လူထုခေါင်းဆောင်

စစ်သားတွေအပေါ် စေတနာထားခဲ့တဲ့ လူထုခေါင်းဆောင်ဆိုတာ…

စစ်သားတွေအပေါ် စေတနာထားခဲ့တဲ့ လူထုခေါင်းဆောင်ဆိုတာ…

"အမေစုရောက်လာပြီး လုံခြုံရေးတာဝန်ကျစစ်သားလေးကို "သားတို့ရော စားပြီးပြီလား"လို့ ဂရုတစိုက် မေးတယ်။ အမေစုအနားမှာလည်း စစ်တပ်က အကြီးပိုင်းတချို့ခြံရံလာတာဆိုတော့ စစ်သားလေးက ဘာမှပြန်မဖြေရဲဘူး "ဟုတ်ကဲ့" တခွန်းပဲပြောခဲ့ရတယ်။ အမေးခံရတော့ ပီတိတော့ဖြစ်မိတယ်။ အိမ်ပြန်ရောက်တော့ စဥ်းစားတယ်။ မင်းအောင်လှိုင်အတွက် အသက်ပေးပြီး အနီးကပ်လုံခြုံရေးယူနေတဲ့ ငါတို့ကို ဘယ်စစ်ဗိုလ်ချုပ်ကမှ "နေကောင်းလား..စားပြီးပြီလား" တခွန်းမမေးခဲ့ဘူး" မောင်ဝိ - Wiper အမေ....လို့ ပြည်သူအများစုက မြတ်မြတ်နိုးနိုးခေါ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်။ သူက ပြည်သူတွေအပေါ် အကြောက်တရားတွေ၊ ဖိနှိပ်ခံရမှုတွေကို ​မျက်စိပွင့်နားဖွင့်ဖြစ်စေခဲ့တဲ့ သူပါ။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲမှာလည်း အမျိုးသမီးတန်မဲ့ ဦးဆောင်တိုက်ခဲ့တဲ့သူတစ်ယောက်လည်း ဖြစ်တယ်။ သူ့ဘဝရဲ့ သက်တမ်းတဝက်ကျော်လောက်က စစ်အာဏာရှင်တွေရဲ့ မတရားဖမ်းဆီးထောင်ချတာခံခဲ့ရတာ ဒီကနေ့အထိပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ၁၉၈၈ ခုနှစ်ကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်…
Read More
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်သူများ၏ ဆုတောင်းစကား

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်သူများ၏ ဆုတောင်းစကား

RNA_ဇွန်(၁၉)၊၂၀၂၃ ခုနှစ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သည့် (၇၈) နှစ်မြောက်မွေးနေ့အတွက် ပြည်သူများက ဆုတောင်းစကားသံများ ပြောကြားထားကြသည်။ #RedNewsAgency
Read More
စစ်ကောင်စီဘာတွေမျော်လင့်နေတာလဲ

စစ်ကောင်စီဘာတွေမျော်လင့်နေတာလဲ

"ဒေါ်အောင်ဆန်းစုကြည်ကို ဒီအခြေအနေမှာ ဘာကြောင့် PDF တွေကိုတားဆီးစေချင်တာလဲ ၊ အကြမ်းဖက်တပ်တွေ သွေးပျက်နေပြီလား မေးခွန်းထုတ်ရမှာပါ။ နောက်တစ်ချက်က ဒီအခြေအနေမှာ သူတို့ရဲ့ ထွက်ပေါက်အရ ဓားစာခံသဖွယ် ထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးတာမျိုးထက်  ဖိအားပေးတာမျိုးလည်း ဖြစ်နိုင်သလို နိုင်ငံရေး စစ်ရေးနဲ့ စီးပွါးရေးအပါအဝင် နယ်ပယ်စုံမှာ  ကျရှုံးနေတဲ့  စစ်ကောင်စီဟာ  ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချရန်ကြိုးစားလာ" ငြိမ်းမောင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ခေါင်းဆောင်တစ်ချို့ကနေပြည်တော်အကျဥ်းထောင်မှာရှိနေတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုသွားရောက်တွေ့ဆုံခဲ့တဲ့အကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဆီကိုဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၊ဒုဗိုလ်ချုပ်ကြီးရာပြည့်တို့ပါတဲ့အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တွေသွားတွေ့ခဲ့တာလို့ဇွန်၁၂မှာသတင်းတွေမှာတွေ့ရပါတယ်။ ဒီတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ကို တားဆီးပေးဖို့ ၊ လက်ရှိနိုင်ငံရေး အခင်းအကျင်းက ငြိမ်းချမ်းရေးကိစ္စတွေမှာ  ပါဝင်ကူညီလုပ်ပေးဖို့ဆိုတဲ့ အချက် ၂ ချက်ကို တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီလို လာရောက်တွေ့ဆုံပြောဆိုမှုနဲ့ပတ်သက်ပြီး  ဒေါ်အောင်ဆန်းစုကြည်ဘက်ကဘာသဘောထားမှတ်ချက်မှပြန်မပေးခဲ့ဘူးလို့လည်းသိရပါတယ်။အမှန်တကယ်တွေ့ဆုံခဲ့တာဟုတ်မဟုတ်၊အဲဒီအချက်တွေတကယ်ဆွေးနွေးခဲ့တာမှန်မမှန်အတည်မပြုနိုင်သေးပါ။ လက်ရှိအချိန်ဟာ အကြမ်းဖက်…
Read More