“တိုက်ပွဲများပြင်းထန်နေသည့် ကရင်ပြည်နယ်အတွင်း KNU အပါအဝင် ပြည်သူ့တော်လှန်ရေးအင်အားစုများ၏ ဖုန်းဖြင့်ဆက်သွယ်ပြောကြားချက်အပါအဝင် ဆက်သွယ်ရေးစက်များဖြင့် ပြောကြားချက်များကို ကြားဖြတ်နားထောင်နေသည့် မှတ် (၈) အဆင့်မြင့်ဆက်သွယ်မှုတပ်ရင်းသည် တောင်ငူမြို့တွင် တည်ရှိနေ”
အောင်ဇေ
ဗမာစစ်တပ်သည်ပြည်သူများကိုသတ်ဖြတ်၊ ဖမ်းဆီးနှိပ်စက်မှုများထက် ဆိုးသွန်းယုတ်မာသည့်ကိစ္စများရှိမြင်မဟုတ်ဟု ထင်ရသော်လည်း စစ်အရေးအသာစီးရယူလိုမှုဖြင့် ဆက်သွယ်ပြောဆိုချက်များကို စဉ်ဆက်မဖြတ်စောင့်ကြည့်နေသည့် အောက်တန်းကျမှုတခုအကြောင်း ပြောပြချင်ပါသည်။ နွေဦးတော်လှန်ရေးကာလပထမအစပိုင်းတွင် ပြည်သူများသည် ဆက်သွယ်ရေးနှင့်ပတ်သက်ပြီး ဖုန်းပြောချက်များ မလုံခြုံဟုပြောဆိုခဲ့ကြသည်ကို မှတ်မိအုံးမည်ထင်ပါသည် အဲဒါဟာအမှန်ဖြစ်ကြောင်း ပြောကြားလိုပါသည်။
ယခုပြောပြချင်သည့်အကြောင်းကတော့ ပြည်သူတွေနေ့စဉ် ပြောကြားနေသည့် ဖုန်းလိုင်းများထက် ပိုအရေးကြီးသည့် စစ်ရေးကိစ္စများကို ပြောမှာဖြစ်သည်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ယခုမှ ဒါမျိုးကိုလုပ်နေတာမဟုတ်ဘဲ ယခင်ကတည်းက လုပ်ဆောင်နေသည်ကို ပထမဆုံး ပြောကြားချင်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တွေ NCA လက်မှတ်ရေးထိုးပြီးပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်စဉ်ကာလကတည်းက ကြားဖြတ်ဖမ်းယူနားထောင်နေကြခြင်း ဖြစ်သည်။

၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ယခင်ထက်ပို၍ ကြားဖြတ်နားထောင်ခြင်းကိစ္စများကို ပိုလုပ်ဆောင်လာခဲ့ပါသည်။ အောက်ပါအချက်များသည် ဒေသအလိုက်လုပ်ဆောင်နေသည့် သတင်းအချက်အလက်များကို ပြောပြမှာဖြစ်ပါသည်။ စစ်ကောင်စီတပ်နှင့် ခုခံစစ်ဆင်နွှဲနေသည့် ပြည်သူ့တော်လှန်ရေးသမားများနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် သတိထားရှောင်နိုင်ရန်အတွက် ရည်ရွယ်၍ ယခုစာကိုရေးသားရခြင်း ဖြစ်သည်။
(more…)