Joe Biden

အမေရိကန်နှင့်တရုတ် အဆင့်မြင့်စစ်ဘက်ဆိုင်ရာဆက်ဆံရေးပြန်လည်စတင်မည်

အမေရိကန်နှင့်တရုတ် အဆင့်မြင့်စစ်ဘက်ဆိုင်ရာဆက်ဆံရေးပြန်လည်စတင်မည်

မောင်လူအေး(လှည်းတန်း)/RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ််။ အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံ အဆင့်မြင့်စစ်ဘက်ဆိုင်ရာဆက်ဆံရေး ပြန်လည်စတင်ရန် သမ္မတ Joe Biden နှင့် သမ္မတ Xi Jinping တို့ နိုဝင်ဘာ ၁၅ ရက်က သဘောတူညီခဲ့ကြသည်။ အမေရိကန် သမ္မတ Joe Biden နှင့် တရုတ်သမ္မတ Xi Jinping ထိပ်သီးခေါင်းဆောင် နှစ်ဦီီီီးသည် ဆန်ဖရန်စစ္စကို (San Francisco) မြို့ တောင်ဘက်ရှိ သမိုင်းဝင် Filoli စံအိမ်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုအတွင်း သဘောတူညီခဲ့ကြသည်ဟု သိရသည်။ "တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနဲ့ တည်ငြိမ်ခိုင်မာ၍ ရေရှည်တည်တံ့သော ဆက်ဆံရေး ထားရှိဖို့ အစဉ်အမြဲ ကတိပြုထားပါတယ်၊…
Read More
တရုတ် – အမေရိကန်ဆက်ဆံရေး ပိုမိုကောင်််းမွန်အောင် ကြိုးစားမည်ဟု အမေရိကန်သမ္မတ Biden ပြော

တရုတ် – အမေရိကန်ဆက်ဆံရေး ပိုမိုကောင်််းမွန်အောင် ကြိုးစားမည်ဟု အမေရိကန်သမ္မတ Biden ပြော

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၃ ခုနှစ်။ အမေရိကန် သမ္မတ Joe Biden က တရုတ်နှင့် အမေရိကန်နိုင်ငံတို့၏ ဆက်ဆံရေး ပိုမိုကောင်းမွန်စေမည့် အလှည့်အပြောင်းဖြစ်ပေါ်ရေးကြိုးစားသွားမည်ဟု ဆန်ဖရန်စစ္စကို မသွားခင် အိမ်ဖြူတော်မှာ သတင်းထောက်တွေကို နိုဝင်ဘာ ၁၄ ရက်နေ့က ပြောကြားထားသည်။ တရုတ်သမ္မတ Xi Jinping သည် အမေရိကန်သမ္မတ Joe Biden နှင့် တွေ့ဆုံဆွေးနွေးရန်နှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အစည်းအဝေး တက်ရောက်ရန် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့သို့ နိုဝင်ဘာ ၁၄ ရက်က ရောက်ရှိလာခဲ့သည်ဟု သိရပါတယ်။ တရုတ်သမ္မတ Xi Jinping ကို ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom ၊…
Read More
တရုတ်-အမေရိကန် ဘုံအကျိုးစီးပွား စိန်ခေါ်မှုများကို ရင်ဆိုင်ရန် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ပြော

တရုတ်-အမေရိကန် ဘုံအကျိုးစီးပွား စိန်ခေါ်မှုများကို ရင်ဆိုင်ရန် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ပြော

မောင်လူအေး(လှည်းတန်း)_RNA_အောက်တိုဘာ(၂၈)၊၂၀၂၃ ခုနှစ်။ တရုတ်-အမေရိကန် နှစ်နိုင်ငံသည် ကွဲလွဲမှု၊ သဘောထားမတိုက်ဆိုင်မှုများရှိသည့် တစ်ချိန်တည်းတွင် နှစ်နိုင်ငံ၌ အဓိကဘုံအကျိုးစီးပွားများ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ရန်လိုအပ်ပြီး တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု အောက်တိုဘာ ၂၆ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ သတင်းမီဒီယာတွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောကြားထားသည်။ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၂၆ ရက်မှာ ဝါရှင်တန်ဒီစီကို ရောက်ရှိလာပြီး နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi ၏…
Read More
အစ္စရေးနှင့် ယူကရိန်းတို့ကို ‌ဒေါ်လာဘီလီယံများစွာ စစ်ရေးအကူညီများပေးမည်ဟု အမေရိကန်သမ္မတ Joe Biden ပြောကြား

အစ္စရေးနှင့် ယူကရိန်းတို့ကို ‌ဒေါ်လာဘီလီယံများစွာ စစ်ရေးအကူညီများပေးမည်ဟု အမေရိကန်သမ္မတ Joe Biden ပြောကြား

RNA_အောက်တိုဘာ(၂၀)၊၂၀၂၃ခုနှစ်။ စစ်မက်ဖြစ်ပွားနေသည့ အစ္စရေးနှင့် ယူကရိန်းစစ်ပွဲတို့အတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ စစ်ရေးအကူအညီများကို ပေးမည်ဟု အမေရိကန် သမ္မတ Joe Bidenက အိမ်ဖြူတော်ဘဲဥပုံရုံးခန်းကနေ ယမန်နေ့က အမေရိကန်လူထုကို နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် တိုက်ရိုက်‌ထည့်သွင်း ပြောကြားခဲ့သည်။ အမေရိကန်များ၏ ခေါင်းဆောင်မှုနှင့်အတူ ကမ္ဘာကြီးကို အတူတကွ ထိန်းသိမ်းကြမည်ဖြစ်ကြောင်း၊ ယခုဖြစ်ပွားနေသည့် ပဋိပက္ခများဝေးနေသေးတယ်လို့ ထင်ရကြောင်း၊ အမေရိကန်များအတွက် အမျိုးသားလုံခြုံရေးသည် တကယ်ကို မရှိမဖြစ်လိုအပ်ကြောင်း၊ အစ္စရေးနှင့်ယူကရိန်း နှစ်နိုင်ငံအတွက် စစ်ရေးအကူညီတွေပေးဖို့အတွက် ကွန်ဂရက်လွှတ်တော်ကို ဘီလီယံပေါင်းများစွာ တောင်းခံထားသည်ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။ (more…)
Read More
ဂါဇာ ဆေးရုံတခုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀၀ ခန့်သေဆုံး

ဂါဇာ ဆေးရုံတခုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀၀ ခန့်သေဆုံး

RNA_အောက်တိုဘာ(၁၈)၊၂၀၂၃ ခုနှစ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (Joe Biden)က အစ္စရေးအပါဝင် အာရပ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် သွားဖို့ ပြင်ဆင်နေချိန် အင်္ဂါနေ့ညပိုင်းက ဂါဇာရှိဆေးရုံတခုမှာပြင်းထန်သည့် ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀၀ ခန့် သေဆုံးခဲ့သည်ဟု ဟားမတ်စ်အဖွဲ့ ကျန်းမာရေးအဖွဲ့က ပြောကြားထားသည်။ ဆေးရုံဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဟားမတ်စ်အဖွဲ့က အစ္စရေး လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စွပ်စွဲအပြစ်တင်ထား‌ကြောင်း၊ အစ္စရေးဘက်ကလည်း အခြားသော ပါလက်စတိုင်း စစ်သွေးကြွများ၏ ဒုံးကျည်တစ်စင်း မှားယွင်းပစ်ခတ်ခဲ့မှုဟု ပြောဆိုထားသည်။ Ref : AP Red News Agency
Read More