တပ်ဖွဲ့များကို အလှူငွေများနှင့် အစားအသောက်များ လှူဒါန်းခဲ့သည်။

    ဓာတ်ပုံ – ကိုဂျင်မီမွေးနေ့ 96 Soldiers -PDF (အညာဒေသတပ်ခွဲ) ရဲဘော်များအတွက် မိသားစုမှ အသားဟင်းတနေ့စာ လှူဒါန်းမှု။

    တောင်ပိုင်းတိုင်းစစ်ဒေသအတွင်းရှိ PDF တပ်ဖွဲ့များ၊ အညာဒေသရှိ 96 Soldiers -PDF (အညာဒေသတပ်ခွဲ) ရဲဘော်များအပါအဝင် တော်လှန်ရေးလြပ်နေသည့် လက်နက်ကိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တချို့ကို ကိုဂျင်မီ၏ မိသားစုနှင့် ချစ်ခင်လေးစားရသည့် ရဲဘော်များက အလှူငွေနှင့် အစားအသောက်များ လှူဒါန်းခဲ့ကြသည်။

    ဓာတ်ပုံ – ကိုဂျင်မီမွေးနေ့ 96 Soldiers -PDF (အညာဒေသတပ်ခွဲ) ရဲဘော်များအတွက် မိသားစုမှ အသားဟင်းတနေ့စာ လှူဒါန်းမှု။
    ဓာတ်ပုံ – ကိုဂျင်မီမွေးနေ့ 96 Soldiers -PDF (အညာဒေသတပ်ခွဲ) ရဲဘော်များအတွက် မိသားစုမှ အသားဟင်းတနေ့စာ လှူဒါန်းမှု။

    #RedNewsAgency

  • ၈၈ မျိုးဆက်( ငြိမ်း/ပွင့်) မှ မနုနုအောင်၊ မခက်ခက်အောင်၊ ကိုမြတ်သူတို့ကို ထောင်ဒဏ် ၁၅ နှစ်စီချမှတ်

    ၈၈ မျိုးဆက်( ငြိမ်း/ပွင့်) မှ မနုနုအောင်၊ မခက်ခက်အောင်၊ ကိုမြတ်သူတို့ကို ထောင်ဒဏ် ၁၅ နှစ်စီချမှတ်

    RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။
     
    ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မနုနုအောင်၊ မခက်ခက်အောင်၊ ကိုမြတ်သူတို့ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ကျိုက်မရောထောင်တွင်းတရားရုံးမှ ယနေ့ ထောင်ဒဏ် (၁၅) နှစ်စီချမှတ်လိုက်ကြောင်း သိရသည်။
     
    ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) မှ တောင်သူ လယ်သမားရေးရာဌာနမှ မနုနုအောင်၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနမှ မခက်ခက်အောင်နှင့် မခက်ခက်အောင်၏ သားဖြစ်သူ ကိုမြတ်သူတို့ကို ဥပဒေပုဒ်မ ၅၀ (ည)ဖြင့် ထောင်ဒဏ် ၁၀ နှစ်၊ ၅၁ (ဂ) ဖြင့် ထောင်ဒဏ် ၅ နှစ် စုစုပေါင်းထောင်ဒဏ် (၁၅) နှစ်ချမှတ်ခံခဲ့ခြင်း ဖြစ်သည်။

    (more…)

  • စစ်ကောင်စီက မိသားစုတခုလုံးကို ဖမ်းဆီးထားပြီး သားကို ထောင်ဒဏ် အနှစ် (၂၀) ချမှတ်

    စစ်ကောင်စီက မိသားစုတခုလုံးကို ဖမ်းဆီးထားပြီး သားကို ထောင်ဒဏ် အနှစ် (၂၀) ချမှတ်

    RNA_နိုဝင်ဘာ(၂၆)၊၂၀၂၂ ခုနှစ်။
     
    ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ကိုဇော်ဝမ်းမောင်နှင့် မခက်ခက်လွင်တို့ မိသားစု တခုလုံးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး သားကြီး ကိုသီဟနှင့်ဇနီး မစွမ်းပြည့်စိုးမွန်ကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် အနှစ် (၂၀) ထပ်မံချက်မှတ်လိုက်ကြောင်း သိရသည်။
     
    ကိုသီဟနှင့်ဇနီး မစွမ်းပြည့်စိုးမွန်အပါအဝင် အမှုတွဲ (၁၇) ဦးကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပဲခူးတိုင်း၊ ဒိုက်ဦးထောင်မှာ ဖမ်းဆီးထားပြီး နိုဝင်ဘာလ ၂၅ ရက်နေ့က ဒိုက်ဦးတရားရုံးမှ ပုဒ်မ (၁၂၂) နှင့် ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခဲ့ကြောင်း၊ ကိုသီဟတို့ ဇနီးမောင်နှံကို ထောင်ဒဏ်အနှစ် (၂၀) မချမှတ်ခင် ပုဒ်မ ၅၀၅ နှင့် ထောင်ဒဏ် (၃) နှစ်ချခံထားရသည်။

    (more…)

  • ဖားကန့်မြို့နယ် လုံးခင်းအုပ်စုသပိတ်စစ်ကြောင်းက ကြွေးကြော်သံများဖြင့်ဆန္ဒပြ 

    ဖားကန့်မြို့နယ် လုံးခင်းအုပ်စုသပိတ်စစ်ကြောင်းက ကြွေးကြော်သံများဖြင့်ဆန္ဒပြ 

    RNA_ဩဂုတ်၈၊၂၀၂၂ခုနှစ်။

    ယနေ့ကျရောက်သည့် ရှစ်လေးလုံး (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု သပိတ်စစ်ကြောင်းက ကျေးရွာအတွင်းလှည့်လည်ကာ ကြွေးကြော်သံများဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=VDUv7PEHMU0[/embedyt]

    Red News Agency

  • ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်ကို နံနက်ဖန် နံနက် ၄ နာရီ ကြိုးပေးမည်ဟု သိရ 

    ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်ကို နံနက်ဖန် နံနက် ၄ နာရီ ကြိုးပေးမည်ဟု သိရ 

    RNA_ဇွန် ၁၅၊၂၀၂၂ခုနှစ်။

    စစ်ကောင်စီက သေဒဏ်အတည်ပြုထားသည့် ၈၈ မျိူဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် NLD လွှတ်တော်ကိုယ်သားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ကို နံနက်ဖန် ( ဇွန်လ ၁၆ ရက်) နံနက် (၄) နာရီ အင်းစိန်အကျဉ်းထောင်တွင် ကြိုးပေးမည်ဟု သိရသည်။

    ” အခု ဝန်ထမ်းတွေကြားမှာပြောနေကြတယ် မနက်ဖန် မနက်အစောကြီး ၄ နာရီတဲ့။ ကြိုးပေးဖို့ စံသိန်းနဲ့ ဝင်းအောင်ရွေးချယ်ထားတယ်ပြောတယ်၊ ကျနော်သာလုပ်ခိုင်းရင် မလုပ်ပါဘူးဗျာ” ဟု အင်းစိန်အကျဉ်းထောက်နှင့် နီးစပ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းတဦးက ‌Red News Agency ကို ပြောသည်။

    စစ်ကောင်စီက သေဒဏ်အတည်ပြုသည့်ကိစ္စ တကမ္ဘာလုံးက ကန့်ကွတ်နေကြောင်း၊ စစ်ကောင်စီ အကောင်အထည်ဖော်ပါက လက်တုန့်ပြန်သွားမည်ဟု လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေသည့် ပြည်သူ့ကာကွယ်ရေးနှင့် ပြောက်ကျား တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

    Red News Agency

  • အင်းစိန်အကျဉ်းထောင် ကြိုးစင်ကို ယနေ့နံနက် ဒေါက်ဖြုတ် စမ်းသပ်မှုတွေပြုလုပ်

    အင်းစိန်အကျဉ်းထောင် ကြိုးစင်ကို ယနေ့နံနက် ဒေါက်ဖြုတ် စမ်းသပ်မှုတွေပြုလုပ်

    RNA_ဇွန် ၁၁၊၂၀၂၂ခုနှစ်။

    ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်တွင်းရှိ ကြိုးစင်ကို ယနေ့ နံနက်ပိုင်းက ဒေါက်ဖြုတ်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့သည်ဟု အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သူ တဦးထံမှ သိရသည်။

    ” အခုမနက်မှာ အသံထွက်လာတာက သတ်ဖို့သေချာလောက်တယ်တဲ့၊ ကြိုးစင်ကို ဒေါက်‌တွေဘာတွေ ဖြုတ်တာလုပ်ပြီး ပြင်ဆင်နေကြပြီ ပြောတယ်” ဟု အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သူ တဦးက Red News Agency သို့ ပြောသည်။

    ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုသူရဇော်တို့ကို သေဒဏ်အတည်ပြုထားကြောင်း စစ်ကောင်စီပြန်ကြားရေး ဇော်မင်းထွန်းက ပြောကြားထားသည်။

    ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို သေဒဏ်အတည်ပြုခြင်း ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အရပ်ဖက်အဖွဲ့အစည်းများစသည်တို့က စစ်ကောင်စီလုပ်ရပ်ကို လက်မခံနိုင်ကြောင်း ကြေညာချက်အသီးသီး ထုတ်ပြန်ထားကြသည်။

    RedNewsAgency

  • ၈၅ ရက်ကြာသည်အထိ ရေကြည်အိုင် စစ်ကြောရေးမှာ ကိုဂျင်မီကို စစ်ဆေးနေ

    ၈၅ ရက်ကြာသည်အထိ ရေကြည်အိုင် စစ်ကြောရေးမှာ ကိုဂျင်မီကို စစ်ဆေးနေ

    RNA_ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။

    ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီကို အာဏာသိမ်း စစ်ကောင်စီတပ်က ဖမ်းဆီးပြီး (၈၅) ရက်ကြာ ယနေ့အထိ ရန်ကုန်မြို့ (၉) မိုင်ခွဲရှိ ရေကြည်အိုင်စစ်ကြောရေးမှာ ထားရှိကြောင်း သိရသည်။

    ယနေ့ အင်းစိန်အကျဉ်းထောင် အထူးရုံးအမှုစစ်သွားသည့် ရှေ့နေအမျိုးသမီးတဦးကို ရေကြည်အိုင်စစ်ကြောရေးမှာ ‌တွေ့ရှိခဲ့ကြောင်း လူငယ်တဦးက ပြောပြသွားသည်ဟု အမျိုးသမီးရှေ့နေက လူမှုကွန်ယက်မှတဆင့် မိတ်ဆွေများကို အသိပေးထားသည်။

    ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်မှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ကိုဂျင်မီကို စစ်ကောင်စီတပ် အကြမ်းဖက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး၊ NUG အစိုးရနှင့်ပူးပေါင်းပါဝင်သူဖြစ်ပြီး ကိုဇေယျာသော်နှင့် အမှုတွဲကာ နွေဦးတော်လှန်ရေး ခုခံစစ်ဆင်နွှဲနေသူဖြစ်ကြောင်း စစ်ကောင်စီဘက်က အမှုဆင်ကာ တရားစွဲဆို ထောင်ချရန် ပြင်ဆင်နေကြောင်း သိရသည်။

    နွေဦးတော်လှန်ရေးတွင် ပြည်သူများနှင့်အတူ ရပ်တည်သည့် ခေါင်းဆောင်ပိုင်းများကို စစ်ကောင်စီတပ်က ဖမ်းဆီးမိသည့်အခါ စစ်ကြောရေးတွင် ပြင်းပြင်းထန်ထန်နှိပ်စက်ပြီး အာဏာသိမ်းစစ်တပ်ကောင်းကြောင်း၊ NUG အစိုးရမကောင်းကြောင်းများ ပြောခိုင်းပြီး ဗွီဒီယိုမှတ်တမ်းယူကာ စစ်ကောင်စီကသတင်းစာရှင်းလင်းပွဲအမည်တပ်ပြီး အများပြည်သူသိရှိအောင် ထုတ်ပြသည့် လုပ်ရပ်များကို လုပ်ဆောင်နေသည်။

    Red News Agency