Tag: ရန်ကုန်လေဆိပ်

  • လေသေနတ်တဲ့လား ဗိုလ်မှူးဟောင်း ရဲခိုင်ကို နမူနာကြည့်ထားကြ

    လေသေနတ်တဲ့လား ဗိုလ်မှူးဟောင်း ရဲခိုင်ကို နမူနာကြည့်ထားကြ

    လုပ်ပိုင်ခွင့်အများကြီးရှိတဲ့ လေဆိပ်လုံခြုံရေး အရာရှိချုပ် စစ်တပ်ထောက်တိုင်အကြီးစားကို ရှင်းလင်းနိုင်ခဲ့တာ မြို့ပြ UG တွေရဲ့ အဆင့်ပိုမြင့်လာတယ်လို့ဆိုရမယ်။ အာဏာသိမ်းပြီးခါစအချိန်မှာ အုပ်ကြီးတွေဒလန်တွေ စတာတွေကိုပစ်မှတ်ထားခဲ့ကြတယ်။ အခုနောက်ပိုင်းဆိုရင် စစ်တပ်ရဲ့အကြီးပိုင်းတွေ အလှည့်ရောက်လာပြီ

    နောင်ရိုး

    ရန်ကုန်လေဆိပ်ရဲ့ လုံခြုံရေး အရာရှိချုပ် ဗိုလ်မှူးဟောင်း ရဲခိုင်ကို Urban Owls မြို့ပြပြောက်ကြား အဖွဲ့က ရှင်းလင်းခဲ့တယ်လို့ ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ရဲခိုင်ဟာ စစ်တက္ကသိုလ် အပတ်စဉ် (၄၂) ဆင်းလေတပ်ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်လို့သူနဲ့အပတ်စဉ်တူတွေကတော့ဒုတိယဗိုလ်မှူးကြီးတွေ၊ဗိုလ်မှူးကြီးတွေဖြစ်နေကြပါပြီ။

    လေတပ်ကနေ ပင်စင်ယူတဲ့အချိန်မှာ အကြောင်းတခုခုကြောင့် အရပ်ဘက်ကို အသွင်ပြောင်းတဲ့အခါ ရာထူးအဆင့်အတန်းအလိုက် အရပ်ဘက်လေဆိပ်တွေမှာ လုပ်ပိုင်ခွင့်အပြည့်နဲ့ နေရာရတတ်ကြတယ်။ တပ်မှာတာဝန်ထမ်းစဉ်က သာဓကအနေနဲ့ လေယာဉ် Airframe ဌာနက အရာရှိတယောက် ဆေးပင်စင်ယူခဲ့တဲ့အချိန်မှာ အရပ်ဘက် လေကြောင်းလိုင်းမှာ Airframe နဲ့ပတ်သတ်ပြီး လုပ်ငန်းခွင် ဝင်လို့ရပါတယ် ဒါကတော့ တပ်ကအသွင်ပြောင်းတွေသာ ရတဲ့ အခွင့်အရေးမျိုးပါ။ အခြားဌာနတွေမှာလည်း ဒီလိုပါပဲ တပ်ကနေရဲပြောင်းရင် တပ်ရာထူးထက်ပိုတဲ့ ရာထူးမျိုးရကြတာပါ။

    ဗိုလ်မှူးဟောင်း ရဲခိုင်အကြောင်းဆက်ရရင်၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှာ  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပူးပေါင်းအဖွဲ့နဲ့ပိတ်ဆို့စစ်ဆေးခဲ့ပြီး တော်လှန်ရေးနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို ပြည်ပထွက်ခွါခွင့် မပြုဘဲဖမ်းဆီးခြင်း၊ ပြည်ပကို ပညာသင်သွားသူများ (သို့မဟုတ်) အလုပ်လုပ်ဖို့ထွက်ခွါသူများကို ငွေညှစ်အနိုင်ကျင့်ခြင်း၊ ပြည်သူဘက်ရပ်တည်တဲ့ အနုပညာရှင်များအား ဖမ်းဆီးခြင်း၊ သာမန်ခရီးသွားပြည်သူများအား ခြိမ်းခြောက်ငွေညှစ်ခြင်း၊ စစ်ကြောရေးပို့ဆောင်ခြင်း စတာ‌တွေကို ကိုယ်တိုင် ကိုယ်ကျ ပြုလုပ်ခဲ့သူလည်းဖြစ်တယ်။

    (more…)

  • စစ်အာဏာရှင်စနစ်ကို လက်ခံနေပါက အချိန်မရွေး ကျွန်တော်တို့ခေါင်းထဲကို ကျည်ဆံတွေ ရောက်လာနိုင်ပါတယ်

    စစ်အာဏာရှင်စနစ်ကို လက်ခံနေပါက အချိန်မရွေး ကျွန်တော်တို့ခေါင်းထဲကို ကျည်ဆံတွေ ရောက်လာနိုင်ပါတယ်

    RNA- ဖေဖော်၀ါရီ ၂၁ ရက်။

    အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြသည့်အနေဖြင့် ယနေ့ နံနက်ပိုင်းက တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့များ ပူးပေါင်းကာ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှ လေဆိပ်သို့ချီတက်လမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြပြီး၊ လေဆိပ်ဝန်းတံခါး ပိတ်ဆို့တားဆီးသည့်အနေရာတွင် ထိုင်သပိတ်ပြုလုပ်ကာ လေဆိပ်ဝန်းအတွင်းမှ CDM ပြုလုပ်နေသူများကို သွားရောက်ဝန်းရံခဲ့ကြသည်။ [embedyt] https://www.youtube.com/watch?v=HoRj1CV5EUw[/embedyt] Red News Agency