တရုတ်သမ္မတ

အရှုံးပေါ်မယ့် နိုင်ငံတော်

အရှုံးပေါ်မယ့် နိုင်ငံတော်

“ပဇီကြီးရွာ ဖြစ်စဉ်မျိုးမှာတောင် ကုလလုံခြုံရေးကောင်စီက အရေးမယူနိုင်အောင် မြန်မာစစ်တပ်ဖက်က ကာကွယ်ရပ်တည်ပေးခဲ့တယ်။ လက်ပံတောင်းလို တရုတ်ရဲ့ စီမံကိန်းနေရာတွေ မှာလည်း စစ်ကောင်စစ် စစ်ကြောင်းတွေကို တပ်စွဲနေရာချခွင့်ပေးထားတယ်။ လက်ခံထားတဲ့ စစ်ကြောင်းတွေက ကျေးရွာထဲက ပြည်သူတွေကို သတ်ဖြတ်၊ နေအိမ်တွေကို မီးရှို့နေတာကို တရုတ်က သိသိလျက်ခွင့်ပြုထားတာဖြစ်တယ်။ နိုင်ငံမတည်ငြိမ်လေ တရုတ်အတွက်က အခွင့်ကောင်းရလေပါပဲ” မေဇော် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်ကူညီမယ်ဆိုတဲ့တရုတ်နိုင်ငံဟာအခုနှစ်ဦးပိုင်းကစလို့မြန်မာနိုင်ငံတွင်းကလက်နက်ကိုင်အင်အားစုတွေနဲ့ထိတွေ့ဆက်ဆံမှုတွေပိုနီးကပ်လို့လာပါတယ်။ဒါကိုအကောင်းဘက်ကလို့ထင်ရင်မှားသွားတိုင်ပါတယ်၊တရုတ်ရဲ့အကျိုးစီးပွားနဲ့လူသတ်စစ်တပ်ကိုဘာ့ကြောင့်ထောက်ခံနေကာကွယ်နေသလဲဆိုရင်တရုတ်အကျိုးစီးပွားတခုထဲနဲ့မြန်မာနိုင်ငံကိုကံဆိုးမိုးမှောင်ကျဖို့ဖြစ်ပါတယ်။ ၂၀၂၃၊မေလပထမပတ်မှာပဲတရုတ်ရဲ့နိုင်ငံခြားရေးသံတမန်တန့်ရှီကျန်ဟာစစ်ခေါင်းဆောင်တွေဖြစ်တဲ့သန်းရွှေ၊မင်းအောင်လှိုင်တို့နဲ့တွေ့ဆုံခဲ့ပါတယ်။မတိုင်ခင်၂ပတ်လောက်အလိုမှာလည်းတရုတ်အစိုးရရဲ့နိုင်ငံတကာဆက်ဆံရေးကညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင်မြန်မာနိုင်ငံကိုတိတ်တဆိတ်လာရောက်ခဲ့ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒီတွေ့ဆုံမှုတွေမှာမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးအပြင်စီးပွါးရေးအကျိုးတူကိစ္စတွေကိုလည်းနှစ်ဖက်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ မရှေးမနှောင်းမှာပဲ တရုတ်အစိုးရဟာ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကို ယူနန်ပြည်နယ်မှာ ခေါ်ယူဆွေးနွေးခဲ့ပါသေးတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာတော့ NDAA နဲ့ဆက်စပ်တဲ့အမေရိကန်ရဲ့ကာကွယ်ရေးအထောက်အပံ့တွေလက်မခံဖို့တရုတ်ကတိုက်တွန်းခဲ့ပါတယ်။အခြားထွက်မလာတဲ့တိုက်တွန်းမှုတွေရှိပါသေးတယ်။တရုတ်နိုင်ငံရဲ့နိုင်ငံခြားရေးမူမှာဘယ်သူသေသေငတေမာရင်ပြီးရောဆိုပြီးဘယ်တွေမှာဘာတွေဖြစ်ဖြစ်လူတွေဘယ်လောက်သေသေသဘာဝပတ်ဝန်းကျင်တွေဘယ်လောက်ပျက်စီးစီးသူတို့အကျိုးအတွက်မလုပ်ရဲ့တာ ဘာမှမရှိပါဘူး။ (more…)
Read More