Thailand

စိတ်ဝင်စားစရာများနှင့်ထိုင်းနိုင်ငံရေးအပြောင်းအလဲ

စိတ်ဝင်စားစရာများနှင့်ထိုင်းနိုင်ငံရေးအပြောင်းအလဲ

"အာဏာသိမ်းလိုက် ရွေးကောက်ပွဲပြန်လုပ်လိုက် ပုံစံကိုပြန်သွားနေသည်မှာထင်ရှားနေသော်လည်း ပြည်သူများသည်စစ်တပ်အုပ်ချုပ်မှုအောက်မှာမနေနိုင်တော့သည်ကို ရွေးကေက်ပွဲတွင်သက်သေပြပြီးဖြစ်သည်။ ပြည်သူကရွေးချယ်တင်မြှောက်သည့်နိုင်ငံရေးပါတီကိုအာဏာမအပ်နှံပါက မထင်မှတ်ထားတာတွေ ထိုင်းနိုင်ငံအတွင်းမှာပေါ်ပေါက်လာနိုင်ပါတယ်။ရွေ့လျားပြောင်းလဲလာသည့်အချိန်နှင့်အမျှလူထုသည်အရာရာကိုဖိနှိပ်မခံလူ့အခွင့်အရေးနှင့်ဒီမိုကရေစီရေးအတွက်တွန်းလှန်တိုက်ပွဲဝင်ရန်အဆင်သင့်ဖြစ်နေနိုင်ပါသည်" အောင်ဇေ ထိုင်းနိုင်ငံသည်မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံဖြစ်ပြီးမြန်မာ့ဒီမိုကရေစီအရေး၊ရွေ့ပြောင်းလုပ်သားများ၏အရေးစစ်ဘေးရှောင်နယ်စပ်ဖြတ်ကျော်သူများအရေးစသည့်ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေသည့်မြန်မာနိုင်ငံသားများသည်ထိုင်းနိုင်ငံ၏နိုင်ငံရေးအပြောင်းအလဲအပေါ်မူတည်၍များစွာပြောင်းလဲအကျိုးသက်ရောက်မှုရှိလာနိုင်ပါသည်။ထိုင်းနိုင်ငံသည်စစ်တပ်အာဏာသိမ်းထားသည်မှာ၁၉၃၂ခုနှစ်မှ၂၀၁၄ခုနှစ်အထိစုစုပေါင်းအောင်မြင်သောအာဏာသိမ်းမှုနှင့်မအောင်မြင်သောအာဏာသိမ်းမှုအပါအဝင်စုစုပေါင်း၁၉ကြိမ်ထိရှိခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီး ၂၀၁၉ခုနှစ်တွင် ရွေးကောက်ပွဲတစ်ကြိမ်ပြုလုပ်ခဲ့ပြီ စစ်တပ်၏အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီးပရာရွတ်က ဝန်ကြီးချုပ်ရာထူးဖြင့်တာဝန်ထမ်းဆောင်ခဲ့သသည်မှာ ယခုအချိန်ထိ ဖြစ်ပါသည်။ ယခုပြုလုပ်ခဲ့သည့်ရွေးကောက်ပွဲတွင်းလည်း နိုင်ငံရေးပါတီ ၇၀ ကျော်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသည် စစ်တပ်က အာဏာသိမ်းခြင်းကို လက်မခံနိုင်သည့် အတိုက်အခံပါတီများစွာရှိပါသည်။ ယခုလက်ရှိ ဝန်ကြီးချုပ် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးပရာရွတ်သည် ၂၀၂၃ ခုနှစ်မေလတွင် လွတ်လပ်ပြီတရားမျှတသောဒီမိုကရေစီရွေကောက်ပွဲတွင် ၎င်း၏ ပါတီ ရှုံးနိမ့်ခဲ့မည်ဆိုပါလျှင် အိမ်ပြန်ပြီ နိုင်ငံရေးလောကမှ ထွက်ခွာသွားမည်ဟု မေလ ၁၁ ရက်နေ့က သတင်းမီဒီယာများနှင့်တွေ့ဆုံစဥ်ပြောကြားခဲ့သလို လက်ရှိ စစ်တပ်အကြီးအကဲကလည်း ထိုင်းစစ်တပ်က နောက်တကြိမ်အာဏာသိမ်းမှု…
Read More
ထိုင်းနိုင်ငံရေး အပြောင်းအလဲကြောင့် ရွေ့ပြောင်းလုပ်သားများနှင့် နိုင်ငံရေးခိုလှုံသူများအရေး ယခုထက်အကူအညီရနိုင်သည်ဟု မျှော်လင့်နေ

ထိုင်းနိုင်ငံရေး အပြောင်းအလဲကြောင့် ရွေ့ပြောင်းလုပ်သားများနှင့် နိုင်ငံရေးခိုလှုံသူများအရေး ယခုထက်အကူအညီရနိုင်သည်ဟု မျှော်လင့်နေ

RNA_မေ(၁၆)၊၂၀၂၃ ခုနှစ်။   ထိုင်းနိုင်ငံတွင် လူထုကတင်မြှောက်လိုက်သည့် အစိုးရအပြောင်းအလဲတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် ရွေ့ပြောင်းလုပ်သားများအရေးနှင့် နိုင်ငံရေးခိုလှုံသူများအရေး အထောက်အကူဖြစ်နိုင်သည်ဟု မျှောင်လင့်ထားကြောင်း မြန်မာဒီမိုကရေစီရေးတွင် ထဲထဲဝင်ဝင်ပါဝင်နေသူများထံမှ သိရသည်။   ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က ထုတ်ပြန်သည့် ထိုင်းနိုင်ငံ၏ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် Move forward Party ( พรรคก้าวไกล )က လွှတ်တော်ကိုယ်စားလှယ်အများဆုံး ရွေးကောက်တင်မြှောက်ခံထားရပြီး အခြားမဟာမိတ်များနှင့် ပူးပေါင်းက ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေကြောင်း၊ ရွေးကောက်ပွဲအနိုင်ငံ Move forward Party ( พรรคก้าวไกล )သည် မြန်မာနိုင်ငံမှ စစ်အာဏာရှင်များ၏ လုပ်ရပ်များကို လက်မခံနိုင်သည့် ပါတီဖြစ်ကြောင်း…
Read More