သတိထားစရာ စစ်ကောင်စီတပ်၏ အောက်တန်းကျမှုများ

သတိထားစရာ စစ်ကောင်စီတပ်၏ အောက်တန်းကျမှုများ

"တိုက်ပွဲများပြင်းထန်နေသည့် ကရင်ပြည်နယ်အတွင်း KNU အပါအဝင် ပြည်သူ့တော်လှန်ရေးအင်အားစုများ၏ ဖုန်းဖြင့်ဆက်သွယ်ပြောကြားချက်အပါအဝင် ဆက်သွယ်ရေးစက်များဖြင့် ပြောကြားချက်များကို ကြားဖြတ်နားထောင်နေသည့် မှတ် (၈) အဆင့်မြင့်ဆက်သွယ်မှုတပ်ရင်းသည် တောင်ငူမြို့တွင် တည်ရှိနေ" အောင်ဇေ ဗမာစစ်တပ်သည်ပြည်သူများကိုသတ်ဖြတ်၊ ဖမ်းဆီးနှိပ်စက်မှုများထက် ဆိုးသွန်းယုတ်မာသည့်ကိစ္စများရှိမြင်မဟုတ်ဟု ထင်ရသော်လည်း စစ်အရေးအသာစီးရယူလိုမှုဖြင့် ဆက်သွယ်ပြောဆိုချက်များကို စဉ်ဆက်မဖြတ်စောင့်ကြည့်နေသည့် အောက်တန်းကျမှုတခုအကြောင်း ပြောပြချင်ပါသည်။ နွေဦးတော်လှန်ရေးကာလပထမအစပိုင်းတွင် ပြည်သူများသည် ဆက်သွယ်ရေးနှင့်ပတ်သက်ပြီး ဖုန်းပြောချက်များ မလုံခြုံဟုပြောဆိုခဲ့ကြသည်ကို မှတ်မိအုံးမည်ထင်ပါသည် အဲဒါဟာအမှန်ဖြစ်ကြောင်း ပြောကြားလိုပါသည်။ ယခုပြောပြချင်သည့်အကြောင်းကတော့ ပြည်သူတွေနေ့စဉ် ပြောကြားနေသည့် ဖုန်းလိုင်းများထက် ပိုအရေးကြီးသည့် စစ်ရေးကိစ္စများကို ပြောမှာဖြစ်သည်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ယခုမှ ဒါမျိုးကိုလုပ်နေတာမဟုတ်ဘဲ ယခင်ကတည်းက လုပ်ဆောင်နေသည်ကို ပထမဆုံး ပြောကြားချင်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တွေ NCA လက်မှတ်ရေးထိုးပြီးပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်စဉ်ကာလကတည်းက…
Read More
စစ်ကောင်စီတပ်အတွင်း ပြိုကျနေသည့် အင်အား

စစ်ကောင်စီတပ်အတွင်း ပြိုကျနေသည့် အင်အား

“ဝ“ တပ်နှင့်မိုင်းလားတို့ကိုထိမ်းချုပ်ဖို့ပြင်ဆင်ထားသည့် စစ်ကောင်စီတပ်တွေမှာဘယ်တုန်းကမှ မကြုံဖူးခဲ့သည့်အနေအထားကို ကြုံတွေ့နေကြရတာကတော့ ကယားနှင့်ချင်းပြည်နယ်ဘက် တပ်အင်အား လွှတ်နေရတာခြင်းဖြစ်သည်။ ကယားပြည်နယ်တိုက်ပွဲများဘက်စစ်ကူသွားနေကြသည့်အခါ နယ်မြေမကျွမ်းကျင်မှုကြောင့် အသေအဆုံးများနေကြရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်မှာ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမကွေးတိုင်းများတွင် နေ့စဉ်သေဆုံးနေရပြီး နောက်တန်းအင်အားနည်းပါးနေကြသည် အောင်ဇေ အာဏာသိမ်းပြီးနောက်စစ်ကောင်စီလက်အောက်ခံ တပ်အင်အားပြဿနာသည် တိုင်ရင်းသားလက်နက်ကိုင်များနှင့် PDF ရဲဘော်များအားစစ်မျက်နှာအသီးသီးတွင်ရင်ဆိုင်နေရသည့်အခြေအနေများမှာတော်တော်ဆိုးဆိုးရွားရွားကျဆင်းလာခြင်းဖြစ်နေသည်။မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာတွင်လည်းများစွာကျဆုံးထိခိုက်ဒဏ်ရာရရှိခြင်း၊စခန်းများဝင်ရောက်တိုက်ခိုက်ခံရချိန်တွင်လည်းထိခိုက်ကျဆုံးမှုများစွာရှိခြင်းနှင့်တပ်ပြင်ထွက်ပါကလည်းပစ်ခတ်ရှင်းလင်းခံခြင်းများမှာနေ့စဉ်ဖြစ်ပွားနေသည်။ မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အင်အားသည် သိသိသာသာထိခိုက်ကျဆင်းလာတာကို တွေ့ရှိနေရသည်။ ဥပမာ အနေဖြင့်ချင်းပြည်နယ်တွင် ဖြစ်ပွားသည့်တိုက်ပွဲများကိုကြည့်မည်ဆိုပါလျှင် သံချပ်ကားယာဥ်တန်းတိုက်ခိုက်ခံရမှု တွင်ယာဥ်တန်းတစ်ခုလုံးတိုက်ခိုက်ခံရသည့်အပြင် အရာရှိအခြားအဆင့်များစွာလည်း ကျဆုံးထိခိုက်ပြီး သံချပ်ကားယာဥ် ၂ စီးနှင့် အုပ်ချုပ်မှုယာဥ်များ စစ်လက်နက်ပစွည်းများစွားလည်း ပျက်ဆီဆုံးရှုံးခဲ့ရသည်အထိ ဖြစ်ပွားလာသည်ကို တွေ့ရှိရသည်။ အာဏာသိမ်းပြီးနောက်ကျဆုံးမှုများတွင်လည်း ဗျူဟာမူး၊ တပ်ရင်းမူး၊ ဒုတပ်ရင်းမူး၊ ဗိုလ်မူးအဆင့်ထိပါ ထိခိုက်ကျဆုံးမှုများရှိသည်။ ကရင်နီ၊…
Read More
တရုတ်အကျိုးစီးပွားနဲ့ တပ်တွင်းအားပြိုင်မှု ပြင်းထန်တော့မှာလား …….

တရုတ်အကျိုးစီးပွားနဲ့ တပ်တွင်းအားပြိုင်မှု ပြင်းထန်တော့မှာလား …….

မင်းအောင်လှိုင်မဟုတ်သော စစ်ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်ဖို့နဲ့မင်းအောင်လှိုင်ကို ထိုးကြွေးပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ဖို့ ကို ဦးတည်နေတာကို သိသာထင်ရှားစွာမြင်လာရပါတယ်...... ရေဂါ - ရေးသားသည်။ တရုတ်အစိုးရဟာ ၂၀၂၃  နှစ်ဦးပိုင်းကနေ ဒီနေ့အထိ ကို မြန့်မာအရေးနဲ့ပါတ်သက်လို့ ခပ်စိတ်စိတ်ခြေလှမ်းသွက်လုပ်ဆောင်နေတာတွေကိုတွေ့ရပါတယ်။တရုတ်ဟာ မြန်မာပြည်ရဲ့ တရားမျှတမှုမမျှတမှုတွေ အကျပ်အတည်းတွေ ပြည်သူတွေရဲ့ဒုက္ခတွေကိုလုံးလုံးစိတ်မဝင်စားပဲ ၎င်းတို့ရဲ့အကျိုးစီးပွားတွေမထိခိုက်ဖို့နဲ့အလုံးစုံ လက်ဝေခံနိုင်ငံတစ်ခုအဖြစ် သူ့လက်အောက်မှာထားရှိနိုင်ရေးကိုသာ ဦးတည်စဉ်းစားနေတာဖြစ်ပါတယ်။ မြန်မာပြည်ဟာတရုတ်ရဲ့ပထဝီဝင်နိုင်ငံရေးအရ အိမ်နီးချင်း ခြံစည်းရိုးတစ်ခုဖြစ်သလို ပင်လယ်ထွက်ပေါက်တစ်ခုလည်းဖြစ်နေပြန်ပါတယ်။ ရခိုင်ကမ်းရိုးတန်းကနေ တနင်္သာရီအထိ ၁၃၈၅ မိုင်ထိ ကျယ်ပြန့်တဲ့ပင်လယ်ထွက်ပေါက်နဲ့သဘာဝဓာတ်ငွေ့သိုက်တွေ ဟာလဲ တရုတ်ရဲ့မျက်စိကျစရာ ကမ္ဘာ့ပါဝါချိန်ခွင်လျှာမှာ အသာစီးရစေရေးအတွက် ဗျူဟာမြောက်နေရာတစ်ခုဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီလို သူရဲ့ကမ္ဘာ့နံပါတ်တစ်ဖြစ်လာ ဖို့ အိပ်မက်အကောင်အထည်ဖော်ရမှာအရေးပါတဲ့မြန်မာပြည်မှာ မတည်မငြိမ်ဖြစ်နေတာမျိုးကိုသူမလိုလားသလို အားလုံးတစ်ညီတစ်ညွတ်တည်းစည်းလုံးနေမှာမျိုးကိုလဲသူမလိုလားပါဖူး။ဒါကြောင့် ရှုံးနိုင်ချေများနေတဲ့…
Read More
တော်လှန်ရေးသည်ကလဲ့စားမဟုတ်

တော်လှန်ရေးသည်ကလဲ့စားမဟုတ်

"ငါတို့တော်လှန်းရေးလုပ်နေတယ်ဆိုတာ ကလဲ့စားချေနေတာမဟုတ်ဘူး။ သူတို့ယုတ်မာသလို ငါတို့ ပြန်မယုတ်မာဘူး။ ငါ့ရဲဘော်တွေထဲမှာ ရွာလုံးကျွတ်မီးရှို့ခံရပြီး မိသားစုဝင်တွေ ရက်ရက်စက်စက်သတ်ခံရလို့ ဝင်လာတဲ့သူတွေ အများကြီး။ သူတို့ကိုလည်း တော်လှန်ရေးနဲ့ ကလဲ့စား မရောဖို့ ငါအမြဲမှာတယ်။ ငါတို့က တိုင်းပြည်ကိုအမှန်တကယ်ပြောင်းလဲစေချင်လို့ တော်လှန်နေတာ"   ချမ်းမင်း - CDM တပ်မတော်သား မြန်မာနိုင်ငံရဲ့ တော်လှန်ရေးခရီးဟာ ရက်မှလ လမှနှစ်သို့ကူးပြောင်းလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ တော်လှန်ရေးနဲ့ပတ်သတ်ပြီး အတွေးအမြင်တွေဟာလဲရင့်ကျက်လာကြတယ်။ တော်လှန်ရေးအသိနဲ့ပတ်သတ်ပြီး ပြီးခဲ့တဲ့ရကိပိုင်းက ကြုံတွေ့ခဲ့ရတာလေးကိုပြောပြချင်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်တော်တို့ ခရီးတစ်ခုထွက်ရင်း KNU တပ်ရင်းတစ်ရင်းမှာ ညအိပ်ဖြစ်ကြတယ်။   ကျွန်တော်တို့ရောက်သွားတာ ညနေပိုင်းဆိုတော့ အားကစားလုပ်တဲ့သူနဲ့ သောင်းရင်းမြစ်မှာ ရေဆင်းချိုးတဲ့သူတွေနဲ့ သူတို့ကိုကြည့်ရတာ အတော်လေးပျော်ဖို့ကောင်းနေပါတယ်။ အဲ့က ကရင်စစ်သားတွေက…
Read More
ယုံကြည်ရာ

ယုံကြည်ရာ

CDM လုပ်ခဲ့တဲ့ကျွန်တော် ယုံကြည်ရာတစ်ခုအတွက် တစ်နှစ်ကျော် ၂ နှစ်နီးပါးလျှောက် လာခဲ့တဲ့လမ်းမှာ ခက်ခဲခဲ့ပါတယ်။ ကျွန်တော်အဓိကပြောချင်တဲ့အချက်ကတော့ ကိုယ်ယုံကြည်လို့ လျှောက်တဲ့လမ်းဟာ ကြမ်းရင်ကြမ်းတမ်းနေလိမ့်မယ်၊ ခက်ခဲရင် ခက်ခဲလိမ့်မယ် ဒါပေမဲ့ လဲပြိုမသွားဘူး ဇော်ရဲအောင် (CDM တပ်ကြပ်ကြီး) ကျွန်တော်ရွေးခဲ့တဲ့လမ်းဟာ အရမ်းမှောင်နေတယ်ဆိုပေမဲ့ အလင်းရောင်ကိုမမြင်နိုင်တာတော့မဟုတ်ပါဘူး။ ဟိုးအဝေးတစ်နေရာမှာ ရောင်နီသန်းနေတဲ့ အလင်းမှိန်မှိန်လေးကိုတော့ တွေ့နေရပါတယ်။ အဲဒီအလင်းရောင်လေးနားကိုရောက်ဖို့ ကျွန်တော်ကြိုးစားနေပါတယ် ယုံကြည်ချက်အပြည့်နဲ့ပေါ့။   အရင်ကျွန်တော် CDM လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တဲ့အချိန်တုန်းက ကျွန်တော်ရဲ့အတွေးဟာ ဒီတော်လှန်ရေး နိုင်မယ်ဆိုတာသိတယ် ခက်ခဲမယ်လို့မတွေးခဲ့ဘူးဘူး။ ဒီလိုအတွေးနဲ့ကျွန်တော်ဟာ အကြမ်းဖက်စစ်တပ်ရဲ့အရိပ် ကနေထွက်လာခဲ့ပြီး ပြည်သူ့ဘက်ကို ရပ်တည်ခဲ့ပါတယ်။ လွယ်လွယ်လေး တွေးခဲ့တဲ့ကျွန်တော်ပေါ့။ ပြည်သူ့ဘက်ကိုရပ်တည်လာတဲ့အချိန်မှာလဲ ကျွန်တော်ဘာလုပ်ရမယ်ဆိုတာမသိခဲ့ဘူး။ ဘယ်သူတွေနဲ့ချိတ်ဆက်ပြီး ကိုယ် ဒီတော်လှန်ရေးအတွက်…
Read More
ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဘေးမှလွတ်လာသူ နှစ်ဦးပြောကြားချက်

ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဘေးမှလွတ်လာသူ နှစ်ဦးပြောကြားချက်

RNA_ဧပြီ(၁၈)၊၂၀၂၃ ခုနှစ်။ စစ်တိုင်းတိုင်း၊ ကန့်ကလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ (၁၇၀) ကျော်သေဆုံးခဲ့ရသည့်အထဲမှ လွတ်မြောက်လာသူနှစ်ဦး၏ ပြောကြားချက်ကို တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More
PDF (၃) ဖွဲ့ ပူးပေါင်း တင်ဆက်ထားသည့် တော်လှန်သင်္ကြန်သံချပ်

PDF (၃) ဖွဲ့ ပူးပေါင်း တင်ဆက်ထားသည့် တော်လှန်သင်္ကြန်သံချပ်

RNA_ဧပြီ(၁၇)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းအတွင်း၊ စစ်ကောင်စီတပ်ကို လက်နက်ကိုင်တော်လှန်နေသည့် ညီနောင် မဟာမိတ် PDF (၃) ဖွဲ့ ဖြစ်သည့် Golden Eagle Defence Force - GEDF၊ Myin Mu Defence Force - MMDF၊ Just Fighter Force ရဲဘော်များ ပူးပေါင်းတင်ဆက်ထားသည့် တော်လှန်သင်္ကြန်သံချပ်ကို ပြည်သူများအတွက် တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More
ဥပဒေ စိုးမိုးမှုမရှိတော့တဲ့နောက် ဖားကန့်ကျောက်စိမ်းတွင်း အခြေအနေ

ဥပဒေ စိုးမိုးမှုမရှိတော့တဲ့နောက် ဖားကန့်ကျောက်စိမ်းတွင်း အခြေအနေ

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ဖားကန့်ကျောက်စိမ်းတွင်းတွေကိုဘယ်သူတွေစိုးမိုးနေလဲ၊ဘာ့ကြောင့်တိုက်ပွဲတွေမဖြစ်သလဲ၊ကျောက်စိမ်းတွေကိုဘယ်သူတွေတူးနေကြသလဲဆိုတဲ့အခြေအနေအရပ်ရပ်ကို တင်ပြလိုက်ပါသည်။ Red News Agency
Read More
ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့သည့်စစ်ကောင်စီကို နိုင်ငံတကာမှ အရေးယူနိုင်မည်လား

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့သည့်စစ်ကောင်စီကို နိုင်ငံတကာမှ အရေးယူနိုင်မည်လား

ရိုဟင်ဂျာလူမျိုးသောင်းဂဏာန်အထိသတ်ဖြတ်ခံခဲ့ရပြီးရိုဟင်ဂျာကျေးရွာပေါင်းလေးရာနီးပါးအထိ မီးရှို့ဖျက်ဆီးခံခဲ့ကြရပြီးနိုင်ငံတကာစစ်တမ်းများအရ ရိုဟင်ဂျာအမျိုးသမီးနှင့် မိန်းကလေးငယ်ပေါင်း ၁၈,၀၀၀သည် အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံမှုများနှင့်အခြားသောလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကျူးလွန်ခဲ့ပြီးအနည်းဆုံး ရိုဟင်ဂျာလူမျိုး၂၅,၀၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ကြရသည် BNA(Anailysis) မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လက်ထက်တွင် မြန်မာပြည်အနောက်ဖက်နယ်စပ်၌ လူမျိုးတုံးသတ်ဖြတ်မှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါဖြစ်စဥ်သည် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏အပြီးသတ်အစီရင်ခံစာထုတ်ပြန် သောသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၄ ရက်နေ့ညတွင် စတင်ခဲ့ခြင်းဖြစ်သည်။ ထိုမောင်တော၊ဘူးသီးတောင်၊ရသေ့တောင်သုံးမြို့နယ်ရှိ မြန်မာစစ်တပ်၏ နယ်ခြားစောင့်ရဲကင်းစခန်း ၃၀ ကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဖြစ်သည့် အာဆာအကြမ်း ဖက်အဖွဲ့က တပြိုင်နက်တည်းဝင်တိုက် သည်ကို အကြမ်းဖက်နှိမ်နင်းရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာအစိုးရက ဆိုထားသည်။ (more…)
Read More
“အမေဖုန်းဆက်တော့ အမေ့ကိုလွမ်းတယ်ဗျာ” စစ်မြေပြင်ရှေ့တန်းရဲဘော်တို့၏ ရင်တွင်းစကား

“အမေဖုန်းဆက်တော့ အမေ့ကိုလွမ်းတယ်ဗျာ” စစ်မြေပြင်ရှေ့တန်းရဲဘော်တို့၏ ရင်တွင်းစကား

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။   “အခုဆိုရင် ကျွန်တော့်အမေ နေမကောင်းဘူး အမေဟိုနေ့က ဖုန်းဆက်တယ် အမေဖုန်းဆက်တော့ အမေ့ကို လွမ်းတယ်ဗျာ” ဟု ရဲဘော်တယောက်၏ ရင်တွင်းစကားများနှင့်အတူ ရဲဘော်များ၏ ရင်တွင်းစကားများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ခံယူချက်များ စသည်တို့ကို ပြောကြားထားသည်။ “အာဏာသိမ်းခဲ့တာလည်း ၂ နှစ်ပြည့်ပြီ ကျွန်တော်တို့ ဒီလိုငြိမ်ခံနေရလို့ မရဘူး၊ ဒီလိုနေ့မှာ အရှုံးပေးလို့မရဘူး ဒီလိုဆက်သွားနေလို့ ဘာမှမထူးတော့ဘူး ဒီကောင်တွေကို အမြစ်ဖြတ်​ ချေမှုန်းမှရတော့မယ်”၊ အဖေနဲ့ ဖုန်းပြောဖြစ်တော့ အိမ်က ထမင်းဝိုင်းမှာ ငါးဖယ်ဟင်း ကြည့်ပြိး ငါ့ သားကြီးကို ကြိုက်မှာပဲ အခု ငါ့သားကြီး ဘယ်လိုနေရလဲဆိုပြီး အမေက ငိုတယ်တယ်တဲ့”၊ “ဒီကိုကရေစီဆိုတာ လွယ်လွယ်နဲ့ရတဲ့အရာမဟုတ်ဘူး၊ ကိုယ့်ဘက်က…
Read More