Tag: တောင်ပိုင်းတိုင်းစစ်ဌာန

  • ခမရ (၃၅၁) တပ်ရင်း အခြေစိုက် ကျားချောင်းရွာအနီး စခန်းကို KNLA၊ BPLA နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်

    ခမရ (၃၅၁) တပ်ရင်း အခြေစိုက် ကျားချောင်းရွာအနီး စခန်းကို KNLA၊ BPLA နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်

    RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။
    ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျားချောင်းရွာအနီးရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ခမရ(၃၅၁) တပ်ရင်း အခြေစိုက်ရာ တောင်ခြေရင်းစခန်းတစ်ခုကို နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)တို့ပါဝင်သော မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
    စစ်ကောင်စီတပ်ခန်း တိုက်ခိုက်ရာ မိနစ် (၂၀) အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံများ စခန်းစွန့်ခွါ ထွက်ပြေးကြကြောင်း၊ စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းစဉ် ၆၀မမ ၁လက်၊ ၆၀မမ ဗုံးသီး ၅၂လုံး၊ Jumper ၁ခု၊ စကားပြောစက်အကြီး ၁လုံး၊ အီနာဂါ ၁၃လုံး၊ လက်ပစ်ဗုံး ၂၀လုံး၊ RPGသီး ၂၂လုံး၊ RPG ပို့ယမ်း ၁၆ခု၊ တင့်ဖျက် ၃ခု၊ ၄၀ မမသီး ၁၂လုံး၊ မြေမြှုပ်မိုင်း ၉လုံး နှင့် ၅.၅၆ကျည် ၁၁၂၈တောင့်တို့ သိမ်းဆည်းရမိသည်ဟု BPLA ကထုတ်ပြန်ထားသည်။
    BPLA သည် စစ်အာဏာရှင်အမြစ်ဖြတ်နိုင်ရေးအတွက် တောင်ပိုင်း အမှတ် (၁၀၇)စစ်ဒေသနှင့် မြောက်ပိုင်း အမှတ် (၂၀၃)စစ်ဒေသတို့တွင် မဟာမိတ်များနှင့်အတူ ညီညွတ်စွာ ပူးပေါင်းတိုက်ခိုက်လျက်ရှိကြောင်း လေးစားစွာအသိပေးထုတ်ပြန်ထားသည်။
    #RedNewsAgency

  • အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့သည့် အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ

    အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့သည့် အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ

    RNA_ဖေဖော်ဝါရီ (၁၂)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ – NUG တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် – ၄ သင်တန်းဆင်းပွဲအား KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပခဲ့ရာ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

    ” သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးချုပ်နှင့် စစ်တိုင်းတာဝန်ခံများ၊ ဌာနအသီးသီးမှတာဝန်ရှိသူများ၊ နယ်မြေခံ ERO မဟာမိတ်ခေါင်းဆောင်များ၊ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြသည်” ဟု NUG – MOHAI က ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ကျားဖြူစစ်ကြောင်း၊ တပ်ခွဲ(၃)မှ တပ်သား Khaing Lin Htut (ခေါ်) အဓိပတိကို တပ်ပြေးအဖြစ် ကြေညာ

    ကျားဖြူစစ်ကြောင်း၊ တပ်ခွဲ(၃)မှ တပ်သား Khaing Lin Htut (ခေါ်) အဓိပတိကို တပ်ပြေးအဖြစ် ကြေညာ

    RNA_စက်တင်ဘာ(၂၆)၊၂၀၂၂ခုနှစ်။

    တောင်ပိုင်းတိုင်းစစ်ဒေသ၊ ကျားဖြူစစ်ကြောင်း၊ တပ်ခွဲ (၃)တွင်တာဝန်ထမ်းဆောင်လျှက်ရှိသော တပ်သား Khaing Lin Htut (ခေါ် ) အဓိပတိကို တပ်ပြေးအဖြစ် ယနေ့ ထုတ်ပြန်ကြေညာထားသည်။

    (more…)