စိတ်ဝင်စားစရာများနှင့်ထိုင်းနိုင်ငံရေးအပြောင်းအလဲ

“အာဏာသိမ်းလိုက် ရွေးကောက်ပွဲပြန်လုပ်လိုက် ပုံစံကိုပြန်သွားနေသည်မှာထင်ရှားနေသော်လည်း ပြည်သူများသည်စစ်တပ်အုပ်ချုပ်မှုအောက်မှာမနေနိုင်တော့သည်ကို ရွေးကေက်ပွဲတွင်သက်သေပြပြီးဖြစ်သည်။ ပြည်သူကရွေးချယ်တင်မြှောက်သည့်နိုင်ငံရေးပါတီကိုအာဏာမအပ်နှံပါက မထင်မှတ်ထားတာတွေ ထိုင်းနိုင်ငံအတွင်းမှာပေါ်ပေါက်လာနိုင်ပါတယ်။ရွေ့လျားပြောင်းလဲလာသည့်အချိန်နှင့်အမျှလူထုသည်အရာရာကိုဖိနှိပ်မခံလူ့အခွင့်အရေးနှင့်ဒီမိုကရေစီရေးအတွက်တွန်းလှန်တိုက်ပွဲဝင်ရန်အဆင်သင့်ဖြစ်နေနိုင်ပါသည်”

အောင်ဇေ

ထိုင်းနိုင်ငံသည်မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံဖြစ်ပြီးမြန်မာ့ဒီမိုကရေစီအရေး၊ရွေ့ပြောင်းလုပ်သားများ၏အရေးစစ်ဘေးရှောင်နယ်စပ်ဖြတ်ကျော်သူများအရေးစသည့်ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေသည့်မြန်မာနိုင်ငံသားများသည်ထိုင်းနိုင်ငံ၏နိုင်ငံရေးအပြောင်းအလဲအပေါ်မူတည်၍များစွာပြောင်းလဲအကျိုးသက်ရောက်မှုရှိလာနိုင်ပါသည်။ထိုင်းနိုင်ငံသည်စစ်တပ်အာဏာသိမ်းထားသည်မှာ၁၉၃၂ခုနှစ်မှ၂၀၁၄ခုနှစ်အထိစုစုပေါင်းအောင်မြင်သောအာဏာသိမ်းမှုနှင့်မအောင်မြင်သောအာဏာသိမ်းမှုအပါအဝင်စုစုပေါင်း၁၉ကြိမ်ထိရှိခဲ့ပါသည်။

၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီး ၂၀၁၉ခုနှစ်တွင် ရွေးကောက်ပွဲတစ်ကြိမ်ပြုလုပ်ခဲ့ပြီ စစ်တပ်၏အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီးပရာရွတ်က ဝန်ကြီးချုပ်ရာထူးဖြင့်တာဝန်ထမ်းဆောင်ခဲ့သသည်မှာ ယခုအချိန်ထိ ဖြစ်ပါသည်။ ယခုပြုလုပ်ခဲ့သည့်ရွေးကောက်ပွဲတွင်းလည်း နိုင်ငံရေးပါတီ ၇၀ ကျော်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသည် စစ်တပ်က အာဏာသိမ်းခြင်းကို လက်မခံနိုင်သည့် အတိုက်အခံပါတီများစွာရှိပါသည်။ ယခုလက်ရှိ ဝန်ကြီးချုပ် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးပရာရွတ်သည် ၂၀၂၃ ခုနှစ်မေလတွင် လွတ်လပ်ပြီတရားမျှတသောဒီမိုကရေစီရွေကောက်ပွဲတွင် ၎င်း၏ ပါတီ ရှုံးနိမ့်ခဲ့မည်ဆိုပါလျှင် အိမ်ပြန်ပြီ နိုင်ငံရေးလောကမှ ထွက်ခွာသွားမည်ဟု မေလ ၁၁ ရက်နေ့က သတင်းမီဒီယာများနှင့်တွေ့ဆုံစဥ်ပြောကြားခဲ့သလို လက်ရှိ စစ်တပ်အကြီးအကဲကလည်း ထိုင်းစစ်တပ်က နောက်တကြိမ်အာဏာသိမ်းမှု ရှိလာမှမဟုတ်တော့ကြောင်း ထပ်မံပြောကြားခဲ့ပါသေးသည်။

၂၀၂၃ ခုနှစ် မေလ၁၄ရက်နေ့က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၇၀ ကျော်ဝင်ပြိုင်သည့်ထဲမှ အတိုက်ခံအင်အားကြီးသောပါတီ ၂ခုမှာ မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့ပါသည်။ ပထမမဲအများဆုံးရရှိသောပါတီသည် လူငယ်များဖြင့်ဖွဲ့စည်းထားသော Move Forward ပါတီဖြစ်ပြီး၊ ဒုတိယမဲအများဆုံးရရှိသောပါတီသည် ယခင်ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ သမီးပါတီ ပွေ့ထိုင်းပါတီတို့ ဖြစ်ကြပါသည်။ ပထမ မဲအများဆုံးရရှိသော Move Forward ပါတီသည် မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသောပါတီဖြစ်ပြီ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်ကအာဏာသိမ်းသည့်အချိန်တွင်လည်း ကန့်ကွက်ကြောင်းထုတ်ပြန်ခဲ့သလို မဲစောက်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကို ထိုင်းအစိုးရက မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ထံ အပ်နှံသည့် အချိန်တွင်လည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

ထို့အပြင် Move Forward ပါတီသည် ဇွန်လ ၁၁ ရက်နေ့ကလည်း ပါတီခေါင်းဆောင်က Twitter အကောင့်တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ်  စစ်ကောင်စီက မတရားထောင်ဒဏ်ချမှတ်မှုများကို ကန့်ကွက်ကြောင်းနှင့် မြန်မာ့ဒီမိုအရေစီအရေးနှင့် ငြိမ်ချမ်းရေးဖြစ်စဥ်များအတွက် နိုင်ငံရေးအကျဥ်သားများအားလုံး လွတ်ပေးဖို့ကိုလည်း ရေးသားတောင်းဆိုခဲ့ပါသည်။ Move Forward ပါတီအနေဖြင့် မြန်မာ့အရေးကို အစဉ်တစိုက်စောင့်ကြည့်နေပြီး စစ်အာဏာရှင်များ၏ လူမဆန်သည့် လုပ်ရပ်များကို လက်မခံသည့် ထိုင်းနိုင်ငံအတွင်းမှ နိုင်ငံရေးပါတီတခုဖြစ်သည်။ တလျောက်လုံး စစ်တပ်အာဏာသိမ်းမှုကို လက်မခံခဲ့သလို အတိုက်အခံပါတီအဖြစ်လည်း ရပ်တည်ခဲ့သည့်ပါတီဖြစ်သည်။ ယခုလို ရွေးကောက်ပွဲအပြီးသည် ထိုင်းပြည်သူများက တိကျသည့် ဆုံးဖြတ်ချက်တခုကို ချမှတ်လိုက်ကြသည် အဲဒါကတော့ စစ်တပ်နှင့် ဆက်စပ်သည့်  ပါတီကိုမရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။လူငယ်များတက်ကြွလှုပ်ရှားသူများလူ့အခွင့်အရေးနှင့်ဒီမိုကရေစီရေးလိုလာသူများကိုသာမဲပေးခဲ့ကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ရွေးကောက်ပွဲအပြီး မေလ ၁၅ ရက်နေ့ မီဒီယာများနှင့်တွေ့ဆုံချိန်တွင်လည်း Move Forward ပါတီသည် မြန်မာပြည်သူများနှင့်အတူ ကိုယ်စိတ်နှလုံး အတူတူရှိနေပေးပြီး အာဆီယံအကျိုးစီပွားအတွက် တည်ငြိမ်မှု ကိုလိုလားပြီး လူသားချင်စာနာနားလည်မှု ဆိုင်ရာအနေဖြင့် မြန်မာဒုက္ခသည်တွေဆီကို ကုလသမဂ္ဂ၏ အကူအညီတွေရောက်ဖို့ နည်းလမ်းတွေကိုရှာဖွေသွားမည်ဖြစ်ကြောင်း၊ ထိုင်းပြည်သူတွေဆီမှရရှိသော အခွန်အခများသည် မြန်မာ့စစ်ကောင်စီတပ်ထံ အထောက်အပံ့မဖြစ်စေဖို့ကိုလည်း နိုင်ငံခြားရေးမူဝါဒအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း စစ်ကောင်စီလိုက်နာဖို့ တိုက်တွန်းသွားမှာဖြစ်သလို Burma Art ကိုအမေရိကန်ကပြဌာန်းလိုက်တာဟာအရေးကြီးပြီးဒီအစီအစဥ်အောင်မြင်အောင်ဖော်ဆောင်နိုင်ရန်အတွက်လည်းနိုင်ငံတကာနှင့်ကြိုးစားသွားမှာဖြစ်တယ်လို့အာဏာရပါတီအကြီးအကဲကပြောကြားခဲ့ပါသည်။ယခုရွေကောက်ပွဲတွင်မဲအများဆုံးနှင့်အနိုင်ရရှိခဲ့သောအတိုက်အခံပါတီသည်လူငယ်များဖြင့်ဖွဲ့စည်းထားသည့်အပြင်စစ်တပ်ကိုနိုင်ငံရေးလောကမှအပြီးအပိုင်တိုက်ထုတ်မည်ဟူသောစကားများလည်းထိုင်းနိုင်ငံရေးလောကတွင်ကြားသိထားရပါသည်။

ထိုင်းနိုင်ငံ၏နိုင်ငံရေးအပြောင်းအလဲသည်လည်းမြန်မာ့ဒီမိုကရေစီးအရေးအတွက်အကျိုးသက်ရောက်မှုရှိလာမည်မှာသေချာပါသည်။သို့သော်စစ်တပ်သည်အာဏာသိမ်းမှုကိုမလုပ်ပါဘူးဟုကတိပေးထားသော်လည်းအာဏာယစ်မူးသူတို့သည်လက်နက်အားကိုးဖြင့်ပြည်သူများကိုကားအမြဲအနိုင်ကျင့်သတ်ဖြတ်မှုများပြုလုပ်နေကြသည်။နိုင်ငံတွင်လည်းစစ်တပ်ကမကြာခဏအာဏာသိမ်းခဲ့သည့်မှာပြောကြားခဲ့ပြီးဖြစ်တယ်။အာဏာသိမ်းလိုက် ရွေးကောက်ပွဲပြန်လုပ်လိုက် ပုံစံကိုပြန်သွားနေသည်မှာထင်ရှားနေသော်လည်း ပြည်သူများသည်စစ်တပ်အုပ်ချုပ်မှုအောက်မှာမနေနိုင်တော့သည်ကို ရွေးကေက်ပွဲတွင်သက်သေပြပြီးဖြစ်သည်။ ပြည်သူကရွေးချယ်တင်မြှောက်သည့်နိုင်ငံရေးပါတီကိုအာဏာမအပ်နှံပါက မထင်မှတ်ထားတာတွေ ထိုင်းနိုင်ငံအတွင်းမှာပေါ်ပေါက်လာနိုင်ပါတယ်။ရွေ့လျားပြောင်းလဲလာသည့်အချိန်နှင့်အမျှလူထုသည်အရာရာကိုဖိနှိပ်မခံလူ့အခွင့်အရေးနှင့်ဒီမိုကရေစီရေးအတွက်တွန်းလှန်တိုက်ပွဲဝင်ရန်အဆင်သင့်ဖြစ်နေနိုင်ပါသည်။

စစ်အာဏာရှင်များအသက်သွင်းထားသည့်စစ်တပ်သည်တစ်ဗိုလ်ကျတစ်ဗိုလ်ဆင်းဗိုလ်လုပ်ချင်သည့်စိတ်ဓာတ်အပြည့်အဝရှိနေသည်မှာယုံမှားသံသယဖြစ်စရာမရှိပါ၊ယခုဆိုလျှင်မြန်မာနှင့်အိမ်နီးချင်းထိုင်းနိုင်ငံသည်လည်းစစ်အုပ်ချုပ်ရေးအောက်မှာသာရှိနေခြင်းဖြစ်သည်။အနိုင်ရပါတီအာဏာရှိရေးစစ်တပ်အတွင်းမှပြည်သူ့ဆန္ဒအရေးထားရေးအတွက်အစိုးရဖွဲ့စည်းမှုတွင်အနိုင်ရပါတီကိုအစိုးရဖွဲ့နိုင်ရေးပြည်သူများတိုက်တွန်းနှိုးဆော်နေကြသည်။စစ်တပ်အုပ်ချုပ်မှုအောက်မှရုန်းထွက်ဖို့ရှိသမျှအားသွန်ခွန်စိုက်ပြည်သူများကားရွေးချယ်ခဲ့ကြပြီးဖြစ်သည်။

သို့ပေမဲ့စစ်တပ်ကြီးစိုးမှုကိုလက်ခံနိုင်သူတချို့ဒါမှမဟုတ်စစ်တပ်ကဖန်တီးထားသည့်တပ်ထောက်ခံသူများလည်းတွေ့နေရပါသည်။ပဋိပက္ခဖြစ်လေစစ်တပ်ကြိုက်လေနိုင်ငံမတည်ငြိမ်လေစစ်တပ်ကြိုက်လေဖြစ်မှာစိုးရိမ်စရာရှိပါတယ်။သက်ဆင်ရှင်နာဝပ်ကိုဖြုတ်ချပြီးစစ်တပ်အာဏာသိမ်းမှု၄နှစ်ပြည့်၂၀၁၀ခုနှစ်စက်တင်ဘာလမှာလည်းဘန်ကောက်နဲ့ချင်းမိုင်မြို့မှာထိုင်းရှပ်နီဝတ်တွေစစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေလုပ်ခဲ့ပါတယ်။ယင်းဆန္ဒပြပွဲမတိုင်ခင်ဆန္ဒပြခဲ့ကြတဲ့ရှပ်နီတွေကိုကိုတော့စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ဒါ့ကြောင့်ထိုင်းစစ်တပ်မှာလည်းပြည်သူဆိုတာထက်ဆန္ဒပြပွဲတွေဖြစ်လာရင်အကြမ်းဖက်ဖြိုခွင်းတဲ့လုပ်ရပ်တွေလုပ်ပါတယ်။ထိုင်းပြည်သူလူငယ်များသည်လည်းမြန်မာနိုင်ငံ၏စစ်တပ်အာဏာသိမ်းမှုအတွင်းကြိုးပမ်းမှုများနှင့်စစ်အာဏာရှင်တို့၏ရက်စက်မှုများကိုမျက်ဝါးထင်ထင်တွေ့မြင်နေကြရသူများဖြစ်သည်။

ထိုင်းစစ်တပ်သာနိုင်ငံတော်အာဏာကိုထပ်ယူထားချင်တယ်သဘောထားမမှန်ဘူးဆိုရင်တော့ထိုင်းနိုင်ငံအတွင်းပြည်သူများရဲ့သဘောထားဟာလည်းလမ်းမပေါ်တွေမှာထပ်ပေါ်လာနိုင်ပါတယ်။ အဲလိုအချိန်မှာစစ်တပ်နှင့်စစ်တပ်ထောက်ခံသူများသည်ပဋိပက္ခကိုမဖန်တီးဟူ၍ပြေမရပါ။ဘာ့ကြောင့်လည်းဆိုလျှင်လက်နက်ရှိသူများနှင့်ယန္တရားကိုဆုပ်ကိုင်ထားသူများသည်မိမိကိုယ်မိမိအင်အားကြီးလှပြီဟုထင်မှတ်ထားလို့ဖြစ်သည်။သို့သော်လည်းစစ်တပ်တွင်းမှာလည်းအကျိုးစီးပွားကြောင့်သဘောထားကွဲလွဲမှုများရှိနေနိုင်သည်၊သဘောထားမှန်သည့်စစ်သားစစ်စစ်တွေလည်းရှိနေနိုင်သည်။ထိုင်းနိုင်ငံရေးမှာဘာတွေဖြစ်လာမလဲစောင့်ကြည့်ကြအုံးမည်။ ထိုင်းနိုင်ငံတွင်ရွေးကောက်ခံအစိုးရအုပ်ချုပ်မှုအောက်ရောက်လာပြီဆိုပါကရွှေ့ပြောင်းလုပ်သားများနှင့်စစ်ဘေးရှောင်များ၊ဒုက္ခသည်များအတွက်တော့လူသားချင်းစာနာမှုများယခုထက်ပိုရရှိလာမှာတော့သေချာပါသည်၊ထို့အတူပဲထိုင်းပြည်သူများသည်လည်းဒီမိုကရေစီရဲ့လွတ်လပ်မှုအရသာကိုပြန်ခံစားကြရမည်ဖြစ်သည်။

Red News Agency

By Editor