” နေ့ဘက် Drone ရန်ကာကွယ်ရန်၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုများကို ကာကွယ်ရန်အတွက် ညတိုက်ပွဲဗျူဟာကိုပြောင်းလဲအသုံးပြုလာရခြင်းဖြစ်ပါသည်။ ထို့အပြင် ယခင်လို တိုင်းရင်းသာလက်နက်ကိုင်စခန်းများနှင့် PDFစခန်းများကို နေ့အချိန်စစ်ကြောင်းထိုး တိုက်ခိုက်လာခြင်းများမပြုလုပ်တော့ဘဲ လေကြောင်းဖြင့်သာ ညဘက်တိုက်ခိုက်”
Category: သဘောထားအမြင်
-

စစ်ကောင်စီတပ် ပြောင်းလဲလာသည့် စစ်ရေးဗျူဟာ
အောင်ဇေစစ်တပ်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများတိုက်ခိုက်လာသည်မှာ သာမန်ရိုကျတိုက်ပွဲများနှင့် သာမန်ရိုးကျစစ်နည်းဗျူဟာများဖြင့်သာ တိုက်ခိုက်လာခဲ့ပါသည်။ ယခုအခါ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ် အာဏာသိမ်းပြီသည်နောက်ပိုင်းတွင် ယခင် ရင်းသားလက်နက်ကိုင်များသာမက ဒေသကာကွယ်ရေးတပ်များနှင့် PDFရဲဘော်များကိုပါ တိုက်ခိုက်လာရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့တိုက်ခိုက်လာရသော စစ်တပ်သည် ယခင် တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်သလ်ို သာမန်ရိုးကျတိုက်ပွဲ သာမန်ရိုးကျ ဗျူဟာများကို အသုံးပြု တိုက်ခိုက်၍ မရတော့ဘဲ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း နည်းဗျူဟာနှင့် ညဘက်ချီတက်တိုက်ခိုက်ခြင်း နည်းဗျူဟာ (ညတိုက်ပွဲ)များကို ပြောင်းလဲ ကျင့်သုံးလာသည်ကို တွေ့ရှိရသည်။စစ်ကောင်စီတပ် တိုက်ပွဲပုံသဏ္ဍာန် ဘာ့ကြောင့် ပြောင်းလဲလားသလဲဆိုတော့ ဒေသကာကွယ်ရေးတပ်များနှင့် PDFတိုက်ခိုက်ရေးရဲဘော်များ၏ ဘယ်အချိန် ဘယ်နေရာမှပေါ်ပေါက်လာပြီး တိုက်ခိုက်လာမည်ကို မသိရှိရခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရခြင်း၊ စစ်ကြောင်းနှင့်ယာဥ်တန်းများအား ချုံခိုတိုက်ခိုက်ခြင်းနှင့် Drone များအသုံးပြုပြီး ဗုံးသီးချတိုက်ခိုက်ခြင်းများကို ခံလာရပြီး ထိခိုက်ကျဆုံးမှု များလာခြင်းကြောင်းဖြစ်သည်။ ရှမ်း- ကယားအစပ်က တိုက်ပွဲများတွင်လည်း နေ့လည်ခင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ Droneဖြင့် ဗုံးသီချတိုက်ခိုက်ခြင်း၊ ဘက်ပေါင်းစုံမှ စစ်ကောင်စီတပ်စစ်ကြောင်းကို ထိုးနှက်တိုက်ခဲ့ခြင်းတို့ကြောင့် စစ်ကောင်းစီတပ်မှ အရာရှိအပါဝင် စစ်သည်အများအပြားသေဆုံးထိခိုက်မှုများရှိခဲ့ပါသည်။ထို့ပြင်ချင်းပြည်နယ်သို့ စစ်ကြောင်းထိုးလားသော သံချပ်ကား(၂)စီးပါသော စစ်ကောင်စီစစ်ယာဥ်တန်းတခုကို ချင်းပြည်နယ် ဒေသကာကွယ်ရေးတပ်တို့က Dromeအသုံးပြုပြီး ဗုံးသီချတိုက်ခိုက်ပြီး ယာဥ်တန်းတခုလုံးကို အလစ်အငိုက် တိုက်ခိုက်လိုက်သောကြောင့် ယာဥ်တန်းတွင်ပါလာသော သံချပ်ကား(၂)စီးနင်း စစ်ယာဥ်တန်းတခုလုံး ဖျက်ဆီးခံရသည့်အပြင် ပါလာသောစစ်ကောင်စီတပ်သားအများအပြား ထိခိုက်ချဆုံးပြီ လက်နက်ခဲယမ်းနှင့် ရိက္ခာများကိုပါ သိမ်းဆည်းရမိသည်အထိ စစ်ကောင်စီတပ်များ ထိခိုက်ကျဆုံးမှု များလာသောကြောင့် စစ်နည်းဗျူဟာများကို ပြောင်းလဲအသုံးပြုလာရခြင်းဖြစ်သည်ဟု ခန့်မှန်ုးမိပါသည်။ -

တူမီးကြောင့် သွေးပျက်နေတဲ့ ဖက်ဆစ်စစ်တပ်
” ခေါင်းအစား ခေါင်း၊ မျက်လုံးအစား မျက်လုံး၊အသက်အစား အသက်ပြန်ယူတက်သည့် ကလဲ့စားသည် တောင်ပိုင်းချင်းလူမျိုးတစ်စု၏ ရိုးရာ ဓလေ့အမှန်ရှိခဲ့သည်ကိုလည်း မမေ့သင့်ပါ။ မတရားမှုကိုရွံရှာမုန်းတီးပြီး အမှန်တရားကို အသက်ပေးမြတ်နိုးတန်ဖိုးထားကာကွယ်ထိန်းသိမ်းသည့်လူမျိုး”
လင်းယုန်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေပေါ်ပေါက်လာခဲ့သလို ချင်းပြည်နယ်အတွင်းရှိ မြို့နယ်၊ကျေးရွာတွေအထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ အဆက် မပြတ်ပေါ်ပေါက်လာခဲ့ပါသည်။ ချင်းလူမျိုးအားလုံးနီးပါး စစ်အာဏာရှင်ကို ရွံ့ရှာမုန်တီးတဲ့စိတ်က မွေးကတည်းကပါလာပြီးသားဖြစ်သလို မတရားအာဏာလု မင်းအောင်လှိုင်၏ လုပ်ရပ်ကြောင့်လည်းပို၍ ချင်းပြည်သူလူထု သွေးဆူလာစေသည်ဟု သုံးသပ်မိပါသည်။
တူမီးသေနတ်နှင့်ချင်း
တူမီးသေနတ်သည် ချင်းလူမျိုးများ၏ ရှေးယခင်ဘိုးဘွားခေတ်ကတည်းက ထိန်းသိမ်းစောင့်ရှောက်လာသည့် ရိုးရာလက်နက်တစ်ခုဖြစ်သလို ချင်းယောက်ျားလေးရှိသည့်အိမ်တိုင်းနီးပါး တူမီး သေနတ်ရှိကြသည်။ လူတစ်ဦးတစ်ယောက်ကိုအသက်အန္တရာယ်ပြုရန်ကိုင်ဆောင်ခြင်းမဟုတ်ပါ။ ချင်းပြည်နယ်သည်တောတောင်ထူထပ်ပြီး တောရိုင်းတိရိစ္ဆာန်ပေါင်းစုံပေါများသည့်ဒေသဖြစ်သည့်အလျောက် တောရိုင်းတိရိစ္ဆာန်များ၏အသက်ဘေးရန်ကနေကာကွယ်ဖို့အဓိက ကိုင်ဆောင်ကြသော်လည်း ယခုအခါမှာ အကြမ်းဖက် ဖက်ဆစ်စစ်တပ် မတရားအာဏာလု မင်းအောင်လှိုင်နှင့်သူ၏ အပေါင်းအပါစစ်ခွေးများအား တစ်ဖြုတ်ဖြုတ်ခြွေနိုင်သည့် လက်နက်အဖြစ်နေရာယူလာခဲ့ပါသည်။

အရွယ်ရောက်ပြီး ချင်းယောက်ျားလေးတိုင်းနီးပါး တူမီးသေနတ်ပစ်တတ်အောင်လူကြီးမိဘများမှသင်ပေးသည့်အပြင် လေး၊ မြှား၊ လှံ၊ ဓါး၊ တူးလေးနှင့် အခြားအခြားသောတိုက်ခိုက်ရေးနည်းများစွာလည်း ကျွမ်းကျင်အောင်သင်ပေးကြသေးသည်။ သင်ပေးရခြင်း၏ အကြောင်းအရင်းမှာ တောထဲတောင်ထဲသို့သွားလာရတော့မည်ဆိုလျှင် တောရိုင်းတိရိစ္ဆာန်များ၏တိုက်ခိုက်ရန်ပြုခြင်း၊ အသက်အန္တရာယ်ပေးနိုင်ခြင်းမှခုခံကာကွယ်နိုင်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့်တိုက်ခိုက်ရေးသည်ယောက်ျားလေးတိုင်း၏တတ်သင့်တတ်အပ်သည့် ပညာရပ်တစ်ခုအနေဖြင့်လည်း ရှုမြင်သင်ယူရပါသည်။ တူမီးသေနတ်အပြင် လေး၊ မြှားပစ်ခတ်မှု အတတ်ပညာကိုလည်း တစ်ဘက်ကမ်းခတ်တတ်မြောက်ကြသည့် ချင်းလူမျိုးများဖြစ်ကြောင်းကိုလည်း ဖော်ပြလိုပါသည်။
-

PDF စခန်းများနှင့် စစ်ကြောင်းများ ဘာ့ကြောင့် တိတိကျကျ တိုက်ခိုက်ခံနေရလဲ
စစ်ကောင်စီတပ် အသုံးပြုနေသည့် DF ခေါ် Directional Finder စက်အမျိုးအစားသည် တိုင်းရင်းသားလက်နက်ကိုင်များ အချင်းချင်းပြောဆို ဆက်သွယ်သောလှိုင်းနုန်းများကို Scanဖတ်ပြီး ရရှိလာသောလှိုင်းနှုန်း၏ အရပ်ဒေသကိုသိရှိရန်အတွက် Google Map ပေါ်တွင်တင်၍စက်လှိုင်းနှုန်းထုတ်လွင့်မှုတည်နေရာကိုရှာဖွေနိုင်
အောင်ဇေ
မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် လွန်ခဲ့သော ၁၀စုနှစ်တခုအတွင်း Cyber Warefare ခေတ်မှိနည်းပညာဆက်သွယ်ရေးနှင့်ကြားဖြတ်ဖမ်းခြင်းများ Jummer များကို အစ္စရေး၊ ဩစတြေးလျနှင့်တရုတ်နိုင်ငံများ မှ ဝယ်ယူပြီး စတင်အသုံးပြုလာခဲ့ပါသည်။ ထိုနိုင်ငံများမှဝယ်ယူထားသောစက်ပစွည်းများတွင် ဆက်စွယ်ရေးစက်များကို ကြားဖြတ်ဖန်းယူနိုင်သောစက်များ ၊ဆက်သွယ်ရေးစက်များ၏ locationများကို ရှာဖွေသောစက်များနှင့် Bomb Jummer များ၊ Frequency jummerများနှင့် နည်းပညာမြင့်မားသော တယ်လီဖုန်းလိုင်းများ ကြားဖြတ်ဖမ်းယူရေးစက်များကို အသုံးပြုလာခဲ့ပါသည်။
တိုင်းရင်းသားလက်နက်ကိုင်းများ၏ ဆက်သွယ်ရေးစက်မှပြောဆို နေသောစစ်ရေးလှုပ်ရှားမှုသတင်းများကို ICR6500 ကြားဖြတ်ဖမ်းယူရေးစက်၊ HF intercept ကြားဖြတ်ဖမ်းယူရေးစက်၊ Directional Finder ကြားဖြတ်ဖမ်းယူရေးနှင့်ရပ်ညွန်ရှာဖွေရေးစက်များကိုအသုံးပြုပြီတိုင်းရင်သားလက်နက်ကိုင်များ၏စစ်ရေးလှုပ်ရှားမှုများကိုအချိန်ပြည့်စောင့်ကြည့်လျက်ရှိပါသည်။
တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက်အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်းများဖွင့်လှစ်ပြီ၎င်းတပ်အောက်တွင်ကြားဖြတ်ဖမ်းယူရေးတပ်ခွဲတစ်ခွဲဖွဲ့စည်း၍အရာရှိတစ်ဦးဦးစီးကာတိုင်းရင်းသာဘာသာစကားနားလည်တက်ကျွမ်းသောစစ်သည်များနှင့်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိတိုင်ရင်းသားလက်နက်ကိုင်များ၏သတင်းများနှင့်စစ်ရေးလှုပ်ရှားမူ့များကိုမျက်ခြေမပြတ်စောင့်ကြည့်လျက်ရှိပါသည်။
-

အရှုံးပေါ်မယ့် နိုင်ငံတော်
“ပဇီကြီးရွာ ဖြစ်စဉ်မျိုးမှာတောင် ကုလလုံခြုံရေးကောင်စီက အရေးမယူနိုင်အောင် မြန်မာစစ်တပ်ဖက်က ကာကွယ်ရပ်တည်ပေးခဲ့တယ်။ လက်ပံတောင်းလို တရုတ်ရဲ့ စီမံကိန်းနေရာတွေ မှာလည်း စစ်ကောင်စစ် စစ်ကြောင်းတွေကို တပ်စွဲနေရာချခွင့်ပေးထားတယ်။ လက်ခံထားတဲ့ စစ်ကြောင်းတွေက ကျေးရွာထဲက ပြည်သူတွေကို သတ်ဖြတ်၊ နေအိမ်တွေကို မီးရှို့နေတာကို တရုတ်က သိသိလျက်ခွင့်ပြုထားတာဖြစ်တယ်။ နိုင်ငံမတည်ငြိမ်လေ တရုတ်အတွက်က အခွင့်ကောင်းရလေပါပဲ”
မေဇော်
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်ကူညီမယ်ဆိုတဲ့တရုတ်နိုင်ငံဟာအခုနှစ်ဦးပိုင်းကစလို့မြန်မာနိုင်ငံတွင်းကလက်နက်ကိုင်အင်အားစုတွေနဲ့ထိတွေ့ဆက်ဆံမှုတွေပိုနီးကပ်လို့လာပါတယ်။ဒါကိုအကောင်းဘက်ကလို့ထင်ရင်မှားသွားတိုင်ပါတယ်၊တရုတ်ရဲ့အကျိုးစီးပွားနဲ့လူသတ်စစ်တပ်ကိုဘာ့ကြောင့်ထောက်ခံနေကာကွယ်နေသလဲဆိုရင်တရုတ်အကျိုးစီးပွားတခုထဲနဲ့မြန်မာနိုင်ငံကိုကံဆိုးမိုးမှောင်ကျဖို့ဖြစ်ပါတယ်။
၂၀၂၃၊မေလပထမပတ်မှာပဲတရုတ်ရဲ့နိုင်ငံခြားရေးသံတမန်တန့်ရှီကျန်ဟာစစ်ခေါင်းဆောင်တွေဖြစ်တဲ့သန်းရွှေ၊မင်းအောင်လှိုင်တို့နဲ့တွေ့ဆုံခဲ့ပါတယ်။မတိုင်ခင်၂ပတ်လောက်အလိုမှာလည်းတရုတ်အစိုးရရဲ့နိုင်ငံတကာဆက်ဆံရေးကညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင်မြန်မာနိုင်ငံကိုတိတ်တဆိတ်လာရောက်ခဲ့ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒီတွေ့ဆုံမှုတွေမှာမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးအပြင်စီးပွါးရေးအကျိုးတူကိစ္စတွေကိုလည်းနှစ်ဖက်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။
မရှေးမနှောင်းမှာပဲ တရုတ်အစိုးရဟာ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကို ယူနန်ပြည်နယ်မှာ ခေါ်ယူဆွေးနွေးခဲ့ပါသေးတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာတော့ NDAA နဲ့ဆက်စပ်တဲ့အမေရိကန်ရဲ့ကာကွယ်ရေးအထောက်အပံ့တွေလက်မခံဖို့တရုတ်ကတိုက်တွန်းခဲ့ပါတယ်။အခြားထွက်မလာတဲ့တိုက်တွန်းမှုတွေရှိပါသေးတယ်။တရုတ်နိုင်ငံရဲ့နိုင်ငံခြားရေးမူမှာဘယ်သူသေသေငတေမာရင်ပြီးရောဆိုပြီးဘယ်တွေမှာဘာတွေဖြစ်ဖြစ်လူတွေဘယ်လောက်သေသေသဘာဝပတ်ဝန်းကျင်တွေဘယ်လောက်ပျက်စီးစီးသူတို့အကျိုးအတွက်မလုပ်ရဲ့တာ ဘာမှမရှိပါဘူး။
-

သတိထားစရာ စစ်ကောင်စီတပ်၏ အောက်တန်းကျမှုများ
“တိုက်ပွဲများပြင်းထန်နေသည့် ကရင်ပြည်နယ်အတွင်း KNU အပါအဝင် ပြည်သူ့တော်လှန်ရေးအင်အားစုများ၏ ဖုန်းဖြင့်ဆက်သွယ်ပြောကြားချက်အပါအဝင် ဆက်သွယ်ရေးစက်များဖြင့် ပြောကြားချက်များကို ကြားဖြတ်နားထောင်နေသည့် မှတ် (၈) အဆင့်မြင့်ဆက်သွယ်မှုတပ်ရင်းသည် တောင်ငူမြို့တွင် တည်ရှိနေ”
အောင်ဇေ
ဗမာစစ်တပ်သည်ပြည်သူများကိုသတ်ဖြတ်၊ ဖမ်းဆီးနှိပ်စက်မှုများထက် ဆိုးသွန်းယုတ်မာသည့်ကိစ္စများရှိမြင်မဟုတ်ဟု ထင်ရသော်လည်း စစ်အရေးအသာစီးရယူလိုမှုဖြင့် ဆက်သွယ်ပြောဆိုချက်များကို စဉ်ဆက်မဖြတ်စောင့်ကြည့်နေသည့် အောက်တန်းကျမှုတခုအကြောင်း ပြောပြချင်ပါသည်။ နွေဦးတော်လှန်ရေးကာလပထမအစပိုင်းတွင် ပြည်သူများသည် ဆက်သွယ်ရေးနှင့်ပတ်သက်ပြီး ဖုန်းပြောချက်များ မလုံခြုံဟုပြောဆိုခဲ့ကြသည်ကို မှတ်မိအုံးမည်ထင်ပါသည် အဲဒါဟာအမှန်ဖြစ်ကြောင်း ပြောကြားလိုပါသည်။
ယခုပြောပြချင်သည့်အကြောင်းကတော့ ပြည်သူတွေနေ့စဉ် ပြောကြားနေသည့် ဖုန်းလိုင်းများထက် ပိုအရေးကြီးသည့် စစ်ရေးကိစ္စများကို ပြောမှာဖြစ်သည်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ယခုမှ ဒါမျိုးကိုလုပ်နေတာမဟုတ်ဘဲ ယခင်ကတည်းက လုပ်ဆောင်နေသည်ကို ပထမဆုံး ပြောကြားချင်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တွေ NCA လက်မှတ်ရေးထိုးပြီးပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်စဉ်ကာလကတည်းက ကြားဖြတ်ဖမ်းယူနားထောင်နေကြခြင်း ဖြစ်သည်။

၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ယခင်ထက်ပို၍ ကြားဖြတ်နားထောင်ခြင်းကိစ္စများကို ပိုလုပ်ဆောင်လာခဲ့ပါသည်။ အောက်ပါအချက်များသည် ဒေသအလိုက်လုပ်ဆောင်နေသည့် သတင်းအချက်အလက်များကို ပြောပြမှာဖြစ်ပါသည်။ စစ်ကောင်စီတပ်နှင့် ခုခံစစ်ဆင်နွှဲနေသည့် ပြည်သူ့တော်လှန်ရေးသမားများနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် သတိထားရှောင်နိုင်ရန်အတွက် ရည်ရွယ်၍ ယခုစာကိုရေးသားရခြင်း ဖြစ်သည်။
-

စစ်ကောင်စီတပ်အတွင်း ပြိုကျနေသည့် အင်အား
“ဝ“ တပ်နှင့်မိုင်းလားတို့ကိုထိမ်းချုပ်ဖို့ပြင်ဆင်ထားသည့် စစ်ကောင်စီတပ်တွေမှာဘယ်တုန်းကမှ မကြုံဖူးခဲ့သည့်အနေအထားကို ကြုံတွေ့နေကြရတာကတော့ ကယားနှင့်ချင်းပြည်နယ်ဘက် တပ်အင်အား လွှတ်နေရတာခြင်းဖြစ်သည်။ ကယားပြည်နယ်တိုက်ပွဲများဘက်စစ်ကူသွားနေကြသည့်အခါ နယ်မြေမကျွမ်းကျင်မှုကြောင့် အသေအဆုံးများနေကြရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်မှာ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမကွေးတိုင်းများတွင် နေ့စဉ်သေဆုံးနေရပြီး နောက်တန်းအင်အားနည်းပါးနေကြသည်
အောင်ဇေ
အာဏာသိမ်းပြီးနောက်စစ်ကောင်စီလက်အောက်ခံ တပ်အင်အားပြဿနာသည် တိုင်ရင်းသားလက်နက်ကိုင်များနှင့် PDF ရဲဘော်များအားစစ်မျက်နှာအသီးသီးတွင်ရင်ဆိုင်နေရသည့်အခြေအနေများမှာတော်တော်ဆိုးဆိုးရွားရွားကျဆင်းလာခြင်းဖြစ်နေသည်။မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာတွင်လည်းများစွာကျဆုံးထိခိုက်ဒဏ်ရာရရှိခြင်း၊စခန်းများဝင်ရောက်တိုက်ခိုက်ခံရချိန်တွင်လည်းထိခိုက်ကျဆုံးမှုများစွာရှိခြင်းနှင့်တပ်ပြင်ထွက်ပါကလည်းပစ်ခတ်ရှင်းလင်းခံခြင်းများမှာနေ့စဉ်ဖြစ်ပွားနေသည်။

မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အင်အားသည် သိသိသာသာထိခိုက်ကျဆင်းလာတာကို တွေ့ရှိနေရသည်။ ဥပမာ အနေဖြင့်ချင်းပြည်နယ်တွင် ဖြစ်ပွားသည့်တိုက်ပွဲများကိုကြည့်မည်ဆိုပါလျှင် သံချပ်ကားယာဥ်တန်းတိုက်ခိုက်ခံရမှု တွင်ယာဥ်တန်းတစ်ခုလုံးတိုက်ခိုက်ခံရသည့်အပြင် အရာရှိအခြားအဆင့်များစွာလည်း ကျဆုံးထိခိုက်ပြီး သံချပ်ကားယာဥ် ၂ စီးနှင့် အုပ်ချုပ်မှုယာဥ်များ စစ်လက်နက်ပစွည်းများစွားလည်း ပျက်ဆီဆုံးရှုံးခဲ့ရသည်အထိ ဖြစ်ပွားလာသည်ကို တွေ့ရှိရသည်။ အာဏာသိမ်းပြီးနောက်ကျဆုံးမှုများတွင်လည်း ဗျူဟာမူး၊ တပ်ရင်းမူး၊ ဒုတပ်ရင်းမူး၊ ဗိုလ်မူးအဆင့်ထိပါ ထိခိုက်ကျဆုံးမှုများရှိသည်။ ကရင်နီ၊ ချင်း၊ ကရင်စသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ် ရာထူးကြီးတွေပါ သေနေသည်မှာ အားလုံးအသိဖြစ်သည့်အတိုင်း တပ်တွင်းမှာလဲ ရှေ့တန်းမထွက်ရရေး ဖရိုဖရဲဖြစ်နေကြသည်။
ထိုသို့ထိခိုက်ဆုံးရှုံးမှုများလာပြီးအင်အားနည်းပါလာသောပြဿနာကိုဖြေရှင်းရန်အတွက်လည်းတပ်သားသစ်စုဆောင်းမှုကိုစစ်ဆင်းရေးတရပ်အနေဖြင့်ပြုလုပ်လာသည်ကိုလည်းတွေရှိရပါသည်။အာဏာမသိမ်းမှီကာလတွင်တပ်မတော်သို့ဝင်ရောက်စစ်မှုထမ်းလိုသူများရှိခဲ့ပါသည်။ထိုအချိန်တွင်တပ်မတော်သို့ဝင်လိုလျင်ပညာအရည်အချင်းအသက်မှတ်ပုံတင်အစရှိသောစာရွက်စာစာတမ်းများကိုစိစစ်ပြီးမှသာလက်ခံခဲ့သည်ကိုလည်းတွေ့ရှိခဲ့ရပါသည်။ယခုအာဏာသိမ်းပြီနောက်ပိုင်းတွင်အကြမ်းဖက်စစ်တပ်ဖြစ်နေသည့်အတွက်ဝင်ရောက်လိုသူမရှိဖြစ်နေပြီးတပ်သားသစ်အတော်ရှားသွားခဲ့သည်။
-

တရုတ်အကျိုးစီးပွားနဲ့ တပ်တွင်းအားပြိုင်မှု ပြင်းထန်တော့မှာလား …….
မင်းအောင်လှိုင်မဟုတ်သော စစ်ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်ဖို့နဲ့မင်းအောင်လှိုင်ကို ထိုးကြွေးပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ဖို့ ကို ဦးတည်နေတာကို သိသာထင်ရှားစွာမြင်လာရပါတယ်……
ရေဂါ – ရေးသားသည်။
တရုတ်အစိုးရဟာ ၂၀၂၃ နှစ်ဦးပိုင်းကနေ ဒီနေ့အထိ ကို မြန့်မာအရေးနဲ့ပါတ်သက်လို့ ခပ်စိတ်စိတ်ခြေလှမ်းသွက်လုပ်ဆောင်နေတာတွေကိုတွေ့ရပါတယ်။တရုတ်ဟာ မြန်မာပြည်ရဲ့ တရားမျှတမှုမမျှတမှုတွေ အကျပ်အတည်းတွေ ပြည်သူတွေရဲ့ဒုက္ခတွေကိုလုံးလုံးစိတ်မဝင်စားပဲ ၎င်းတို့ရဲ့အကျိုးစီးပွားတွေမထိခိုက်ဖို့နဲ့အလုံးစုံ လက်ဝေခံနိုင်ငံတစ်ခုအဖြစ် သူ့လက်အောက်မှာထားရှိနိုင်ရေးကိုသာ ဦးတည်စဉ်းစားနေတာဖြစ်ပါတယ်။
မြန်မာပြည်ဟာတရုတ်ရဲ့ပထဝီဝင်နိုင်ငံရေးအရ အိမ်နီးချင်း ခြံစည်းရိုးတစ်ခုဖြစ်သလို ပင်လယ်ထွက်ပေါက်တစ်ခုလည်းဖြစ်နေပြန်ပါတယ်။ ရခိုင်ကမ်းရိုးတန်းကနေ တနင်္သာရီအထိ ၁၃၈၅ မိုင်ထိ ကျယ်ပြန့်တဲ့ပင်လယ်ထွက်ပေါက်နဲ့သဘာဝဓာတ်ငွေ့သိုက်တွေ ဟာလဲ တရုတ်ရဲ့မျက်စိကျစရာ ကမ္ဘာ့ပါဝါချိန်ခွင်လျှာမှာ အသာစီးရစေရေးအတွက် ဗျူဟာမြောက်နေရာတစ်ခုဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီလို သူရဲ့ကမ္ဘာ့နံပါတ်တစ်ဖြစ်လာ ဖို့ အိပ်မက်အကောင်အထည်ဖော်ရမှာအရေးပါတဲ့မြန်မာပြည်မှာ မတည်မငြိမ်ဖြစ်နေတာမျိုးကိုသူမလိုလားသလို အားလုံးတစ်ညီတစ်ညွတ်တည်းစည်းလုံးနေမှာမျိုးကိုလဲသူမလိုလားပါဖူး။ဒါကြောင့် ရှုံးနိုင်ချေများနေတဲ့ စစ်တပ်ကို နိုင်မြင်းအဖြစ်မဟုတ်ရင်တောင် Win-Win အခြေအနေဖြစ်အောင်လုပ်ပြီး မြန်မာပြည်ရဲ့အာဏာမသိမ်းခင် အခြေအနေကိုပြန်ရောက်အောင်တွန်းပို့နိုင်ဖို့ကို အားထုတ်နေတယ်လို့ ရှုမြင်သုံးသပ်လို့ရနိုင်ပါတယ်။
-

တော်လှန်ရေးသည်ကလဲ့စားမဟုတ်
“ငါတို့တော်လှန်းရေးလုပ်နေတယ်ဆိုတာ ကလဲ့စားချေနေတာမဟုတ်ဘူး။ သူတို့ယုတ်မာသလို ငါတို့ ပြန်မယုတ်မာဘူး။ ငါ့ရဲဘော်တွေထဲမှာ ရွာလုံးကျွတ်မီးရှို့ခံရပြီး မိသားစုဝင်တွေ ရက်ရက်စက်စက်သတ်ခံရလို့ ဝင်လာတဲ့သူတွေ အများကြီး။ သူတို့ကိုလည်း တော်လှန်ရေးနဲ့ ကလဲ့စား မရောဖို့ ငါအမြဲမှာတယ်။ ငါတို့က တိုင်းပြည်ကိုအမှန်တကယ်ပြောင်းလဲစေချင်လို့ တော်လှန်နေတာ”ချမ်းမင်း – CDM တပ်မတော်သားမြန်မာနိုင်ငံရဲ့ တော်လှန်ရေးခရီးဟာ ရက်မှလ လမှနှစ်သို့ကူးပြောင်းလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ တော်လှန်ရေးနဲ့ပတ်သတ်ပြီး အတွေးအမြင်တွေဟာလဲရင့်ကျက်လာကြတယ်။ တော်လှန်ရေးအသိနဲ့ပတ်သတ်ပြီး ပြီးခဲ့တဲ့ရကိပိုင်းက ကြုံတွေ့ခဲ့ရတာလေးကိုပြောပြချင်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်တော်တို့ ခရီးတစ်ခုထွက်ရင်း KNU တပ်ရင်းတစ်ရင်းမှာ ညအိပ်ဖြစ်ကြတယ်။ကျွန်တော်တို့ရောက်သွားတာ ညနေပိုင်းဆိုတော့ အားကစားလုပ်တဲ့သူနဲ့ သောင်းရင်းမြစ်မှာ ရေဆင်းချိုးတဲ့သူတွေနဲ့ သူတို့ကိုကြည့်ရတာ အတော်လေးပျော်ဖို့ကောင်းနေပါတယ်။ အဲ့က ကရင်စစ်သားတွေက ဗမာစကားကောင်းကောင်းပြောတက်ကြပြီး ဖော်လဲဖော်ရွေကြတယ်။ ကျွန်တော်တို့ကို နေရာထိုင်ခင်းချပြီးတော့ နင်တို့ရေချိူးကြမလား ဒီမှာတော့ မြစ်ထဲပဲချိူးကြတာပဲဆိုပြီး မြစ်ကမ်းဘေးလိုက်ပို့ပေးကြပါတယ်။ရေမိုးချိုးထမင်းစားပီး ခဏတဖြုတ်နားနေတဲ့အချိန်မှာ ရဲဘော်တစ်ယောက်က ကျွန်တော်တို့ကို တပ်ရင်းမှူးက ခေါ်ခိုင်းလိုက်လို့ဆိုပြီး လာခေါ်ပါတယ်။ ကျတော်တို့လဲ ရဲဘော်လေးခေါ်ရာ လိုက်သွားတော့ တပ်ရင်းမှူးဆိုသူရဲ့ အိမ်ကိုရောက်သွားပါတယ်။ -

ယုံကြည်ရာ
CDM လုပ်ခဲ့တဲ့ကျွန်တော် ယုံကြည်ရာတစ်ခုအတွက် တစ်နှစ်ကျော် ၂ နှစ်နီးပါးလျှောက် လာခဲ့တဲ့လမ်းမှာ ခက်ခဲခဲ့ပါတယ်။ ကျွန်တော်အဓိကပြောချင်တဲ့အချက်ကတော့ ကိုယ်ယုံကြည်လို့ လျှောက်တဲ့လမ်းဟာ ကြမ်းရင်ကြမ်းတမ်းနေလိမ့်မယ်၊ ခက်ခဲရင် ခက်ခဲလိမ့်မယ် ဒါပေမဲ့ လဲပြိုမသွားဘူးဇော်ရဲအောင် (CDM တပ်ကြပ်ကြီး)ကျွန်တော်ရွေးခဲ့တဲ့လမ်းဟာ အရမ်းမှောင်နေတယ်ဆိုပေမဲ့ အလင်းရောင်ကိုမမြင်နိုင်တာတော့မဟုတ်ပါဘူး။ ဟိုးအဝေးတစ်နေရာမှာ ရောင်နီသန်းနေတဲ့ အလင်းမှိန်မှိန်လေးကိုတော့ တွေ့နေရပါတယ်။ အဲဒီအလင်းရောင်လေးနားကိုရောက်ဖို့ ကျွန်တော်ကြိုးစားနေပါတယ် ယုံကြည်ချက်အပြည့်နဲ့ပေါ့။အရင်ကျွန်တော် CDM လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တဲ့အချိန်တုန်းက ကျွန်တော်ရဲ့အတွေးဟာ ဒီတော်လှန်ရေး နိုင်မယ်ဆိုတာသိတယ် ခက်ခဲမယ်လို့မတွေးခဲ့ဘူးဘူး။ ဒီလိုအတွေးနဲ့ကျွန်တော်ဟာ အကြမ်းဖက်စစ်တပ်ရဲ့အရိပ် ကနေထွက်လာခဲ့ပြီး ပြည်သူ့ဘက်ကို ရပ်တည်ခဲ့ပါတယ်။ လွယ်လွယ်လေး တွေးခဲ့တဲ့ကျွန်တော်ပေါ့။ ပြည်သူ့ဘက်ကိုရပ်တည်လာတဲ့အချိန်မှာလဲ ကျွန်တော်ဘာလုပ်ရမယ်ဆိုတာမသိခဲ့ဘူး။ ဘယ်သူတွေနဲ့ချိတ်ဆက်ပြီး ကိုယ် ဒီတော်လှန်ရေးအတွက် ဘာလုပ်ပေးနိုင်တယ်ဆိုတာလဲမသိခဲ့ပါဘူး။ ကျွန်တော်ကိုယ်ကျွန်တော် အကြမ်းဖက်စစ်တပ်ကနေထွက်လာတာနဲ့ တာဝန်ကျေနေပြီလို့ဘဲ ထင်ခဲ့တာပါ။ဒီလိုနဲ့စစ်တပ်ထဲကနေ ကျွန်တော်ထွက်လာတော့ တောင်ကြီးမြို့ရဲ့ ရွာလေးတစ်ရွာမှာ သူငယ်ချင်းတစ်ယောက်ရဲ့အကူအညီနဲ့ ခြံအလုပ်လုပ်ရင်းတိမ်းရှောင်နေခဲ့တယ်။ မြို့နဲ့လဲ အလှမ်းဝေးလွန်းတော့ မီးမရပါဘူး။ ဆိုလာ (Solar) လေးနဲ့ ဖုန်းအားသွင်းရပါတယ်။ မနက်ထ ထမင်းစားပြီးပြီဆိုတာနဲ့ ခြံထဲမှာရှိတဲ့မြက်တွေပေါက်ရပါတယ်။ထောပတ်အပင်တစ်ထောင်ရှိတဲ့ခြံဆိုတော့ တော်တော်လေးကျယ်ပါတယ်။ အလုပ်သမားကတော့ ကျွန်တော်အပါအဝင် သုံးယောက်ပါ။ ကျွန်တော်တို့နေရတဲ့ တဲလေးဆိုရင် မိုးကာနဲ့ပတ်ထားတော့ လေမလုံသလို မိုးလဲမလုံပါဘူး။ ဒါပေမဲ့လေမလုံ မိုးမလုံတဲ့တဲလေးမှာနေရင်း ယုံကြည်ရာတစ်ခုအတွက် ကျွန်တော်လျောက်နေရတဲ့ ခြေလှမ်းတိုင်းဟာ ပျော်ရွှင်စရာတွေနဲ့ ပီတိဖြစ်ခဲ့ရတယ်။ ဒီလိုနဲ့ တစ်နေ့တစ်နေ့ မြက်ပေါက်လိုက် မြက်ဖြတ်လိုက်လုပ်လာရာကနေ တောင်ကြီးမြို့ရဲ့ ရွာလေးတစ်ရွာမှာ ၆ လကျော် ၇ လနီးပါး ကြာခဲ့ပါတယ်။ နောက်တော့ခြံထဲမှာနေဖို့ အခက်အခဲလေးတွေရှိလာတာနဲ့ တောင်ကြီးမြို့ပေါ်က UG အဖွဲ့တစ်ခုမှာ ၂ လလောက် သွားနေခဲ့ရပါတယ်။ -

ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဘေးမှလွတ်လာသူ နှစ်ဦးပြောကြားချက်
RNA_ဧပြီ(၁၈)၊၂၀၂၃ ခုနှစ်။
စစ်တိုင်းတိုင်း၊ ကန့်ကလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ (၁၇၀) ကျော်သေဆုံးခဲ့ရသည့်အထဲမှ လွတ်မြောက်လာသူနှစ်ဦး၏ ပြောကြားချက်ကို တင်ပြလိုက်ပါသည်။
[embedyt] https://www.youtube.com/watch?v=kq3hPLXVasU[/embedyt]
#RedNewsAgency