Tag: ကိုးကန့် အထူး ဒေသ

  • စစ်အုပ်စုလောင်းရိပ်အောက်မှ စွမ်းအားကြီးလာသည့် “နတ်ဆိုး ဧကရီ” မင်ကျင်ကျင်

    စစ်အုပ်စုလောင်းရိပ်အောက်မှ စွမ်းအားကြီးလာသည့် “နတ်ဆိုး ဧကရီ” မင်ကျင်ကျင်

    “သူမသည် နိုင်ငံခြားမှရရှိခဲ့သည့် နည်းပညာအသိအမြင်ကို အသုံးချခဲ့သည်။ အရင်းအမြစ်တစ်ခုအရ သူမသည် စင်္ကာပူတက္ကသိုလ်တွင် တွေ့ဆုံခဲ့သော ကွန်ပျူတာသိပ္ပံကျောင်းသားဟောင်း (ဟက်ကာ) တစ်ဦးနှင့်ပူးပေါင်းကာ “တစ်ကြိမ်တည်းဖြင့်လူတစ်သောင်းကျော်၏ အချက်အလက်များကို ထိန်းချုပ်နိုင်သည့်” ဝှက်စာဖြင့်ဆက်သွယ်သည့်စနစ် (Encrypted Communication System) ကို တည်ဆောက်စေခဲ့သည်”

    ရန်နိုင်

    မြန်မာနိုင်ငံမြောက်ပိုင်း၊ ကိုးကန့်ဒေသမှ နာမည်ဆိုးဖြင့် ကျော်ကြားသည့် မင်မိသားစု ရာဇဝတ်ဂိုဏ်း၏ အဓိကခေါင်းဆောင်တစ်ဦးဖြစ်သူ “မင်ကျင်ကျင်” (Ming Zhenzhen) ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ဝမ်ကျိုးမြို့မှ သေဒဏ်ချမှတ်ခဲ့သည်။ သူမသည် လိမ်လည်မှု ရည်ရွယ်ချက်ရှိရှိလူသတ်မှု နှင့် အခြားပြစ်မှု ၁၄ မျိုးဖြင့် စီရင်ခံရခြင်းဖြစ်သည်။

    “မင်ကျင်ကျင်”၏ ဘဝဇာတ်ကြောင်းကို စိစစ်ကြည့်မည်ဆိုပါက တကယ့်ကို ထက်မြက်ပြီး စွမ်းဆောင်ရည်မြင့်မားသူ တစ်ဦးဖြစ်ကြောင်း တွေ့ရမည်ဖြစ်သော်လည်း သူမ၏ထက်မြတ်သည့် အရည်အချင်းများအားလုံးကို ကျားဖြန့်ရာဇဝတ်ဂိုဏ်းများအတွက်သာ အသုံးပြုသွားနိုင်ခဲ့သည်။

    ကျားဖြန့်ရာဇဝတ်ဂိုဏ်းကို လွယ်လွယ်ကူကူလုပ်ကိုင်ခွင့်ပေးခဲ့သည့် မြန်မာစစ်အာဏာရှင်တို့၏ ပယောဂမကင်းမှုကြောင့် ရာဇဝတ်သားဘဝဖြင့်အဆုံးသတ်ခဲ့ရသည်။ ကျားဖြန့်ရာဇဝတ်ဂိုဏ်း များကိုခွင့်ပြုပေးထားသည့် နိုင်ငံရေးပတ်ဝန်းကျင်ကြောင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်ဧကရီ တယောက်အဖြစ်သို့ ပြောင်းလဲခဲ့ရသည်။

    (more…)

  • စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းပြီးနောက် ချုံကန်ဒေသနှင့် မော်ထိုက်ဒေသကို MNDAA ပြန်လည်သိမ်းပိုက်

    စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းပြီးနောက် ချုံကန်ဒေသနှင့် မော်ထိုက်ဒေသကို MNDAA ပြန်လည်သိမ်းပိုက်

    RNA_နိုဝင်ဘာ(၂၁)၊၂၀၂၃ခုနှစ်။
    မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ခရိုင် ဟုန်ရှင်းဒေသရှိ ချုံကန်နှင့် မော်ထိုက်ဒေသတို့တွင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရှင်းလင်းပြီးနောက် MNDAA ကပြန်လည်သိမ်းပိုက်ပြီး အုပ်ချုပ်ရေးနှင့်တည်ဆောက်ရေးကိစ္စများ လုပ်ဆောင်နေကြောင်း သိရသည်။
    ကိုးကန့်ခရိုင်အတွင်း စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရှင်းလင်းနေရသည့် ဒေသများသည် ယခင် MNDAA စိုးမိုးနယ်မြေများဖြစ်ကြောင်း၊ ယခု ပြန်လည်သိမ်းပိုက်ပြီး တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်စဉ် ဒေသခံလူထုသည် MNDAA တပ်ဖွဲ့ဝင်များကို လှိုက်လှဲစွာဆိုကြိုကြသည်ဟု ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားသည်။

    (more…)

  • ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်ပြီး တပ်ရင်းတရင်းလုံး ပြည်သူ့ရင်ခွင်ခိုလှုံ

    ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်ပြီး တပ်ရင်းတရင်းလုံး ပြည်သူ့ရင်ခွင်ခိုလှုံ

    RNA_နိုဝင်ဘာ(၁၄)၊ ၂၀၂၃ ခုနှစ်။

    ကိုးကန့် အထူး (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းတစ်ခုဖြစ်သော စစ်ကောင်စီတပ် ဒကစ (လောက်ကိုင်) လက်အောက်ခံတပ်ရင်း ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံး ညီနောင်မဟာမိတ် ၃ ဖွဲ့ထံဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း သိရသည်။

    ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့၊ ညနေ (၈) နာရီ (၃၀) မိနစ်အချိန်တွင် ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံး နှင့် တပ်မိသားစုဝင်များအားလုံးကို ခေါ်ဆောင်ကာ မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ထံသို့ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်အတွင်း ဝင်ရောက်လာကြသူ တစ်ဦးချင်းစီအား မြန်မာကျပ်ငွေ (၁၀ သိန်း)၊ မိသားစုဝင်တစ်ဦးချင်းစီအား တစ်ဦးလျှင် (၁) သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့ပါသည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

    (more…)