News

ဆရာဝန်၊ဆရာမတို့ကို​ လေယာဉ်ဖြင့်ဖမ်းဆီး၊ ပြည်သူ (၁၄)ဦးကို မြေပြင်စစ်ကြောင်းကဖမ်းဆီး

ဆရာဝန်၊ဆရာမတို့ကို​ လေယာဉ်ဖြင့်ဖမ်းဆီး၊ ပြည်သူ (၁၄)ဦးကို မြေပြင်စစ်ကြောင်းကဖမ်းဆီး

ဆရာဝန်၊ဆရာမတို့ကို​ လေယာဉ်ဖြင့်ဖမ်းဆီး၊ ပြည်သူ (၁၄)ဦးကို မြေပြင်စစ်ကြောင်းကဖမ်းဆီး   RNA_ဧပြီ(၂၀)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျည်းကန်ကျေးရွာကို စစ်ကောင်စီတပ် လေယာဉ်သုံးစီးဖြင့် ပစ်ခတ်ခတ်ဝင်ရောက်စီးနင်းပြီး ဆရာဝန်တဦးနှင့် ဆရာမတဦးကို လေယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒေသခံပြည်သူ (၁၄) ဦးကို မြေမြင်စစ်ကြောင်းက ဖမ်းဆီးသွားကြောင်း Myaing Villages Revolution Front ထံမှ သိရသည်။ [embedyt] https://www.youtube.com/watch?v=NVRkhdO-6Ys[/embedyt]   မကျည်းကန်ကျေးရွာကို ဧပြီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်လေကြောင်းမှပစ်ခတ်ဝင်စီးပြီး အသက် (၁၅) နှစ်အရွယ် မောင်ဖြိုးထက်မောင်ကို သတ်ဖြတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် တပ်စွဲအထိုင်ချနေစဉ် မန်ကျည်းကန်ဆေးရုံအတွင်းရှိ ဆေးခန်းအဆောင်တစ်ခု၊ နေအိမ် ၃လုံး၊ ဆိုင်ကယ်အစီး၅၀…
Read More
ခင်ဦးမှာ စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲဖြစ် PDF (၅) ဦးကျ၊ ဒေသခံပြည်သူ (၅) ဦးဖမ်းဆီးခံရ

ခင်ဦးမှာ စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲဖြစ် PDF (၅) ဦးကျ၊ ဒေသခံပြည်သူ (၅) ဦးဖမ်းဆီးခံရ

RNA_ဧပြီ(၁၉)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦး-မုံရွာရထားသံလမ်းဘေးရှိ မြကန်ကျေးရွာအတွင်းသို့ ယနေ့ နံနက် (၆) နာရီဝန်းကျင်က စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် (၅) ဦးကျဆုံးပြီး၊ ပြည်သူ (၅) ဦးဖမ်းဆီးခံရကာ ဒေသခံ ပြည်သူ အများအပြား စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။   "မြကန်ကျေးရွာအတွင်းသို့ လက်နက်ကြီးငယ် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဒေသခံကာကွယ်ရေးများနှင့် အပြန် အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကာ မိုင်းခွဲ၍ ပြန်အဆုတ်တွင် ပိတ်မိကာ ကာကွယ်ရေးရဲဘော်များဖြစ်သော ( ၁) ရဲဘော်တရုတ်ကြီး(၂)ရဲဘော်မိုးဟိန်း(၃)ရဲဘောဖိုးကျော် (၄) ရဲဘော်ကိုနောင် (၅) ရဲဘော်ကျော်နိုင်တို့ ကျဆုံးခဲ့ရသလို ဒေသခံ အမျိုးသားပြည်သူ (၅) ဦး…
Read More
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနား အမှတ်(၂၀၃) စစ်ဒေသတွင် ကျင်းပပြုလုပ်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနား အမှတ်(၂၀၃) စစ်ဒေသတွင် ကျင်းပပြုလုပ်

RNA_ဧပြီ(၁၉)၊၂၀၂၃ ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနားကိုရှမ်းမြောက်ရှိ အမှတ်(၂၀၃) စစ်ဒေသတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဧပြီလ (၁၇) ရက်နေ့သည် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်တည်ထောင်ခြင်း (၂)နှစ်ပြည့်မြောက်နေ့ ဖြစ်ကြောင်း၊ KNU/KNLA တပ်မဟာ (၅) နယ်မြေရှိ အမှတ် (၁၀၇) စစ်ဒေသနှင့် ရှမ်းမြောက်ရှိ အမှတ် (၂၀၃) စစ်ဒေသတို့တွင် BPLA ရဲဘော်များက အခမ်းအနားများပြုလုပ်ခဲ့ကြသည်။ (more…)
Read More
စစ်ကောင်စီလက်အောက်ခံစခန်းအား တာဝေးပစ်လက်နက်များဖြင့် ပစ်ခတ်

စစ်ကောင်စီလက်အောက်ခံစခန်းအား တာဝေးပစ်လက်နက်များဖြင့် ပစ်ခတ်

RNA_ဧပြီ(၁၉)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ် လက်လောက်ခံ စခန်းတခုအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဧပြီလ (၁၈) ရက်နေ့ ညနေ (၆) နာရီ (၄၁) မိနစ်ခန့်က ၈၀ မမ ဖြင့် (၃) ကြိမ်၊ ၆၀ မမ ဖြင့် (၄) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People's Defence Force Myinmu မှ ထုတ်ပြန်ထားသည်။ မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ စခန်းတခုကို People's Army To Fight Dictatorship(PAFD) တပ်ခွဲ DK PDF-MMU၊ People's Knight Defence Force…
Read More
အနောက်ပိုင်းတိုင်း တပ်ရင်း (၇၀၃)နှင့် ချင်းအမျိုးသားတပ်မတော်တို့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

အနောက်ပိုင်းတိုင်း တပ်ရင်း (၇၀၃)နှင့် ချင်းအမျိုးသားတပ်မတော်တို့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

RNA_ဧပြီ(၁၇)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မဟာ (၇) လက်အောက်ခံတပ်ရင်း (၇၀၃) နှင့် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်( CNF/CNA)တို့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ "ထိုသဘောတူစာချုပ်အရ အနောက်ပိုင်းတိုင်းတပ်ရင်း (၇၀၃)သည် တော်လှန်ရေးကို အရှိန်မြင့်တင်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများကို အသိပေး သတင်းထုတ်ပြန်အပ်ပါသည်" ဟု တပ်ရင်း (၇၀၃)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့်စစ်ကောင်စီတပ်ကို တိုက်ခိုက်

ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့်စစ်ကောင်စီတပ်ကို တိုက်ခိုက်

ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့် ဘုန်းမကြီးကင်းကျေးရွာတွင် တပ်စွဲနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်   RNA_ဧပြီ(၁၆)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ အစုလိုက်အပြုံလိုက် သတ်ခံရမှုအတွက် လက်တုန့်ပြန်သည့်အနေဖြင့် မြင်းမူမြို့နယ်၊ ဘုန်းမကြီးကင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် အင်အား (၈၅) ဦးခန့်ပါ စစ်ကြောင်းကို ယနေ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်လုပ် ၈၀ မမဖြင့် (၈) ကြိမ်၊ ၆၀ မမ ဖြင့် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People's Defence Force Myinmu ကယနေ့ ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။ [embedyt] https://www.youtube.com/watch?v=NgLYdnoSY6k[/embedyt]   “ကန့်ဘလူမြို့နယ်၊…
Read More
အကြတ်နေ့လည်း ရပ်ကွက်များအတွင်း ရေကစားပျော်ပါးသူ နည်းပါးပြီး တိတ်ဆိတ်နေ

အကြတ်နေ့လည်း ရပ်ကွက်များအတွင်း ရေကစားပျော်ပါးသူ နည်းပါးပြီး တိတ်ဆိတ်နေ

RNA_ဧပြီ(၁၅)၊၂၀၂၃ ခုနှစ်။   ရန်ကုန်တိုင်းအတွင်း မြို့နယ်များမှ ပြည်သူများသည် စစ်ကောင်စီပြုလုပ်သည့် သင်္ကြန်အကြတ်နေ့ ယနေ့ နံနက်ပိုင်းတွင် ရေကစား ပျော်ပါးသူနည်းပါးပြီး တိတ်ဆိတ်နေကြောင်း တွေ့ရှိရသည်။ သင်္ကြန်အကြတ်နေ့ ရောက်ပြီဖြစ်သော်လည်း ရန်ကုန်ရှိ မြို့နယ်ရပ်ကွက်များထဲတွင် ရေကစားသူနည်းပါးပြီး စစ်ကောင်စီကို ဆန့်ကျင်နေကြကြောင်း မြို့ခံများက ပြောသည်။ (more…)
Read More
စစ်ကောင်စီပြုလုပ်သည့် ပြည်သူ့ရင်ပြင် သင်္ကြန် စည်ကားရေး လာရောက်သူများကို ဒံပေါက်ဝေ

စစ်ကောင်စီပြုလုပ်သည့် ပြည်သူ့ရင်ပြင် သင်္ကြန် စည်ကားရေး လာရောက်သူများကို ဒံပေါက်ဝေ

RNA_ဧပြီ(၁၅)၊၂၀၂၃ ခုနှစ်။   ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်၊ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနေသည့် စစ်ကောင်စီပြုလုပ် သင်္ကြန်တွင် ပြည်သူများ ပူးဆောင်ဆောင်ရွက်မှုမရှိသည့်အတွက် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် သင်္ကြန်ပွဲ လူများလာရောက် စည်ကားစေရေး ဒံပေါက်ဝေပေး‌နေရကြောင်း သိရသည်။   ပြည်သူရင်ပြင် ညာဘက် အဝင်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်သားများနှင့် ရဲများက လာရောက်သူများ၏ ဖုန်း၊ စီးကရက်ဘူး၊ အိတ်တို့ကို စစ်ဆေးမှုများ အထူးတင်းကြပ်လုပ်ဆောင်နေပြီး၊ ကားများကိုလည်းတစ်စီးချင်း အစစ်အဆေးကြမ်းလျက်ရှိကြောင်း၊ ပစ်ခတ်သတ်ဖြတ်ရန် အသင့်အနေအထား လုပ်ဆောင်ထားသည်။ (more…)
Read More
သဲဖြူကျေးရွာ အထိုင်ချနေသည့် စစ်ကောင်စီတပ် တိုက်ပွဲအတွင်း (၂၀) ကျော်သေဆုံးနိုင်ဟု ခန့်မှန်း 

သဲဖြူကျေးရွာ အထိုင်ချနေသည့် စစ်ကောင်စီတပ် တိုက်ပွဲအတွင်း (၂၀) ကျော်သေဆုံးနိုင်ဟု ခန့်မှန်း 

RNA_ဧပြီ(၁၄)၊၂၀၂၃ ခုနှစ်။ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သဲဖြူကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၂၀) ကျော်သေဆုံးနိုင်ကြောင်း People Defense Wrganization - Tanintharyi Division က ခန့်မှန်းထားသည်။ စစ်ကောင်စီတပ်သည် သဲဖြူကျေးရွာသို့မတ်လ (၂၈) ရက်နေ့က စတင်ပြီး စစ်ကြောင်းထိုးရောက်ရှိကာ ယာယီတပ်စွဲနေထိုင်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်း မဟာမိတ်တပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ဧပြီလ (၁၂)ရက်နေ့တွင် စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွါသွားကြောင်း၊ နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းတချို့နှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။ (more…)
Read More
ပြည်သူတဦးကို ခေါ်ယူရိုက်နှက် သတ်ဖြတ်ခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ လက်တုန့်ပြန်မည်

ပြည်သူတဦးကို ခေါ်ယူရိုက်နှက် သတ်ဖြတ်ခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ လက်တုန့်ပြန်မည်

RNA_ဧပြီ(၁၄)၊၂၀၂၃ ခုနှစ်။   ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတဦးကို ခေါ်ယူဆုံးမသည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ရိုက်နှက်ရာမှ သေဆုံးသွားခဲ့ရသည့်ကိစ္စအတွက် ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ လက်တုန့်ပြန်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။   မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်အတွင်းနေထိုင်သည့် ကိုဖိုးအောင် (ခ) ကိုအောင်ဖြိုးဝေအား ဧပြီလ (၇) ရက်နေ့ နေ့လည်က ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဇနီးဖြစ်သူက တိုင်ထားသည့်အတွက်ဟုဆိုကာ လာခေါ်ပြီး ရိုက်နှက်ကြကြောင်း၊ စစ်ကောင်စီလက်အောက်ခံ (ဌ) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၏ ရိုက်နှက်မှုကြောင့် ကိုဖိုးအောင်သည် ဧပြီလ ၁၃ ရက်နေ့ ညနေ (၅) နာရီ (၁၀) မိနစ်ခန့်က ကွယ်လွန်ခဲ့ရသည့်အတွက် ယနေ့ (ဧပြီ ၁၄ ရက်)…
Read More