၁၁၁၁ စစ်ဆင်ရေး လွိုင်ကော်နှင့် မိုးဗြဲ ဖယ်ခုံတို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် အသေအဆုံးများနေ

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။
မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်နေရေးဖော်ဆောင်ချိန်တွင်း ထပ်မံပေါ်ပေါက်လာသည့် ကရင်နီပြည် တော်လှန်ရေးအင်အားစုများ၏ ၁၁၁၁ ( တစ်လေးလုံး) စစ်ဆင်ရေးအတွင်း လွိုင်ကော်နှင့် မိုးဗြဲ ဖယ်ခုံတို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ အသေအဆုံးများနေကြောင်း သိရသည်။
လွိုင်ကော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့်အတွက် စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး လေကြောင်းပစ်ကူများ ပစ်ခတ်နေသည့်အတွင်းမှ တော်လှန်ရေးအင်အားစုများက လွိုင်ကော်တက္ကသိုလ်တိုက်ပွဲ အောင်နိုင်မှုရရှိခဲ့ပြီးစစ်ကောင်စီတပ်မှ ၁၀၀ ကျော်သေဆုံးကာ လက်နက်ချအညံ့ခံမှုများရှိခဲ့သည်။

စစ်ကောင်စီတပ် တနှစ်ကျော်ကြာ တပ်စွဲထားသည့် စက်တော်ရာတောင်ကုန်းတွင် နေရာယူထားသော မိုးဗြဲအခြေစိုက် ခမရ ၅၁၈ ကို နိုဝင်ဘာလ (၁၅) ရက်နေ့ နေ့လယ်မိုင်းက တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မိုးဗြဲ ဖယ်ခုံ ဒေသတွင် နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်သည့် ၁၁၁၁ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သည့် ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း၃၊ ပွဲကုန်း၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား၂ ကျေးရွာဒေသများအတွင်း တပ်စွဲထားသောခြေကုပ် စခန်း (၈) ခုအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
#RedNewsAgency
By Editor