တရုတ် – အမေရိကန်ဆက်ဆံရေး ပိုမိုကောင်််းမွန်အောင် ကြိုးစားမည်ဟု အမေရိကန်သမ္မတ Biden ပြော

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၃ ခုနှစ်။
အမေရိကန် သမ္မတ Joe Biden က တရုတ်နှင့် အမေရိကန်နိုင်ငံတို့၏ ဆက်ဆံရေး ပိုမိုကောင်းမွန်စေမည့် အလှည့်အပြောင်းဖြစ်ပေါ်ရေးကြိုးစားသွားမည်ဟု ဆန်ဖရန်စစ္စကို မသွားခင် အိမ်ဖြူတော်မှာ သတင်းထောက်တွေကို နိုဝင်ဘာ ၁၄ ရက်နေ့က ပြောကြားထားသည်။
တရုတ်သမ္မတ Xi Jinping သည် အမေရိကန်သမ္မတ Joe Biden နှင့် တွေ့ဆုံဆွေးနွေးရန်နှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အစည်းအဝေး တက်ရောက်ရန် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့သို့ နိုဝင်ဘာ ၁၄ ရက်က ရောက်ရှိလာခဲ့သည်ဟု သိရပါတယ်။
တရုတ်သမ္မတ Xi Jinping ကို ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom ၊ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Janet Yellen နှင့် အမေရိကန်ထိပ်တန်း တာဝန်ရှိသူတွေက ဆန်ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ကမ္ဘာ့ထိပ်တန်းစူပါပါဝါ ခေါင်းဆောင်နှစ်ဦးဖြစ်သည့် အမေရိကန်သမ္မတ Joe Biden နှင့် တရုတ်သမ္မတ Xi Jinping တို့သည် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာတွင် နိုဝင်ဘာ ၁၅ ရက်နေ့က သမိုင်းဝင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

အမေရိကန်သမ္မတ Joe Biden နှင့် တရုတ်သမ္မတ Xi Jinping တို့၏ ထိပ်သီးအစည်းအဝေးမှာ အရှေ့အလယ်ပိုင်းပဋိပက္ခ၊ ရုရှား၏ယူကရိန်းကျူးကျော်မှုစစ်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့၏ဆက်ဆံရေး၊ ထိုင်ဝမ်အရေး၊ လူ့အခွင့်အရေး၊ ဉာဏ်ရည်တုနည်းပညာ၊ ကုန်သွယ်ရေးနှင့်စီးပွားရေး ဆက်ဆံရေးမှာ မျှတမှုရှိစေဖို့ အကြောင်းတွေ ဆွေးနွေးကြမည်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
Ref-Reuters- AP
By Editor