“ချန်ဂင်တို့စခန်း “(၉)

“ချန်ဂင်တို့စခန်း “(၉)

" ခုနောက်ပိုင်း စစ်တပ်က သူ့ဘာသာ မတိုက်တော့ဘူး။ အဲ့ဒါတွေကို လက်နက်ထုတ်ပေးပြီး ချိုကြွအောင် မြှောက်ပေးထားတာ။ ဒီလိုအချိန် ဒီလိုနေရာမျိုးထိအောင်တောင်မှပဲ စစ်တပ်ထောက်ခံသူ လက်ပါးစေတွေက ရှိနေတုန်းပဲလားဆို မအံ့ဩပါနဲ့ " ဒေါက်တာစိုးမင်း ( ဆရာဝန် တော်လှန်ရေးသမား) “ယူတို့တော်လှန်ရေးကြီးက ပြီးရောပြီးဦးမှာလား။ ရှေ့လည်းဆက်မတက်ဘူး။ ဒီနားလေးတင် လည်နေတယ်။ လူတွေ ဒုက္ခရောက်လှပြီ။” လို့ စိတ်စောဝေဖန်တဲ့သူတွေ အများကြီး ရှိပါတယ်။ ကိုယ့်လာပြောရင်တော့ “ဟုတ်တယ်လေ။ အဲ့ဒါ ခင်ဗျားကြောင့်ပေါ့။” လို့ ပြန်ပြောမိမယ် ထင်ပါတယ်။ ကိုယ်တိုင်လည်း ဝင်မရုန်းပဲနဲ့ လှေကြုံစီး လှည်းကြုံစီး ရေသာခိုနေတဲ့သူတွေအတွက်ပါ ဝန်ပိုရုန်းနေရတဲ့အတွက် ခရီးမတွင်တာပါ။ လူစည်ရာပွဲရှာပြီး ဈေးဗန်းခင်းချင်သူတချို့ကြောင့်လည်း ခရီးဖင့်ရပြန်တာပဲ။ ဒီခရီး ဒီပန်းတိုင်ကို…
Read More
“ချန်ဂင်တို့စခန်း “(၈)

“ချန်ဂင်တို့စခန်း “(၈)

ဆေးခန်းမှာ နေ့နေ့ညည ဆက်နေဖြစ်တဲ့အခါ CDM လူနာတွေကို ခွဲဖြစ်တာပေါ့ဗျာ။ သို့သော်ငြား အင်မတန်ကို သတိဝီရိယနဲ့ နေရတာပေါ့။ အရေးပေါ်ထွက်ပေါက်နဲ့ လှေကားကို သော့တောင်းထားရတယ်။ အဝင်အထွက် ဂယ်ပေါက်လေးတွေ ရှာရကြည့်ရတယ်။ အစစ်အဆေး လမ်းကြောင်းတွေကို လှစ်လှစ်ကလေးနေအောင် သိရတယ်။ စစ်ကားတွေတားစစ်နေရင် မီးပွိုင့် ၂ ခုစာလောက်ကနေ လှမ်းမြင်တတ်ရတာ။ ဆေးခန်းရှိတဲ့လမ်းထိပ်မှာ light truck တစ်စီးနဲ့ အရပ်ဝတ်တွေ လာရပ်နေရင် တိမ်းရတယ် သူငယ်ချင်းက သော့ပေးထားတဲ့ အခန်းလေးဆီကို ဒေါက်တာစိုးမင်း ( ဆရာဝန်တော်လှန်ရေးသမား) ခုရက်ပိုင်းအတွင်း ညကြီးသန်းကောင် လူနာလာလာနှိုးလို့ အိပ်ရတယ် မရှိပါဘူး။ လူနာမလာလည်း လေယာဉ်က လာပြန်တယ်။ လာပစေဟာ။ ဗုံးကျသံမကြားလို့ကတော့ ဆက်အိပ်မှာပဲ။ လေယာဉ်သံကြားတိုင်း…
Read More
“ချန်ဂင်တို့စခန်း ” (၇)

“ချန်ဂင်တို့စခန်း ” (၇)

မြို့ပေါ်မှာ လက်နက်မရှိတဲ့ အရပ်သားတွေအပေါ် တရားဥပဒေမဲ့ အနိုင်ကျင့်ချင်တိုင်း ကျင့်နေတဲ့သတင်းတွေကြောင့် တောထဲကလူတွေကတောင် မြို့ပေါ်ကို ပြန်ပူနေရသေး။ လက်နက်ရှိတဲ့သူအချင်းချင်းဆို ထိုင်ရှိခိုးမတတ် ကြောက်အားပိုသလောက် အရပ်သားပြည်သူကျတော့ အသက်ကိုဖက်ရွက်လောက်တောင် ပမာမထား နိုင်စားနေပုံ၊ အခြေအနေနှစ်ရပ်စလုံးကို ကိုယ်တွေ့မျက်မြင် ကြုံတွေ့ရတဲ့အခါမှာ ကိုယ်တို့အတွက် လွတ်မြောက်ရေးလမ်းစဉ်ဆိုတာ လက်နက်ကိုင်လမ်းစဉ်ကလွဲလို့ တခြားမရှိဘူးလို့ ဘဝပေးအသိအဖြစ် နားလည်လာရပါတယ်။ ဒေါက်တာစိုးမင်း ( ဆရာဝန် တော်လှန်ရေးသမား) ၂.၂.၂၀၂၂ မှာ ဘာတွေ ထူးခြားသလဲ မေးရင် မွေးလူနာ နှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ရောက်လာပြီး အပြိုင်အဆိုင် ဗိုက်နာလို့ ဂိုးဖမ်းပြိုင်ပွဲကြီး ကျင်းပရတာပါပဲ။ မထင်မိဘူးလေ။ တောထဲတောင်ထဲလာပြီး ဗိုက်ချင်းပြိုင်နာလိမ့်မယ်လို့။ မွေးခန်းလည်း ၂ နေရာပြင်ရတယ်။ ပစ္စည်းကိရိယာတွေလည်း ၂ စုံစာ…
Read More
ယနေ့ အသံတိတ်သပိတ်ကို အကျဉ်းထောင်အတွင်းမှ နိုင်ကျဉ်းများ ပါဝင်မည်

ယနေ့ အသံတိတ်သပိတ်ကို အကျဉ်းထောင်အတွင်းမှ နိုင်ကျဉ်းများ ပါဝင်မည်

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ အကျဉ်း ထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ယနေ့ ပြည်သူတရပ်လုံးပါဝင်သည့် Silence Strike (အသံတိတ်သပိတ်) နိုင်ငံရေးလှုပ်ရှားမှုနှင့် ဒီမိုကရေစီရေးအတွက် ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားသော အာဇာနည်များအား ၂မိနစ်ခန့် ငြိမ်သက်မတ်တပ် ရပ် အလေးပြုသွားမည်ဖြစ်ပါသည်ဟု ထောင်တွင်းရဲဘော်များ၏ ပေးစာတွင် ဖော်ပြထားသည်။ စစ်အာဏာရှင်စနစ် အာဏာရှင်စနစ် အပြီးတိုင်ချေမှုန်းရေးအတွက် အကျဉ်းထောင်တွင်း ရောက်နေသည့် ရဲဘော်များ၏ သဘောထားအပြည့်အစုံကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်သည်။ (more…)
Read More
ချန်ဂင်တို့စခန်း (၆)

ချန်ဂင်တို့စခန်း (၆)

" ဒီခရီး ဒီလမ်းဟာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် လာခဲ့ရသလိုပဲ ဒီစခန်းကိုရောက်ဖို့ ကိုယ့်ဘက်က ထားခဲ့ရတာတွေလည်း အများကြီးပါ။ သွားတစ်ချောင်း ဆွဲနှုတ်ပစ်လိုက်ဖို့၊ ကလေးတစ်ယောက် အပြင်ကို ချောချောမောမော မွေးထုတ်ဖို့ နာကျင်မှုတွေ အများကြီး လှစ်လျူရှုရသလိုပါပဲ။ ကိုယ်ကိုယ်တိုင် ရွေးချယ်တဲ့လမ်းအတွက် ကိုယ့်ဘက်က နာကျင်မှုတွေကို ဥပေက္ခာပြုခဲ့ရတာ ကိုယ်နဲ့ အနီးစပ်ဆုံး နေဖူးတဲ့သူတွေ နားလည်ကြပါတယ်။ ခေတ္တခဏရယ်လို့ ခွဲခွါခဲ့ရတာတွေဟာ တစ်သက်တာ ထာဝရလည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ်လို့ ကိုယ် သဘောပေါက်ထားပြီးသားပါ"  ဒေါက်တာစိုးမင်း ( ဆရာဝန်တော်လှန်ရေးသမား) စပြီးရည်ရွယ်တုန်းက အမြောက်ဆံ ဗုံးဆံ သေနတ်ဒဏ်ရာနဲ့ လူတွေကို တတ်နိုင်သမျှ ကုပေးနိုင်ဖို့ရာ ရည်စူးထားပေမယ့် တည်ဆောက်ဆဲကာလ လတ်တလောအခြေအနေမှာ ကိုယ့်ဆီကို အသည်းအသန်ခဲမှန် စာသူငယ်ကလေးတွေ…
Read More
“ချန်ဂင်တို့စခန်း” (၅)

“ချန်ဂင်တို့စခန်း” (၅)

“ငါတို့နိုင်ငံ စစ်တပ်မရှိရင် ဘာဖြစ်သွားမယ် ထင်သလဲ။” လို့ မေးလေ့ရှိတဲ့ ရူးသွပ်ပေါ့သွမ်း မှိုင်းမိနေသူတွေအတွက် “ငါတို့နိုင်ငံ အခုရှိနေတဲ့ စစ်တပ်ကြောင့် ဘာတွေဖြစ်ကုန်သလဲ။” ဆိုတာကို ရှင်းရှင်းနဲ့ဘွင်းဘွင်း မြင်ရအောင် ကိုယ့်မျက်စိရှေ့ တွေ့ခဲ့ကြုံခဲ့သမျှကို လိုင်းပေါ်စာရေးတင်တာပါ" ဒေါက်တာစိုးမင်း ( ဆရာဝန်တာ်လှန်ရေးသမား) “လူနာလေးတွေများလာပြီ။ စိတ်ချမ်းသာစရာကောင်းတယ်။” လို့ ပြောပြန်ရင်လည်း ဆရာဝန်ဆိုတာ သူများနေထိုင်မကောင်းရှိရင် ဝမ်းသာတတ်တဲ့အမျိုး လို့ ဆိုကြပါလိမ့်မယ်။ ဒါပေမယ့်လည်း သားဖွားဆရာမတောင် ရှာမရတဲ့အရပ်မှာ ဆရာဝန်တွေ ဆေးလာကုနေတာဆိုတော့ နာရေးဖျားရေးဆို သူတို့လည်း အားရဝမ်းသာ လာပြကြတာပဲလေ။ များများလာ များများကုပေးနိုင်တာ ဝမ်းသာရမှာပေါ့။ သို့သော် အလိုလိုနေရင်းတော့ မလာပါဘူးဗျ။ တရွာလုံး မျက်စိဒေါက်ထောက်ကြည့် အရိပ်အကဲခတ်ပြီးမှ လာတာ။ တစ်ယောက်…
Read More
“ချန်ဂင်တို့စခန်း” (၄)

“ချန်ဂင်တို့စခန်း” (၄)

နေရောင်ခြည်ရဲ့အရသာ လရောင်ဖြာတဲ့ အလှအပဆိုတာ စာဖွဲ့လို့မကုန်မှန်း ကိုယ်တိုင်ခံစားရလိမ့်မယ်။ ဒီကာလကတော့ နေ့နေ့ညည မီးပုံဘေး လက်ထိုင်ကင်နေရတာ လူတောင် ကြပ်ခိုးတွေစွဲနေပလား မသိ။ စခန်းရောက်ကာစကဆို မီးကိုလုပ်ကျွေးသော ဆာဒူးကြီးအလားပဲ။ အိမ်ပတ်ပတ်လည် ထင်းခြောက်တွေ လိုက်ကောက်ပြီး မီးပုံထဲ မပြတ်ထည့်ပေးနေရတာ။ သွားရင်းလာရင်း သစ်ခြောက်ဝါးခြောက် မြင်မြင်သမျှ ကောက်ကောက်သယ်လာတာ ထင်းဆိုက်ဖို့။  ဒေါက်တာစိုးမင်း ( ဆရာဝန်တော်လှန်ရေးသမား) လူနာတွေကို ဆေးကုပေးတဲ့ အကျိုးအားကြောင့် ယာထဲအခင်းထဲကထွက်တဲ့ ကောက်ပဲသီးနှံကလေးတွေ လာလာပေးကြပါတယ်။ အရင်လကမှ ကောက်သစ်စားပွဲ လုပ်ထားကြတာ မဟုတ်လား။ ကောက်ညှင်းဆန်တွေဟာ ထမင်းချက်သလိုချက်စားလို့ မရမှန်း ခုမှပဲ သိတော့တယ်။ ကောက်ညှင်းကျည်တောက်ကတော့ လုပ်စားစရာမလို။ လုပ်ပြီးသားလေးတွေ ပေါလွန်းလို့။ ရွာကလူကြုံလာရင် ပေါင်းချောင်ယူခဲ့ပါ လို့…
Read More
“ချန်ဂင်တို့စခန်း” (၃)

“ချန်ဂင်တို့စခန်း” (၃)

နောင်တချိန်ကျရင် တို့ရွာမှာ CDM လုပ်တဲ့ ဆရာဝန် ဆရာမလေးတွေ ဆေးလာကုသွားကြတဲ့ ဆေးရုံကလေးလို့ ရင်ထဲမှာ အမှတ်ထင်ထင် ရှိသွားကြမှာပေါ့နော်။ ဆရာ ကျေနပ်ပါတယ်။ “ဗိုလ်ကြီးတို့လာမှ ကျွန်မတို့ရွာလည်း ပြာကျသွားရော။” ဆိုတာမျိုးမှ မဟုတ်တာ။ ကိုယ်တို့က လာခြင်းကောင်းတယ်လေ။ အသက်ရှည်ရာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဆိုတာတွေက ဆရာဝန်တွေ ရှိခြင်း မရှိခြင်းနဲ့လည်း ဆိုင်တယ်နော်။ ဒေါက်တာစိုးမင်း (ဆရာဝန်တော်လှန်ရေးသမား)  ဆရာဝန်တွေဟာ ဆေးကုတဲ့ အလုပ်အပြင် နောက်ထပ် အတတ်ပညာတစ်ခုခု တွဲလာတဲ့အခါမှာ (ဥပမာ ဆရာဝန်အဆိုတော်၊ ဆရာဝန်ရုပ်ရှင်မင်းသား၊ ဆရာဝန်စာရေးဆရာတို့လိုမျိုး) ဘယ်အရာကို အဓိကထားမှာလဲ မဖြစ်မနေ ရွေးချယ်ရပါတယ်။ ဆေးမကုတတ်မှာစိုးလို့ တခြားအလုပ် ပေးမလုပ်တာ မဟုတ်ပါဘူး။ ဆေးကုတဲ့အခါမှာ…
Read More
“ချန်ဂင်တို့စခန်း” (၂)

“ချန်ဂင်တို့စခန်း” (၂)

တိုင်းပြည်ကို ကာကွယ်ရမယ့်စစ်တပ်က အာဏာရှင်ကိုကာကွယ်ပြီး ပြည်သူကိုအကြမ်းဖက်သတ်ဖြတ်နေလို့ ဒီဘဝရောက်လာရတဲ့ဟာ။ ကိုယ်တို့အတွက် အန္တရာယ်ပေးမယ့်သူဟာ ဗမာစစ်တပ်ကလွဲလို့ တခြားသူ မရှိဘူး။ ကောင်းခါးက ဆရာမလေးနှစ်ယောက်တောင် တသက်လုံး KIA တွေအောက်နေတုန်းကအကောင်း။ ဗမာစစ်တပ် တစ်ညလာအိပ်တာနဲ့ အဲ့သလိုဖြစ်သွားတာ မဟုတ်လား   ဒေါက်တာ စိုးမင်း ( CDM ဆရာဝန်) ဆရာမင်းလူရဲ့ ပရိသတ်တိုင်းက လှထုံကို ရင်းနှီးသလိုပဲ ကိုရီးယားဇာတ်လမ်းတွဲ ကြည့်သူတွေကိုလည်း ချန်ဂင်နဲ့ မိတ်ဆက်ပေးစရာ မလိုပါဘူး။ ဆေးကုလိုက် အစားအသောက်တွေ ချက်လိုက် လုပ်နေတဲ့ နန်းတွင်းသမားတော်ကလေးမှန်း လူတိုင်းသိပါတယ်။ အခုလည်း ကိုယ်တို့အဖွဲ့သားတွေ အဲ့ဒီအလုပ်ပဲ လုပ်နေကြတာ မဟုတ်လား။ နန်းတွင်းရေး အရှုပ်အထွေးတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ကိုယ့်အသက်မွေးမှုအတတ်ပညာဖြစ်တဲ့ ဆေးကုတဲ့အလုပ်ကို…
Read More
“ချန်ဂင်တို့စခန်း”

“ချန်ဂင်တို့စခန်း”

ကိုယ်တွေကတော့ နောက်ကြောင်းပြန်လှည့်ဖို့ နည်းနည်းလေးမှ စိတ်ကူးမရှိပါဘူး။ သူတို့ ဘယ်လိုပဲ တားမြစ်ပိတ်ပင်သည်ဖြစ်စေ ဆေးကုတဲ့အလုပ်ကိုပဲ တစိုက်မတ်မတ် လုပ်နေတယ်။ မဲဇာထက်ပို၍ဝေးသောအရပ် လှထုံတို့ရွာမှာ ကိုဗစ်စင်တာဖွင့်ခဲ့တယ်။ အခု အဲ့ဒီရွာထက် ပို၍ခေါင်သော တောအစပ်မှာ ကိုယ်ထူကိုယ်ထ ဆေးရုံတစ်ခု ထောင်ရပြန်ပေါ့။ ဒေါက်တာစိုးမင်း တော်လှန်ရေးကာလတလျှောက် ကိုယ်ဘယ်လိုရပ်တည်ရှင်သန်ခဲ့သလဲ ပြန်တွေးကြည့်ရင် ဘာမှထွေထွေထူးထူး မရှိပါဘူး။ စစ်အုပ်စုမှအပ သန်း ၅၀ ခန့်သော အရပ်သားပြည်သူထဲက တစ်ယောက် အနေနဲ့ပဲ ခိုင်ခိုင်မာမာ ဆန့်ကျင်တော်လှန်နေတာပါ။ လှုံ့ဆော်သူလည်း မဟုတ်။ ဦးဆောင်သူလည်း မဟုတ်။ ပဲ့ကိုင်လမ်းညွှန် ထိန်းကြောင်းသူလည်း မဟုတ်ပါဘူး။ တော်လှန်ရေး ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်းထဲမလည်း စာရင်းမဝင် အင်းမဝင်ပါ။ “ဒါနဲ့များ မင်းက ဘာကိစ္စနဲ့…
Read More