အညာလွင်ပြင်

နွေဦးသူရဲကောင်းများ ထွန်းကားရာ အညာလွင်ပြင်

နွေဦးသူရဲကောင်းများ ထွန်းကားရာ အညာလွင်ပြင်

အညာတော်လှန်ရေးစစ်သည်တွေဟာ နယ်မြေအနေအထားနဲ့ လက်နက်အင်အား စစ်ကောင်စီ လောက်အားမကောင်းပေမယ့် အလယ်ပိုင်းလွင်ပြင်မှာ အာဏာရူး မင်းအောင်လှိုင်တို့အုပ်စုကို တစ်ပြုတ်ပြုတ် အမှည့်ချွေနိုင်အောင် လှုပ်ရှားနိုင်သည့် ရဲရင့်သော စစ်သည်တော်တွေ ဖြစ်လာကြပါသည်။ ဒီတစ်ခေါက် အညာမြေ၏ တော်လှန်ရေးကတော့ သီပေါမင်းပါတော်မူချိန် အုံးကြွမူတွေလို မင်းလောင်းထမှုသက်သက် မဟုတ်ဘဲ စစ်အာဏာသိမ်းမှုဆန့်ကျင်တာကို ဖြိုခွင်းပုံကြမ်းတမ်းရာမှ အညာလူငယ်များခံပြင်းဒေါသစိတ် ကြောင့် ထကြွလာတာဖြစ်ပါတယ်။ သူတို့ဆုံးရှုံးပေးဆပ်လိုက်ရသည့် သွေးကြွေးတွေကို ပြန်လည်ရယူရန်၊ အဖိနှိပ်ခံ စစ်ကျွန်ဘဝမှလွတ်မြောက်ရန် ရုန်းထလာခြင်းဖြစ်ပါသည်။ လင်းယုန် အညာမြေ၏ ရာသီဥတုသည် ပူလောင်အိုက်စက်လွန်းပါသည်။ မိုးရာသီတွင်း၌ပင် မိုးကား တော်ရုံနှင့်မရွာ။ အညာ၏အပူကိုမိုးက မအံတုနိုင်ရှာ။ အညာဒေသသည် သစ်ရိပ် ဝါးရိပ်ရှားပါးပြီး အများအားဖြင့် ထန်းပင်၊ ထနောင်းပင်များ၊ တမာပင်များသာ ပေါက် ရောက်တတ်သည့်…
Read More