ဥတ္တမသာရ

အပုပ်နံ့တထောင်းထောင်းနဲ့ သဘာဝရိပ်သာ ဥတ္တမသာရ

အပုပ်နံ့တထောင်းထောင်းနဲ့ သဘာဝရိပ်သာ ဥတ္တမသာရ

"သဘာဝတရားရိပ်သာထဲက အရှုပ်ထုတ်တွေကလည်း အများကြီး။ လူသတ်မှုဖြစ်တဲ့အထိ၊ ရိုက်မှုတွေ အချင်းချင်းအနိုင်ကျင့်မှုတွေဖြစ်တဲ့အထိ၊ငွေရေး ကြေးရေး အချေးအငှား အပေးအယူကနေ ပြဿနာဖြစ်တဲ့အထိ မျိုးစုံပါပဲ"  တော်လှန်ရေးသစ္စာဖြင့် -ရဲဘော်မီရို ရေးသားသည်။ သဘာဝရိပ်သာဆရာတော်လို့ခေါ်တဲ့ ဆူနာမီ ဥတ္တရသာရအကြောင်းဟာ ဒီကနေ့ လူပြောသူပြောများနေတဲ့ကိစ္စဖြစ်လာပါတယ်။ ဒီမိုကရေစီတက်ကြွလှုပ်ရှားတဲ့ ဦးဇင်းမင်းသုညတို့၊ ဆရာတော် ဦးဝါယမတို့ကတော့ ဆူနာမီ ဥတ္တမသာရရဲ့ လာရာနဲ့ လားရာကို ဖွင့်ချခဲ့ပါတယ်။ ဥတ္တမသာရ ဘာလဲ၊ဘယ်လဲ ----------------------------------------- ဥတ္တမသာရဟာ စီးပွားရေးသမားတဖြစ်လဲ ဗုဒ္ဓဘာသာဘုန်းကြီးဖြစ်လာတဲ့သူပါ။ဆိုလိုတာ ငယ်ဖြူမဟုတ်ဘူး၊တောထွက်ရဟန်းလို့ ပြောကြပါတယ်။ ပိုဆိုးတာ သူ့ကိုယ်သူ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနေပြီ၊ရဟန်းကိစ္စပြီးသူလို့ ကြွေးကြော်တယ်လို့ သိရပါတယ်။ ဥတ္တမသာရရဲ့ မဂ်တု ဖိုလ်တုဝါဒကို မဟနက အစောပိုင်းမှာ အဓမ္မဝါဒနဲ့ ဝိနစ္စယခုံရုံးတင်ပြီး ဆုံးဖြတ်မယ်လို့…
Read More