ရန်ကုန်မြို့လယ်မှာ “၈” လေးလုံးအရေးတော်ပုံ ထီးအနီရောင်လှုပ်ရှားမှု ပြုလုပ်

RNA_ဩဂုတ်(၈)၊၂၀၂၃ ခုနှစ်။

ရန်ကုန်မြို့တွင် ယနေ့ ကျရောက်သည့် (၃၅) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး “၈” လေးလုံးအရေးတော်ပုံ ထီးအနီရောင်လှုပ်ရှားမှု – Red Umbrella Movement ပြုလုပ် ပြုလုပ်ခဲ့ကြသည်။

စစ်ကောင်စီ၏ လုံခြုံရေးအထပ်ထပ်ချထားသော ရန်ကုန်မြို့လယ်ခေါင်တွင် “၈” ဂဏန်းနှင့် “တော်လှန်မီးတောက်တွေ လောင်ကျွမ်းနေတုန်းဘဲ” စာတန်းပါ ထီးများဖြင့် ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ထီးအနီရောင်လှုပ်ရှားမှုပြုလုပ်ခဲ့သည်ဟု ရန်ကုန်လူထုသပိတ်က ပုံများနှင့်အတူ ထုတ်ပြန်ထားသည်။

ရှစ်လေးလုံး အရေးတော်ပုံကြီးသည် လူထုလူတန်းစားတစ်ရပ်လုံး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြခြင်းဖြစ်သလို ယခု ၂၀၂၁ နွေဦးတော်လှန်ရေးသည်လည်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရှင်းလင်းရမည့် လူထုလူတန်းစားတစ်ရပ်လုံး၏ အဆုံးသတ်တိုက်ပွဲဖြစ်သည်ဟု ထုတ်ပြန်ပြောကြားထားသည်။

ယနေ့ ကျရောက်သော ၃၅ နှစ်မြောက် ရှစ်လေးလုံးလူထုအရေးတော်ပုံ အထိမ်းအမှတ်နေ့တွင် NUG အပါအဝင် တော်လှန်ရေးအင်အားစုများက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

#RedNewsAgency

By Editor