စစ်ကောင်စီတပ်အတွင်း ပြိုကျနေသည့် အင်အား

တပ်နှင့်မိုင်းလားတို့ကိုထိမ်းချုပ်ဖို့ပြင်ဆင်ထားသည့် စစ်ကောင်စီတပ်တွေမှာဘယ်တုန်းကမှ မကြုံဖူးခဲ့သည့်အနေအထားကို ကြုံတွေ့နေကြရတာကတော့ ကယားနှင့်ချင်းပြည်နယ်ဘက် တပ်အင်အား လွှတ်နေရတာခြင်းဖြစ်သည်။ ကယားပြည်နယ်တိုက်ပွဲများဘက်စစ်ကူသွားနေကြသည့်အခါ နယ်မြေမကျွမ်းကျင်မှုကြောင့် အသေအဆုံးများနေကြရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်မှာ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမကွေးတိုင်းများတွင် နေ့စဉ်သေဆုံးနေရပြီး နောက်တန်းအင်အားနည်းပါးနေကြသည်

အောင်ဇေ

အာဏာသိမ်းပြီးနောက်စစ်ကောင်စီလက်အောက်ခံ တပ်အင်အားပြဿနာသည် တိုင်ရင်းသားလက်နက်ကိုင်များနှင့် PDF ရဲဘော်များအားစစ်မျက်နှာအသီးသီးတွင်ရင်ဆိုင်နေရသည့်အခြေအနေများမှာတော်တော်ဆိုးဆိုးရွားရွားကျဆင်းလာခြင်းဖြစ်နေသည်။မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာတွင်လည်းများစွာကျဆုံးထိခိုက်ဒဏ်ရာရရှိခြင်း၊စခန်းများဝင်ရောက်တိုက်ခိုက်ခံရချိန်တွင်လည်းထိခိုက်ကျဆုံးမှုများစွာရှိခြင်းနှင့်တပ်ပြင်ထွက်ပါကလည်းပစ်ခတ်ရှင်းလင်းခံခြင်းများမှာနေ့စဉ်ဖြစ်ပွားနေသည်။

မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အင်အားသည် သိသိသာသာထိခိုက်ကျဆင်းလာတာကို တွေ့ရှိနေရသည်။ ဥပမာ အနေဖြင့်ချင်းပြည်နယ်တွင် ဖြစ်ပွားသည့်တိုက်ပွဲများကိုကြည့်မည်ဆိုပါလျှင် သံချပ်ကားယာဥ်တန်းတိုက်ခိုက်ခံရမှု တွင်ယာဥ်တန်းတစ်ခုလုံးတိုက်ခိုက်ခံရသည့်အပြင် အရာရှိအခြားအဆင့်များစွာလည်း ကျဆုံးထိခိုက်ပြီး သံချပ်ကားယာဥ် ၂ စီးနှင့် အုပ်ချုပ်မှုယာဥ်များ စစ်လက်နက်ပစွည်းများစွားလည်း ပျက်ဆီဆုံးရှုံးခဲ့ရသည်အထိ ဖြစ်ပွားလာသည်ကို တွေ့ရှိရသည်။ အာဏာသိမ်းပြီးနောက်ကျဆုံးမှုများတွင်လည်း ဗျူဟာမူး၊ တပ်ရင်းမူး၊ ဒုတပ်ရင်းမူး၊ ဗိုလ်မူးအဆင့်ထိပါ ထိခိုက်ကျဆုံးမှုများရှိသည်။ ကရင်နီ၊ ချင်း၊ ကရင်စသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ် ရာထူးကြီးတွေပါ သေနေသည်မှာ အားလုံးအသိဖြစ်သည့်အတိုင်း တပ်တွင်းမှာလဲ ရှေ့တန်းမထွက်ရရေး ဖရိုဖရဲဖြစ်နေကြသည်။

ထိုသို့ထိခိုက်ဆုံးရှုံးမှုများလာပြီးအင်အားနည်းပါလာသောပြဿနာကိုဖြေရှင်းရန်အတွက်လည်းတပ်သားသစ်စုဆောင်းမှုကိုစစ်ဆင်းရေးတရပ်အနေဖြင့်ပြုလုပ်လာသည်ကိုလည်းတွေရှိရပါသည်။အာဏာမသိမ်းမှီကာလတွင်တပ်မတော်သို့ဝင်ရောက်စစ်မှုထမ်းလိုသူများရှိခဲ့ပါသည်။ထိုအချိန်တွင်တပ်မတော်သို့ဝင်လိုလျင်ပညာအရည်အချင်းအသက်မှတ်ပုံတင်အစရှိသောစာရွက်စာစာတမ်းများကိုစိစစ်ပြီးမှသာလက်ခံခဲ့သည်ကိုလည်းတွေ့ရှိခဲ့ရပါသည်။ယခုအာဏာသိမ်းပြီနောက်ပိုင်းတွင်အကြမ်းဖက်စစ်တပ်ဖြစ်နေသည့်အတွက်ဝင်ရောက်လိုသူမရှိဖြစ်နေပြီးတပ်သားသစ်အတော်ရှားသွားခဲ့သည်။

လက်နက်အားကိုးပြည်သူကိုသတ်ဖြတ်နေသည့်မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်အနေဖြင့်လူသစ်စုဆောင်ရန်အတွက်အခက်အခဲများရှိလာသောအခါရန်ကုန်မြို့နှင့်အခြားမြို့ကြီးများ၊ကျေးလက်များတွင်ညဘက်ကင်းလှည့်ခြင်းများဆောင်ရွက်ပြီးညဘက်လမ်းပေါ်တွင်တွေ့ရှိသောလူလတ်ပိုင်းနှင့်လူငယ်များကိုညဘက်အပြင်ထွက်သည်ဟုဆိုကာရဲစခန်းများသို့ခေါ်ဆောင်ပြီတပ်မတော်သို့ဝင်ရန်အတင်းအကြပ်စေခိုင်းနေခြင်းများလုပ်ဆောင်နေပါသည်။စစ်တပ်ထဲမဝင်ပါကအခြားပုဒ်မများတပ်မည်ညှင်းပမ်းနှိပ်စက်မည်ထောင်ချပစ်မည်ဟုဆိုရာအကြမ်းဖက်စစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့ဝင်များနှင့်လက်ဝါးချင်းရိုက်ခါအတင်းအကြပ်ဝင်ရောက်စစ်မှုထမ်းခိုင်းနေကြောင်းရန်ကုန်မြို့နေပြည်သူများထံမှလည်းကြားသိနေရသလိုအခြားမြို့နယ်များနှင့်တိုက်ပွဲဖြစ်ပွားမှုနည်းပါးသည့်ကျေးလက်များတွင်လည်းလုပ်ဆောင်နေသည်ကိုတွေ့ရှိရပါသည်။

စစ်ကောင်စီတပ်အတွင်းဝင်ရောက်လာရန်အတွက်အဓမ္မစုဆောင်းမှုများအတွင်းပညာအရည်းအချင်းမလိုအသက်မလိုမှတ်ပုံတင်မလိုဘဲစာရွက်စာတမ်းများတံဆိပ်တုံးများအတုပြုလုပ်ပြီးစုဆောင်းနေရကြောင်းကိုလည်းရန်ကုန်မြို့စစ်သားစုဆောင်းရေးလုပ်နေသည့်တပ်ကြပ်ကြီးတဦးထံမှသိရသည်။ရန်ကုန်ပါအဝင်အခြားသောမြို့နယ်များအပြင်ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းပျဥ်းမြို့ရှိလားဟူဒေသခံတစ်ဦးမှလည်း၎င်းတို့နယ်ဘက်တွင်တိုင်းရင်းသားလူနည်းစုများဖြစ်ကြသောလားဟူ၊အာခါနှင့်လွယ်တိုင်းရင်းသားများကိုလည်းအဓိကပစ်မှတ်ထားစုဆောင်းနေကြောင်းသိရသည်။

တပ်ထဲဝင်မယ်ဆိုရင် ပထမအကြိမ် တစ်သိန်းပေးတယ်၊ သင်တန်းတက်ရောက်ပြီး ပြေစာရလို့ရှိရင် ဒုတိယအကြိမ် သုံးသိန်းကျပ်နဲ့ ဆန်များထောက်ပံ့ပေးမယ်ဆိုပြီး ဆွဲဆောင်နေတာပါ။ မြန်မာစကားမတက်လည်း စာရွတ်စာတမ်း အတုလုပ်ပေးတယ်။ အခုက သူတို့ တပ်သားသစ်ရဖို့အတွက်သာ အဓိကထား လုပ်နေတယ်။ အခုက ရှမ်းဘက်က တိုင်းရင်းသားတွေကိုလည်း ပစ်မှတ်ထားလုပ်တာပြီနယ်မြေခံလားဟူဒေသခံတဦးကပြောပြထားသည်။

ပြည်သူများရွေးကောက်တင်မြှောက်ထားသည့် အစိုးရထံမှ အကြမ်းဖက်အာဏာသိမ်းပြီး ပြည်သူထောင်ချီသတ်ဖြတ်နေပြီး ထောင်ချီပြီး ထောင်သွင်းအကျဉ်းချထားသည့် အကြမ်းဖက်စစ်တပ်ထဲမှာ တပ်သားအင်အားအသစ်များမရရှိသလို ရှိနေသည့် တပ်သားများမှာလည်း နေ့စဉ်တိုက်ပွဲများဆင်နွှဲနေရပြီး သေဆုံးနေကြရတာဖြစ်သည်။ တပ်သားများပါ သေဆုံးမှုများနေသည့်အပြင် တပ်ရင်းမှူးတွေပါ သေနေကြခြင်းဖြစ်သည့်အတွက် စစ်တပ်ထဲမှာ တော်တာ်လေး ပြဿနာတက်နေရပြီး တပ်ခွဲတမ်းချမှမှု အင်အားမရှိ မခွံချည်းသက်သက်ဖြစ်နေရလို့ စစ်မှုထမ်းဟောင်းတွေနှင့် အိမ်ထောင်သည်လိုင်းခန်းက စစ်မှုထမ်းများ၏ မိသားစုများကိုပါ လက်နက်တပ်ဆင်ပြီး ကင်းစောင့်ခိုင်းနေရသည့် အနေအထားဖြစ်နေသည်။

ထို့အပြင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းတပ်မတော်နှင့် မိုင်းလားတို့ အင်အားစိုးမိုးထားသည့် နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်တွေဟာ အတော်အခြေအနေဆိုးနေသည့်အနေအထားဖြစ်ပါသည်။စစ်တပ်မှာ တိုင်းရင်းသာလက်နက်ကိုင်များထဲတွင် အင်အားကြီးမားပြီ ရဟက်ယာဥ်များနှင့် ခေတ်မှီလက်နက်များပိုင်ဆိုင်ထားသော အင်အားကြီးအဖွဲ့အစည်းကြီးဖြစ်နေပါသည်။ ထိုလက်နက်ကိုင်အဖွဲ့ကြီးများကို ထိန်းချုပ်နိုင်ရန်အတွက် တိုင်းစစ်ဌာနချုပ် တခု ဖွဲ့စည်းထားရှိပြီ စကခ(၁၈) မိုင်းဖြတ်၊ စကခ (၁၄) မိုင်းဆတ်ဟူ၍စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၂ခု၊မိုင်းခတ်ဗျူဟာ၊မိုင်းတုံဗျူဟာနှင့် တာချီလိတ်အခြေချစစ်ဗျူဟာများ ဖွင့်လှစ်ပြီး ထိန်းချုပ်ထားသည့်အနေအထားဖြစ်ပါသည်။

တပ်နှင့်မိုင်းလားတို့ကိုထိမ်းချုပ်ဖို့ပြင်ဆင်ထားသည့် စစ်ကောင်စီတပ်တွေမှာဘယ်တုန်းကမှ မကြုံဖူးခဲ့သည့်အနေအထားကို ကြုံတွေ့နေကြရတာကတော့ ကယားနှင့်ချင်းပြည်နယ်ဘက် တပ်အင်အား လွှတ်နေရတာခြင်းဖြစ်သည်။ ကယားပြည်နယ်တိုက်ပွဲများဘက်စစ်ကူသွားနေကြသည့်အခါ နယ်မြေမကျွမ်းကျင်မှုကြောင့် အသေအဆုံးများနေကြရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်မှာ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမကွေးတိုင်းများတွင် နေ့စဉ်သေဆုံးနေရပြီး နောက်တန်းအင်အားနည်းပါးနေကြသည်။

မူယင်းရည်ရွယ်ထားသည့် နယ်မြေများကို ထိန်းချုပ်ရန် အင်အားမလုံလောက်သည့်အနေအထားမျိုးကြုံနေရသည့်အခြေအနေကြောင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်ရှိ စကခ (၁၈) မိုင်းဖြတ်ကို ကယားပြည်နယ်နှင့် ချင်းပြည်နယ်များသို့ လွှတ်ထားရသည့် အခြေအနေကို ကြည့်ရင် စစ်ကောင်စီတပ်အင်အားကို ခန့်မှန်းနိုင်မည်ထင်ပါသည်။ အင်းအားအလုံအလောက်မရှိသည့်အတွက် အထိုင်တပ် အင်အားများကိုပါ အသုံးပြုနေရသည့်အတွက် အင်အားကြီးမားသော လက်နက်ကိုင်များကို ထိန်းချုပ်နေရသည့် အထိုင်းတပ်ထဲက စစ်ကောင်စီလက်အောက်ခံတွေ ဘယ်လောက်များ စိုးရိမ်ထိတ်လန့်မည်ကို ခန့်မှန်းကြည့်ရင်သိနိုင်ပါသည်။

ရဲစခန်းနှင့် အထိုင်တပ်ထဲနေရသည့် စစ်ကောင်စီတပ်တွေမှာ ဘယ်နေ့ လာတိုက်လို့ သေရမလဲဆိုတာ စဉ်းစားရင်းနှင့် နေစဉ်ဖြတ်သန်းနေကြသည်ဟု တပ်တွင်းဖရဲသီးများက ပြောကြားထားတာတွေဟာ အင်အားမလုံလောက်မှုကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း ရန်ကုန်၊မန္တလေးနှင့် အခြားသော တိုင်းမြို့တော်များမှလွဲ၍ အခြားသော မြို့နယ်များရှိ ရဲစခန်းများပါ တိုက်ခိုက်ခံနေကြရခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းတွင်လည်း စစ်ကောင်စီတပ်သားများရှိသည့် စခန်းများ မကြာခဏတိုက်ခိုက်ခံနေရခြင်းဖြစ်သည်။ ကရင်ပြည်နယ်တွင် ဖားအံမြို့မှလွဲပြီး အခြားသောမြို့များရှိ အထိုင်စခန်းများ တိုက်ခိုက်ခံနေရခြင်း ဖြစ်သည်။ ကရင်နီပြည်တွင်လည်း မြို့ပေါ် ၂ မြိုလောက်ကိုသာ စစ်ကောင်စီတပ် အနည်းငယ်သာ စိုးမိုးထားနိုင်ပြီး အချိန်မရွေး လာတိုက်မည်ကို ကြောက်နေရသည့်အနေအထားဖြစ်ပါသည်။

အကြမ်းဖက် အာဏာသိမ်းခဲ့သည့် စစ်ကောင်စီတပ်သည် တပ်ပြေးများနှင့် CDM ပြုလုပ်သူများ ပြဿနာ ကြုံတွေ့နေရသည့်အပြင် တိုက်ပွဲများအတွင်း အသေအဆုံးများနေသည့် ပြဿနာကိုလည်း နေ့စဉ်ရင်ဆိုင်နေရခြင်းဖြစ်သည်။ တပ်တွင်းအပြောင်းအလဲနှင့် နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲသာ မမြန်ပါက စစ်ကောင်စီတပ်သည် ထန်းလျက် ခွေးလျက်သလို တဖြည်းဖြည်းနှင့် လုံးပါးပါးကာ အဆုံးသက်ရမည့်အနေအထားဖြစ်နေသည်။

Red News Agency

By Editor