PDF စခန်းများနှင့် စစ်ကြောင်းများ ဘာ့ကြောင့် တိတိကျကျ တိုက်ခိုက်ခံနေရလဲ

စစ်ကောင်စီတပ် အသုံးပြုနေသည့် DF ခေါ် Directional  Finder စက်အမျိုးအစားသည် တိုင်းရင်းသားလက်နက်ကိုင်များ အချင်းချင်းပြောဆို ဆက်သွယ်သောလှိုင်းနုန်းများကို Scanဖတ်ပြီး ရရှိလာသောလှိုင်းနှုန်း၏ အရပ်ဒေသကိုသိရှိရန်အတွက် Google Map ပေါ်တွင်တင်၍စက်လှိုင်းနှုန်းထုတ်လွင့်မှုတည်နေရာကိုရှာဖွေနိုင်

အောင်ဇေ

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် လွန်ခဲ့သော ၁၀စုနှစ်တခုအတွင်း Cyber Warefare ခေတ်မှိနည်းပညာဆက်သွယ်ရေးနှင့်ကြားဖြတ်ဖမ်းခြင်းများ Jummer များကို အစ္စရေး၊ ဩစတြေးလျနှင့်တရုတ်နိုင်ငံများ မှ ဝယ်ယူပြီး စတင်အသုံးပြုလာခဲ့ပါသည်။ ထိုနိုင်ငံများမှဝယ်ယူထားသောစက်ပစွည်းများတွင် ဆက်စွယ်ရေးစက်များကို ကြားဖြတ်ဖန်းယူနိုင်သောစက်များ ၊ဆက်သွယ်ရေးစက်များ၏ locationများကို ရှာဖွေသောစက်များနှင့် Bomb Jummer များ၊ Frequency jummerများနှင့် နည်းပညာမြင့်မားသော တယ်လီဖုန်းလိုင်းများ ကြားဖြတ်ဖမ်းယူရေးစက်များကို အသုံးပြုလာခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်းများ၏ ဆက်သွယ်ရေးစက်မှပြောဆို နေသောစစ်ရေးလှုပ်ရှားမှုသတင်းများကို ICR6500 ကြားဖြတ်ဖမ်းယူရေးစက်၊ HF intercept ကြားဖြတ်ဖမ်းယူရေးစက်၊ Directional Finder ကြားဖြတ်ဖမ်းယူရေးနှင့်ရပ်ညွန်ရှာဖွေရေးစက်များကိုအသုံးပြုပြီတိုင်းရင်သားလက်နက်ကိုင်များ၏စစ်ရေးလှုပ်ရှားမှုများကိုအချိန်ပြည့်စောင့်ကြည့်လျက်ရှိပါသည်။

တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက်အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်းများဖွင့်လှစ်ပြီ၎င်းတပ်အောက်တွင်ကြားဖြတ်ဖမ်းယူရေးတပ်ခွဲတစ်ခွဲဖွဲ့စည်း၍အရာရှိတစ်ဦးဦးစီးကာတိုင်းရင်းသာဘာသာစကားနားလည်တက်ကျွမ်းသောစစ်သည်များနှင့်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိတိုင်ရင်းသားလက်နက်ကိုင်များ၏သတင်းများနှင့်စစ်ရေးလှုပ်ရှားမူ့များကိုမျက်ခြေမပြတ်စောင့်ကြည့်လျက်ရှိပါသည်။

ယခုလက်ရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေးတပ်များ ကြားဖြတ်ဖမ်းယူရေးစက်များသည် Frequency များအား Scanလုပ်၍ ကြားဖြတ်ဖမ်းယူရသောကြောင့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ဆက်သွယ်ရေးစက်များအသုံးပြုရာတွင် လှိုင်းနှုန်းများအား တသတ်မှတ်တည်း အသုံးပြုခြင်း မပြုရန်နှင့် လှိုင်းနုန်းများအား ပြောင်းလဲအသုံးပြုပြီး ဝှက်စာနည်းများဖြင့်သာ ဆက်သွယ်ပြောဆိုကြရန်လိုအပ်ပါသည်။

စစ်ရေးတွင် ဆက်သွယ်ရေးသည်အရေးကြီးသည့်အချက်ဖြစ်သည့်အလျောက် သတင်းဦးရရှိရေးအတွက် စစ်ကောင်စီတပ်သည် နည်းမျိုးစုံဖြင့် ပြုလုပ်နေခြင်းဖြစ်သည်။ စစ်ကောင်စီတပ် အသုံးပြုနေသည့် DF ခေါ် Directional  Finder စက်အမျိုးအစားသည် တိုင်းရင်းသားလက်နက်ကိုင်များ အချင်းချင်းပြောဆို ဆက်သွယ်သောလှိုင်းနုန်းများကို Scanဖတ်ပြီး ရရှိလာသောလှိုင်းနှုန်း၏ အရပ်ဒေသကိုသိရှိရန်အတွက် Google Map ပေါ်တွင်တင်၍စက်လှိုင်းနှုန်းထုတ်လွင့်မှုတည်နေရာကိုရှာဖွေနိုင်ပါသည်။

Directional  Finder စက်အမျိုးအစားအသုံးပြုပြီး စစ်ကောင်စီတပ် တိုက်ခိုက်လာသည်ဟု ယူဆချက်များကို တွေ့ရှိလာသည်။ မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြားရှိ ကျားဖြူစစ်ကြောင်း () တပ်ခွဲ () စခန်းနှင့် CNDF ၏ ဌာနချုပ်စခန်း တိုက်ခိုက်ခံရမှုတို့သည် မိမိတို့ တည်နေရာများမှ ထုတ်လွင့်နေသော Frequency လှိုင်းနှုန်းများကို စစ်ကောင်စီတပ်မှ ကြားဖြတ်ဖမ်းယူရရှိပြီး ရရှိထားသောတည်နေရာနှင့် သတင်းအချက်အလက်များကို လေတပ်သို့ ပေးပို့သည့်အတွက် လေတပ်မှလေကြောင်းဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်၏ ဆက်သွယ်ရေး လုံခြုံမှုမှ တပ်ကြပ်ကြီးကလည်း ပြောကြားထားသည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် KIA အရာရှိ ဇော်ဆိုင်းပါအဝင် PDF (၁၀) ဦး သေဆုံးခဲ့သည့်ကိစ္စမှာလည်း စစ်ကောင်စီတပ်မှ ဆက်သွယ်ရေးလိုင်းကတဆင့် သတင်းရရှိခဲ့သည့်အတွက် အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့တာ ဖြစ်သည်ဟု ဆက်ကွယ်ရေး လုံခြုံမှုမှ တပ်ကြပ်ကြီးက အတည်ပြုပေးထားသည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေဖြင့် ဆက်သွယ်ပြောဆိုရာတွင် Frequencyလှိုင်းနှုန်းများအား တစ်သတ်မှတ်တည်အသုံးပြုခြင်းကို ရှောင်ရှားက လှိုင်းနှုန်းပြောင်းလဲအသုံးပြုကြရန်နှင့် ဆက်သွယ်ရေးစက်များကိုလည်း လူနေအဆောက်အဦးများ၊ အုပ်ချုပ်မှုအဆောက်အဦးများနှင့် ဝေးသသည့်နေရာတွင် ဆက်သွယ်ပြောဆိုရန်လိုအပ်ပါသည်။ တယ်လီဖုန်းဆက်သွယ်ပြောဆိုရာတွင်လည်း Location ရှာဖွေမှုမခံရစေရန် GPS ကိုပိတ်၍ပြောဆို ရန်လိုအပ်ကြောင်း တော်လှန်ရေးရဲဘော်များအားလုံးကို အသိပေးတင်ပြလိုက်ပါသည်။

#RedNewsAgency

By Editor