သတင်း

အညာမီးလောင်ပြင်မှ တော်လှန်သင်္ကြန်သံချပ်

အညာမီးလောင်ပြင်မှ တော်လှန်သင်္ကြန်သံချပ်

RNA_ဧပြီ(၁၃)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းအညာတွင် စစ်ကောင်စီတပ်၏ ရွာလုံးကျွတ်မီးရှို့ခံရမှုများမှာ တနိုင်ငံလုံး တကမ္ဘာလုံး သိပြီးဖြစ်သည့်အတိုင်း စစ်အာဏာရှင်ကို ခုခံတွန်းလှန်နေကြသည်မှာလည်း နေ့စဉ်ဖြစ်သည့်ကြားက ၂၀၂၃ အညာမီးလောင်ပြင်မှ ရဲရဲတောက်သံချပ်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က တင်ဆက်ထားခြင်းဖြစ်သည်။ Red News Agency
Read More
သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများက ရရာလက်နက်ဆွဲ တိုက်မည်

သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများက ရရာလက်နက်ဆွဲ တိုက်မည်

RNA_ဧပြီ(၁၂)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကန့်ပလူမြို့နယ်၊ ပဇီကြီးကျေးရွာအတွင်း စစ်ကောင်စီတပ်လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများက ရရာလက်နက်ဆွဲတိုက်ခိုက်မည်ဟု ပြောနေကြကြောင်း၊ နောက်ဆုံးအခြေအနေများကို ယနေ့ နေ့လည်ပိုင်းက ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။ #RedNewsAgency
Read More
စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် ပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံး

စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် ပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံး

RNA_ဧပြီ(၁၁)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီးကြီးရွာမှာ ယနေ့ နံနက် (၈) နာရီဝန်းကျင်တွင် ပြည်သူလုံခြုံရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံးသွားကြောင်း သိရသည်။   " လူစုနေတဲ့အထဲ ဗုံးလေးလုံးကြဲသွားတယ်ပြောတယ်၊ သေတဲ့သူတွေ အတော်များပါတယ်၊အခု ၆၀ လောက်သေတယ်ပြောတယ်၊ ပျောက်နေတာတွေလည်း အများကြီးပဲ၊ အခုထိလည်း လေယာဉ်တွေက ဝဲနေတုန်းပဲ၊ ကယ်ထုတ်နေကြတုန်း စစ်ကြောင်း လာနေပြီပြောတယ်၊ အသိ ပကဖ တဦးလည်း ကျသွားတယ် " ကန့်ဘလူ ပကဖ နှင့် နီးစပ်သူတဦးက ပြောသည်။ (more…)
Read More
ပုသိမ် – မုံရွာ လမ်းမပေါ်ရှိ ကျောက်တိုင်ကျေးရွာရဲစခန်း တိုက်ခိုက်ခံရပြီး ရဲတပ်သား (၃) ဦးသေဆုံး

ပုသိမ် – မုံရွာ လမ်းမပေါ်ရှိ ကျောက်တိုင်ကျေးရွာရဲစခန်း တိုက်ခိုက်ခံရပြီး ရဲတပ်သား (၃) ဦးသေဆုံး

RNA_ဧပြီ(၁၁)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ မင်းတုန်းမြို့ မြောက်ဘက် (၁၀) မိုင်ခန့်အကွာ ပုသိမ်-မုံရွာလမ်းမကြီးပေါ်ရှိ ကျောက်တိုင်ကျေးရွာတွင် အခြေချတပ်စွဲထားသည့် ရဲစခန်းအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်သည့်အတွက် ရဲတပ်သား (၃) ဦးသေဆုံးကာ (၃) ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။   ကျောက်တိုင်ကျေးရွာ ရဲစခန်းအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ သရက်ခရိုင်တပ်ရင်း - ၄ (Eagle Force)၊ လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ (W.O.L.F)နှင့် မဟာမိတ်ပူးပေါင်းပြီး ဧပြီလ (၁၀) ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။   ဒေသခံများ၏ ပြောပြချက်အရ ကျောက်တိုင်ရဲစခန်း တိုက်ခိုက်မှုအတွင်း ဧပြီလ ၁၀ ရက်နေ့မှာ ရဲတပ်သား ဇင်ဘိုဘို အသက် (၃၀)…
Read More
ဗားရ်ကျေးရွာတိုက်ပွဲ စစ်ကောင်စီတပ်သား (၁၁) ဦးသေ (၁၄) ဦးအရှင်ဖမ်းမိ

ဗားရ်ကျေးရွာတိုက်ပွဲ စစ်ကောင်စီတပ်သား (၁၁) ဦးသေ (၁၄) ဦးအရှင်ဖမ်းမိ

RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် (၁၂) မိုင်ခန့်အကွာရှိ ဗားရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)က ယနေ့ နံနက် (၅) နာရီ (၃၀) မိနစ်ဝန်းကျင်မှစတင်တိုက်ခိုက်ရာ (၁) နာရီ (၃၀) မိနစ်ဝန်ကျင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၁) ဦးသေဆုံးကာ (၁၄) ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ လမ်းခု လတ်တွင် ဒဏ်ရာကြောင့် (၃) ဦးထပ်မံသေဆုံးကြောင်း CNO ကထုတ်ပြန်ထားသည်။ ဗားရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီတပ်သား (၂၅) ဦးသာရှိကြောင်း၊ တိုက်ပွဲအပြီး MA1 - (၃)လက်၊ MA2-(၁)လက်၊ MA3-(၂)လက်၊ MA 4-(၁) လက်၊ G3-(၁၂)လက်၊ ကျည်ဘောက်-(၂၀)၊ ၆၀…
Read More
စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် အပစ်မဲ့ပြည်သူများ သေဆုံး

စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် အပစ်မဲ့ပြည်သူများ သေဆုံး

RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။ တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ စာသင်ကျောင်းအနီး စစ်ကောင်စီတပ် လေကြောင်းမှ ယနေ့နံနက် ( ၁၁) နာရီခန့်က ဗုံး (၂) ကြိမ် ကြဲချသည့်အတွက် နေရာတွင် ပြည်သူ (၇) ဦးသေဆုံးပြီး၊ ဒဏ်ရာရရှိသူများပြားကြောင်း၊ ဒဏ်ရာရရှိသူများထဲတွင်လည်း သေဆုံးမှုများ ရှိနိုင်သေးသည်ဟု ဒေသခံတချို့ထံမှ သိရသည်။ #RedNewsAgency
Read More
ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း မဟာမိတ် (၈) ဖွဲ့ ပူးပေါင်းသဝဏ်လွှာပေးပို့

ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း မဟာမိတ် (၈) ဖွဲ့ ပူးပေါင်းသဝဏ်လွှာပေးပို့

RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။   ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့် အခမ်းအနားသို့ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့်၊ အခြေစိုက် မဟာမိတ် (၈) ဖွဲ့၏ ပေးပို့သည့်သဝဏ်လွှာတွင် ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှုနှင့် သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးအထူးသိနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။   NUG ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် နွေဦးတော်လှန်ရေးအတွင်းပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ မြောက်ပိုင်းညီနောင်မဟာမိတ်များ၊ နိုင်ငံရေးပါတီစသည့် အဖွဲ့အစည်းများက ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့်အတွက် သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။ (more…)
Read More
တာဝန်အသီးသီးထမ်းဆောင်နေသည့် ရဲဘော်ရဲမေများကို လေးနက်စွာ ဂါရဝပြုသည်ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောကြား

တာဝန်အသီးသီးထမ်းဆောင်နေသည့် ရဲဘော်ရဲမေများကို လေးနက်စွာ ဂါရဝပြုသည်ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောကြား

RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။   ဒုက္ခသုက္ခတွေကြား ဘဝကိုရင်းပြီး ယုံကြည်ချက်အပြည့်နှင့် တိုက်ပွဲဝင်ရန်အသင့်၊ တာဝန်အသီးသီးကို ထမ်းဆောင်နေသော ရဲဘော်ရဲမေများကို အလေးအနက် ဂါရဝပြုကြောင်း ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော် -AA (၁၄) နှစ်ပြည့်နေ့ မိန့်ခွန်းတွင် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားခဲ့သည်။   ၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့မှာ ကချင်ပြည်၊ ကချင်လွတ် လပ်ရေးအဖွဲ့(KIO) နယ်မြေ အတွင်း ရက္ခိုင့်တပ်တော် (AA)ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့်အတွက် ယနေ့ ၂၀၂၃ ခုနှစ် ဧပြီလ (၁၀) ရက်နေ့သည် ရက္ခိုင့်တပ်တော် (AA)၏ (၁၄) နှစ်မြောက်နေ့ဖြစ်ကြောင်း၊ NUG အပါအဝင် တော်လှန်ရေးအင်အားစု အသီးသီးကလည်း…
Read More
Cobra စစ်ကြောင်းထံ Venom စစ်ကြောင်းရှိ ရဲဘော်အားလုံး လာရောက်ပူးပေါင်း

Cobra စစ်ကြောင်းထံ Venom စစ်ကြောင်းရှိ ရဲဘော်အားလုံး လာရောက်ပူးပေါင်း

RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်အားကောင်းနေသည့် ဗိုလ်ဒါဘောဦးဆောင်သည့် Cobra စစ်ကြောင်းထံသို့ Venom စစ်ကြောင်းတစ်ကြောင်းလုံး ဧပြီလ ၆ ရက်နေ့က လာရောက်ပူးပေါင်းကြောင်း သိရသည်။ Venom စစ်ကြောင်းတစ်ကြောင်းလုံးသည် Cobra စစ်ကြောင်းထံသို့ လာရောက်ပူးပေါင်းခဲ့သည့်အတွက် ဗိုလ်ဒါဘောမှ ကော်ဘရာစစ်ဆင်ရေးမှူးအဖြစ် တာဝန်ယူကာ ကော်ဘရာစစ်ကြောင်း၏ ဖွဲ့စည်းပုံအား စစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) ဟူ၍ ပြန်လည်ဖွဲ့စည်းထားသည်ဟု Cobra စစ်ကြောင်းမှ ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
မီဇိုရမ်ပြည်နယ်သား (၃) ဦးသတ်ဖြတ်ခံရမှုအတွက် ကျူးလွန်သူဟု ယူဆရသူများကို CDF – Mindat ဖမ်းဆီးရမိ

မီဇိုရမ်ပြည်နယ်သား (၃) ဦးသတ်ဖြတ်ခံရမှုအတွက် ကျူးလွန်သူဟု ယူဆရသူများကို CDF – Mindat ဖမ်းဆီးရမိ

RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။ အိန္ဒိယနိုင်ငံ၊ မီဇိုရိမ်ပြည်နယ်သား (၃) ဦး ချင်းပြည်နယ်အတွင်း အသတ်ခံရမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆရသူများကို လုံလောက်သော သက်သေအထောက်အထားများနှင့်တကွ ဖမ်းဆီးရမိပြီဟု CDF - Mindat ကယနေ့ ထုတ်ပြန်ထားသည်။ မြန်မာ-အိန္ဒိယ နယ်စပ် မြန်မာဘက်ခြမ်း ချင်းပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့က မီဇိုရိမ်ပြည်နယ်သား (၃) ဦး သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။ (more…)
Read More