Red News Agency

Independent Journalism for Justice and Human Rights.

Category: သဘောထားအမြင်

  • အကြောက်တရားနဲ့ ဖိအားတွေအောက်မှာ စစ်မှုထမ်းရတော့မယ့် Non CDM များ

    အကြောက်တရားနဲ့ ဖိအားတွေအောက်မှာ စစ်မှုထမ်းရတော့မယ့် Non CDM များ

    “အခုဆိုရင် ကင်းစခန်းငယ်လေးတွေမှာ ရဲ‌နဲ့ အရပ်ဝတ် လက်နက်ကိုင်တွေကို ပိုသုံးလာတာတွေ့ရမှာပါ။ ပျူစောထီးအမည်ခံလည်းမမဟုတ် ပြည်သူ့စစ်လဲအမည်မခံတဲ့ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေအဖြစ် အသုံးချခံနေကြရတာ Non-CDM တွေဖြစ်တယ်”

    နောင်ရိုး

    အခုရက်ပိုင်း ကြားနေရတဲ့ သတင်းတွေအရ စစ်ကောင်စီက ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)မှာ စစ်သင်တန်းနဲ့ ပစ်ခတ်‌မှုသင်တန်းစဉ်တွေကို အဓိက ထား သင်ကြားလာပြီး လိုအပ်လာရင် စစ်ကောင်စီလက်အောက်က ဝန်ထမ်းတွေလည်း စစ်မှုထမ်းရမယ်ဆိုတဲ့ အကြောင်းပါ။

    စစ်ကောင်စီအနေနဲ့ ဝန်ထမ်းတွေ၊တက္ကသိုလ်‌ ကျောင်းသား‌တွေကိုသေနတ်ပစ်သင်ပေးတာက မထူးဆန်းပါဘူး။ ဘာလို့လဲဆိုတော့ အရင် NLD အစိုးလက်ထပ်ကတည်းက စစ်တပ်က တိုင်းပြည်ရဲ့ အရံအင်အားဖြစ်တဲ့ ရဲ၊မီးသတ်၊ ကြက်ခြေနီ အပါအဝင်၊ တက္ကသိုလ်ကျောင်းသားတွေ၊ ဆရာဆရာမတွေကို စစ်ရေးပြနဲ့ သေနတ်ပစ်ခတ်တာကို သင်ကြားလေ့ရှိပါတယ်။ ဒါပေမယ့်အရင်ကတော့ အဖြစ်သဘောမျိုးပဲ သင်ကြားတဲ့သဘောပါ။

    အခုက သေနတ်ပစ်သင်တာထက် စစ်တပ်နဲ့ တွဲပြီး လုံခြုံရေး၊ စစ်ဆင်ရေးဆောင်ရွက်ရမယ်ဆိုတာဟာ ဖြစ်လာနိုင်ပါတယ်။ တခြားမကြည့်နဲ့ ပြည်ထဲရေးရဲ့ လက်အောက်မှာရှိတဲ့ ရဲတပ်ဖွဲ့ရဲ့ တပ်ရင်း ၁၀ ရင်းကိုတောင် စစ်ကောင်စီအနေနဲ့ နေပြည်တော်မှာ ခံစစ်သဖွယ်ပြင်ဆင်ထားကြတယ်။ “လာတိုက်ရင် မင်းတို့အသေခံဆိုတဲ့ သဘောပါပဲ…” ပြောရမယ်ဆိုရင် ရဲတပ်ဖွဲ့ဟာ တရားဥပဒေစိုးမိုးရေးကိုပဲ လုပ်ရမယ့် ဌာနဖြစ်ပေမယ့် စစ်တပ်ရဲ့ လိုအပ်ချက်အရ စစ်ပွဲတွေမှာ အသုံးချခံလာရပါတယ်။ မီးသတ်တွေဆိုရင် နွေဦးတော်လှန်ရေး ဆန္ဒပြမှုတွေစကတည်းက မီးသတ်တွေကို အသုံးပြုလာတာဖြစ်ပါတယ်။

    (more…)

  • KIA နှင့် တိုက်ပွဲအတွင်း စစ်တပ်က ဗျူဟာမှူးများပါ ပြေးကြရ 

    KIA နှင့် တိုက်ပွဲအတွင်း စစ်တပ်က ဗျူဟာမှူးများပါ ပြေးကြရ 

    RNA_ဇူလိုင်(၂၀)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာချိန် စစ်ကောင်စီတပ်ထောက်ခံသူများက KIA ကို အပြတ်တိုက်မည်ဟု ပြောကြသူများသည် KIA နှင့်တိုက်ပွဲတွင် မပါအဝင်သူများသာဖြစ်ပြီး တကယ့်တိုက်ပွဲများတွင် စစ်တပ်က ဗျူဟာမှူးများပါ ထွက်ပြေးရသည့် အခြေအနေများရှိကြောင်း CDM ဗိုလ်ကြီး ကိုထက်မြတ်က ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=TDl1Kf2bRV0[/embedyt]

    ကချင်ပြည်နယ်မှာ တိုက်ပွဲဝင်ခဲ့ချိန် ဗျူဟာမှူးပါထွက်ပြေးကြရသလို ဗန်းမော်ဆေးရုံမှာ ဒဏ်ရာရစစ်သားများနှင့်ပြည့်သွားခဲ့ကြောင်း၊ ယခုလက်ရှိ စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းထွက်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်တို့ ကြောက်လန့်ခဲ့ပုံများ စသည်တို့ကို ပြောကြားထားခြင်း ဖြစ်သည်။

    #RedNewsAgency

  • ဆောမြို့နယ်က ၆ ရက်တာတိုက်ပွဲ

    ဆောမြို့နယ်က ၆ ရက်တာတိုက်ပွဲ

    “ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အလောင်းတွေကို သုသာန်ကိုသယ်လာပြီးမှ အလောင်းတွေကို သင်္ဂြိုလ်ကာ ဒဏ်ရာရတွေကို ဆောမြို့ပေါ်ကို သယ်ဆောင်သွားတာပါ။ ဆောမြို့ပေါ်ကို သယ်ဖို့အရေး စစ်ကောင်စီက ငါးနာရီလောက်စောင့်ဆိုင်းခဲ့ရပြီး ညနက်ပိုင်းမှသာ သယ်ယူပို့ဆောင်ခဲ့တာ”

    ကျော်ရဲစံ

    မကွေးတိုင်း ပခုက္ကူကနေ ဆိပ်ဖြူ-ဆင်ဖြူကျွန်း-စလင်း-စေတုတ္တရာဘက်ကို ဇူလိုင်လ ၇ ရက်နေ့က သံချပ်ကာကား ၃ စီးအပါအဝင် အစီးရေ သုံးဆယ်ကျော်ရှိတဲ့ အကြမ်းဖက်အာဏာသသိမ်းတပ်က စစ်ကြောင်းထွက်လာပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ ခြေလျင်အင်အား ၃၀၀ ဝန်းကျင်ဟာ စေတုတ္တရာမြို့နယ်ကို ရောက်ရှိလာတာပါ။

    ခြေလျင် အင်အားနဲ့ စစ်ကြောင်းက စေတုတ္တရာ ကျွန်းတောကနေ လောင်းရှည် က.ပ.စ ၂၅ အဲဒီကနေမှ ချင်းပြည်နယ် ကျင်ဒွေးဘက်ကို ရိက္ခာပို့သွားကြတာ ဖြစ်ပါတယ်။ ကြားထဲမှာလည်း လောင်းရှည်ဒေသမှာ ဆောဘက်ကို ထိုးမယ့် အင်အား ၁၂၀ စစ်ကြောင်းရှိနေပါတယ်။ ပြောရရင်တော့ စစ်ကြောင်း ၂ ကြောင်းပါ တကြောင်းက ရိက္ခာပို့ တကြောင်းက နယ်မြေရှင်းလင်းရေးပေါ့။

    ဓာတ်ပုံ – ချင်းပြည်နယ်နှင့် မကွေးတိုင်းစေတုတ္တရာမြို့နယ် နယ်စပ်တွင် ခေါ်နူးတပ်ရင်း (CDF-KANPETLET) နှင့် ပူးပေါင်းတပ်ဖွဲ့များ ၂၀၂၂ ခုနှစ်​ အောက်တိုဘာလအတွင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်။

    ခြေလျင်အင်အား ၃၀၀ ဝန်းကျင်က ရှေ့ပြေးအနေနဲ့ လောင်းရှည်ဒေသကို ဇူလိုင်လ ၁၁ ရက်နေ့မှာ ရောက်ရှိပြီးတော့ ဇူလိုင်လ ၁၂ ရက်မှာ ကျင်ဒွေးဘက်ကို ​ရှေ့ပြေးစစ်ကြောင်းထိုးပါတယ်။ လောင်းရှည် ဘက်က အင်အား ၁၂၀ ပါတဲ့ စစ်ကြောင်းကလည်း ဆောမြို့ဘက်ကိုစတင်စစ်ကြောင်းထိုးလာပါတယ်။

    (more…)

  • စစ်ကောင်စီတပ် တိုင်းမှူးအဆင့်ထိ စစ်ရေးအမိန့် မနာခံမှုများ ပေါ်ပေါက်လာပြီ

    စစ်ကောင်စီတပ် တိုင်းမှူးအဆင့်ထိ စစ်ရေးအမိန့် မနာခံမှုများ ပေါ်ပေါက်လာပြီ

    RNA_ဇူလိုင်(၁၈)၊၂၀၂၃ ခုနှစ်။ 

    စစ်ကောင်စီတပ်မှာ ယခုတပတ်အတွင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုမောင်နှင့်အဖွဲ့ ဖမ်းဆီးစစ်ဆေးခံနေရသည့် ကိစ္စများအပါအဝင် တပ်တွင်းအခြေအနေများကို CDM ဗိုလ်ကြီးထက်မြတ်က ပြောကြားထားသည်။ 

    [embedyt] https://www.youtube.com/watch?v=vBhTWo4OROA[/embedyt]

    Red News Agency

  • စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ဘယ်တော့ရပ်မလဲ

    စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ဘယ်တော့ရပ်မလဲ

    လက်ရှိမြန်မာနိုင်ငံတွင် လူတစ်ဦးချင်းစီ၏ မွေးရာပါ လူ့အခွင့်အရေးနှင့် အသက်ရှင် သန်ခြင်းဆိုင်ရာ လူ့အခွင့်အရေးများ ဆိုးရွားစွာ ပျက်သုဉ်းလျှက်ရှိပါသည်။ စစ်ကောင်စီ၏ လူထုအပေါ် ဖမ်းဆီးညှင်းပမ်းနှိပ်စက်သတ်ဖြတ်မှုနှင့် အခြားသော ရာဇဝတ်မှုကျူးလွန် နေခြင်းများကို လျင်မြန်စွာ အမြစ်ပြတ်ချေမှုန်းပစ်မှသာလျှင် အေးချမ်းသွားမည် ဖြစ်ပါသည်

    လင်းယုန်

    ၁၉၄၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း၏ အပိုဒ် (၃) တွင်လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။ အပိုဒ်(၅) တွင် သူကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း (သို့တည်းမဟုတ်) ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသောဆက်ဆံမှုမပြုရ (သို့မဟုတ်)အပြစ်ဒဏ်ပေးခြင်းမပြုရ။ အပိုဒ်(၂၁)တွင် လူတိုင်းတွင်မိမိနိုင်ငံ၏အုပ်ချုပ်ရေး၌ ကိုယ်တိုင်လွတ်လပ်စွာရွေးချယ်ဆောင်ရွက်နိုင်ခွင့် ရှိသည်။ “ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ်အာဏာ၏ အခြေခံဖြစ်ရမည်” ဟု ဖော်ပြထားပါသည်။

    လူ့အခွင့်အရေးဆိုသည်မှာ လူသားတိုင်းပိုင်ဆိုင်သည့်ရပိုင်ခွင့်ဖြစ်သည်။ လူ့အခွင့် အရေးများကို အရေးမထား၊ မထီလေးစားပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက်ဖျက်ဆီးတတ်သည့် ရက်စက်ကြမ်းကြုတ်သော အပြုအမူများကို ဖြစ်ပေါ်စေခဲ့ခြင်း၊ လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှုမရှိခြင်း၊ လွတ်လပ်စွာ သက်ဝင်ယုံကြည်နိုင်မှု မရှိခြင်း၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းတို့ ဖြစ်စေသည်။

    ရန်ုကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ၂၀၂၁ ခုနှစ်က စစ်ကောင်စီတပ်၏ ပစ်ခတ်မှုအတွင်း သူရဲကောင်းတဦး ကျဆုံးသွားခဲ့ရသည့် နေရာတခုဖြစ်သည်။

    (more…)

  • ရွေးချယ်မှု မှားယွင်းခဲ့သည့် ပျူစောထီးများ

    ရွေးချယ်မှု မှားယွင်းခဲ့သည့် ပျူစောထီးများ

    “ကျူးဘားနိုင်ငံ တော်လှန်ရေးတွင်လည်း ပျူစောထီးကဲ့သို့ သတင်းပေးဒလန်များကို ခရီးလမ်းတလျှောက် အရေးယူ ရှင်းလင်းပြီးမှသာ ပြည်သူ့ရဲဘော်များက နယ်မြေစိုးမိုးမှု အပြည့်အဝ ရယူနိုင်ခဲ့”

    မေဇော်

    စစ်ကိုင်းတိုင်းသည် ဒေသခံလူထု၏ လက်နက်ကိုင်တော်လှန်ရေး အင်အားကောင်းရာ နယ်မြေဖြစ်သဖြင့် စစ်ကောင်စီတပ်၏ အထူးမျက်စိကျရာဒေသဖြစ်သည်။နေ့စဉ်နီးပါး ဆိုသလိုပင် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများတွင် နေထိုင်သူ ပြည်သူများမှာ အသက်လုကာ အိုးအိမ်စွန့်ပြီး ထွက်ပြေးနေရသည်။ ယခင်ကဆိုလျှင် တရွာပြေးလျှင် နောက်တရွာက ကူညီ ခေါ်ယူကျွေးမွေးထားနိုင်သည့် အခြေအနေ၊ သို့သော် ယခုအခါ ရွာအားလုံးနီးပါး စစ်ကောင်စီ၊ ပျူစောထီးနှင့် ပြည်သူ့စစ်များ လက်ချက်ကြောင့် ပြာပုံနီးနီး ဖြစ်ခဲ့ရပြီ ။

    ယခုအခါလည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းမှ ချမ်းသာကြီးနှင့် မြကန်ကျေးရွာ အနီးတဝိုက် ကျေးရွာများရှိ ပြည်သူ ၆၀၀၀ ဝန်းကျင်သည် စစ်ဘေးရှောင်နေကြရပြန်သည်။ အကြောင်းမှာ ပျူစောထီးများက ရွာများထဲသို့ ဝင်ရောက်သောင်းကျန်းနေကြခြင်းဖြစ်၏။ နေအိမ်များကို မီးရှို့ပြီး လယ်စိုက်နေကြသည့် ပြည်သူများကို ပါသတ်ဖြတ်ခဲ့သည်။ စစ်ကောင်စီ ထောက်တိုင် ပျူစောထီးများမှာ ရိက္ခာပြတ်လတ်မှုကို ကြုံတွေ့နေရပြီး ပြည်သူများ၏ ပစ္စည်းများ စားသောက်ကုန်များ ဝင်ရောက်လုယက်ကြခြင်းဖြစ်သည်။

    စစ်ကောင်စီ၏ နယ်ခံဒလန်များ ဖြစ်ကြသည့် ပျူစောထီးများသည် ဒေသခံလူထုသေကြေပျက်စီးရသည့် အဓိက တရားခံပင်ဖြစ်သည်။ စစ်ကောင်စီတပ်များမှာ တာဝန်ကျရာ နေရာသို့ ရွှေ့ပြောင်းထမ်းဆောင်ရသည့်အတွက် နယ်မြေမကျွမ်းကျင်ကြ။ ထိုအတွက် စစ်ကြောင်းထိုးပါက ဒေသခံဒလန်များဖြစ်သည့် ပျူစောထီးများ၊ ပြည်သူ့ စစ်များနှင့် ပူးပေါင်းလှုပ်ရှားလေ့ရှိသည်။ ပျူများမှာ စစ်ကောင်စီ စစ်ကြောင်းများ လာရောက်ပါက တအိမ်တက်တအိမ်ဆင်း လက်ညှိုးထိုးကာ လမ်းပြခေါ်ဆောင်လေ့ရှိသည်။ ပျူများ၏ သတင်းပေးမှုကြောင့် သတ်ဖြတ်ခံခဲ့ရသော လူငယ်၊ လူကြီး၊ ကလေး အရွယ်စုံရှိခဲ့သည်။

    (more…)

  • စစ်ရေး သတင်းအချက်အလက်နှင့် တိုက်ပွဲအောင်မြင်မှု

    စစ်ရေး သတင်းအချက်အလက်နှင့် တိုက်ပွဲအောင်မြင်မှု

    သတင်းလုံခြုံမှုသည် အင်မတန်အရေးကြီးပါသည်။ ရှေ့တန်း စစ်မြေမျက်နှာတွင် အသက်ပေးပြီး တိုက်ပွဲဝင်နေသူ ပြည်သူ့သူရဲကောင်းများအနေဖြင့် နှုတ်လုံမှု၊ သတင်းလုံခြုံမှု၊ စာရွက်စာတမ်းလုံခြုံမှု၊ မိမိတို့အသုံးပြုနေသည့်ဖုန်းများ၊ လူမှုကွန်ယက်စာမျက်နှာများလုံးခြုံမှု

    လင်းယုန်

    အခုရက်ပိုင်းအတွင်း ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီအကြားမှာ တစ်နေ့တစ်ခြား ထိတွေ့တိုက်ပွဲများပိုမိုပြင်းထန်လာကြောင်း တွေ့မြင်နေရပါသည်။ စစ်ကောင်စီတပ်သားအများအပြား ငရဲပို့နိုင်သလို မိမိတို့ပြည်သူ့တော်လှန်ရေးစစ်သည် ရဲဘော်များ၏အသက်ပေါင်းများစွာလည်း ရင်းနှီးပေးဆပ်နေရခြင်းကြောင့် လွန်စွာစိတ် မကောင်းသည့်အပြင် ခံပြင်းဒေါသ ဖြစ်မိသည်။

    ပြည်တွင်းစစ်ပွဲကို နှစ်ပေါင်း ၇၀ နီးပါး ဖန်တီးပြီး မတရားမှုပေါင်းစုံကျူးလွန်လာခဲ့ သည့်အကြမ်းဖက်စစ်တပ်သည် မိမိတို့ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ သတင်းအချက် အလက်များနှင့်လုံခြုံမှုများကိုမျက်ခြေမပျက်စောင့်ကြည့်လေ့လာနေပြီး လက်ဦးမှုရယူရန် အချိန်တိုင်းကြိုးစားလျှက်ရှိနေသည်ကို များစွာသတိထားရန်လိုအပ်ပါသည်။ တိုက်ပွဲတစ်ပွဲအောင်နိုင်ရေးအတွက် အရေးကြီးဆုံးအချက်မှာ သတင်းလုံခြုံမှုနှင့်မိမိဘက်မှလက်ဦး မှုရယူနိုင်ရေးသည် အလွန်အရေးကြီးပါသည်။ သတင်းလုံခြုံမှုဆိုရာတွင် ရန်သူ့သတင်း၊ မိမိသတင်းနှစ်မျိုးလုံးကိုဆိုလိုပါသည်။

    ဇွန်လ ၂၈ ရက်နေ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်တလိုင်းကျေးရွာဘက် သို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကိုခုခံတိုက်ခိုက်ရန်သွားရောက်စဉ် ကင်းပုန်းဝပ်တိုက်ခိုက်ခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၁၄ ဦးကျဆုံးခဲ့ကြောင်းနှင့် ဇွန်လ ၂၅ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာအပါအဝင် ကျေးရွာ ၇ ခုနှင့် ပြည်သူ့ကာကွယ်ရေးစခန်းကို အကြမ်းဖက်စစ်တပ်မှ နံနက်ပိုင်း ၄ နာရီ ၅၀ ဝန်းကျင်တွင် ဝင်ရောက်စီးနင်းကာ တပ်ဖွဲ့ဝင် ၁၆ ဦးနှင့် အရပ်သား ၃ ဦးသတ်ဖြတ်ခဲ့ကြောင်း သတင်းများကို ဖတ်ရပါသည်။

    (more…)

  • အာဏာသိမ်းလိုက်သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်

    အာဏာသိမ်းလိုက်သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်

    RNA_ဇွန်(၃၀)၊၂၀၂၃ ခုနှစ်။

    စစ်တပ်အာဏာသိမ်းပါက လက်နက်ကိုင်တော်လှန်ဖို့တွေးထားခဲ့ပြီး ယခုလက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်နေသည့် ရေတပ် CDM – အုပ်ခွဲတပ်ကြပ်ကြီးဖြစ်သည့် တောင်ညိုစစ်ကြောင်း လက်နက်ကြီးတာဝန်ခံ (ယာယီ) ကိုမြတ်မင်းသူက အတွေ့အကြုံ​တွေ၊ ခံယူချက်တွေကို ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=bn-pz2DvsDg[/embedyt]

    Red News Agency

  • ဆလိုင်းတင်မောင်ဦးစိတ်ဓာတ်နှင့် ချီတက်နေသည့် ပြည်သူ့တော်လှန်ရေးရဲဘော်များ

    ဆလိုင်းတင်မောင်ဦးစိတ်ဓာတ်နှင့် ချီတက်နေသည့် ပြည်သူ့တော်လှန်ရေးရဲဘော်များ

    “ဘယ်သောအခါမှ ဒူးထောက်အရှုံးပေးမည်မဟုတ်ပါ။ ရဲရဲတောက် တော်လှန်ရေး သူရဲကောင်းများ၏ပေးဆပ်မှုတွေ၊ သူတို့သွေးနဲ့ရေးခဲ့သည့် သမိုင်းမှတ်တမ်း မော်ကွန်းတွေကို ဆက်လက်ထိန်းသိမ်းတိုက်ပွဲဝင်နေကြဦးမည်”

    လင်းယုန်

    ဒီကနေ့ကျရောက်သည့် ဇွန်လ ၂၆ ရက်နေ့ဟာ မြန်မာနိုင်ငံစစ်အာဏာရှင်သမိုင်းမှာ ပထမဦးဆုံးသော ကြိုးပေးသတ်ဖြတ်ခြင်းခံရသည့် ချင်းအမျိုးသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦးကျဆုံးခြင်း(၄၇)နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ သမိုင်းအဆက်ဆက် အမှန်တရားများကို ဖုံးကွယ်ရန် အစဉ်တစိုက်ကြိုးပမ်းနေသည့် စစ်မိစ္ဆာများ၏ ယုတ်မာစိုင်းရိုင်းမှုများကြောင့် ချင်းအမျိုးသားသူရဲကောင်း ဆလိုင်းတင်မောင်ဦး၏ ပေးဆပ်မှုကိုလည်း တလျှောက်လုံး ဖုံးကွယ်ခဲ့ကြသည်။

    သေမယ်ထင်လို့ ဆလိုင်းတင်မောင်ဦးကို စစ်အာဏာရှင်များ ကြိုးပေးကွပ်မျက် သတ်ဖြတ်ခဲ့လည်း အရှိုသမိုင်း ချင်းသမိုင်းမှာ ဘယ်တော့အခါမှ သေမသွားခဲ့ပါ။ မြန်မာ့နိုင်ငံရေး စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းမှာလည်း ဘယ်တော့မှ မေ့​ပျော်လို့ရမည်မဟုတ်ပါ။ ငါတို့ရင်ထဲထာဝရရှင်သန်နေမယ်ဆိုတာ စစ်အာဏာရူးများမှတ်ထား စေချင်ပါသည်။ စစ်အာဏာရှင်စနစ်ကို ရွံရှာမုန်းတီးခြင်းကြောင့် ဆလိုင်းတင်မောင်ဦး၏ သူ့ရင်တွင်းထဲမှ ထွက်ပေါ်လာသော စကားလုံးသည် ယနေ့ချိန်ထိ ပြည်သူများ၏ရင်ထဲမှာ ထင်ချန်နေဆဲဖြစ်ပါသည်။ “မင်းတို့ငါ့ကိုချင်သတ်လို့ရပေမယ့် ငါ့ခံယူချက်နှင့် စိတ်ဓာတ်ကို တော့ဘယ်တော့မှသတ်လို့မရဘူး”၊ “မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမ ထောက်ဘူး”ဆိုတဲ့ရဲရင့်ပြတ်သားသည့် စိတ်ဓာတ်နှင့်ခံယူချက်များသည် လေးစားဂုဏ်ယူ ထိုက်သည့်ဆုံးဖြတ်ချက်နှင့်ခံယူချက်များသာဖြစ်သည်။

    စစ်အာဏာရှင်များသည် ခေတ်အဆက်ဆက်ဆန့်ကျင်လာသည့် ပြည်သူများကို နည်းလမ်းပေါင်းစုံဖြင့်သတ်ဖြတ်ညှင်းဆဲမှုများ ယနေ့အချိန်ထိကျူးလွန်နေဆဲဖြစ်သည်။ ဆလိုင်းတင်မောင်ဦးနည်းတူ ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်သည့် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကိုလည်း မတရားကွပ်မျက် သေဒဏ်ပေးခဲ့ကြပါသည်။ ဒါတွေဟာ ထင်သာမြင်သာရှိတဲ့ ဥပမာတွေပဲရှိပါသေးသည်။ နောက်ထပ်လဲ ကျောင်းသားလူငယ်များ၊ ဒီမိုကရေစီလိုလားသူများကို ပေါ်ပေါ်ထင်ထင်သတ်ဖြတ်နေသ လိုလူမသိသူမသိ ခိုးချောင်ခိုးဝှက်ဖြင့်သတ်ဖြတ်နေမှုများ နေရာတိုင်းတွင်ကျူးလွန်နေဆဲ ဖြစ်ပါသည်။

    (more…)

  • လေသေနတ်တဲ့လား ဗိုလ်မှူးဟောင်း ရဲခိုင်ကို နမူနာကြည့်ထားကြ

    လေသေနတ်တဲ့လား ဗိုလ်မှူးဟောင်း ရဲခိုင်ကို နမူနာကြည့်ထားကြ

    လုပ်ပိုင်ခွင့်အများကြီးရှိတဲ့ လေဆိပ်လုံခြုံရေး အရာရှိချုပ် စစ်တပ်ထောက်တိုင်အကြီးစားကို ရှင်းလင်းနိုင်ခဲ့တာ မြို့ပြ UG တွေရဲ့ အဆင့်ပိုမြင့်လာတယ်လို့ဆိုရမယ်။ အာဏာသိမ်းပြီးခါစအချိန်မှာ အုပ်ကြီးတွေဒလန်တွေ စတာတွေကိုပစ်မှတ်ထားခဲ့ကြတယ်။ အခုနောက်ပိုင်းဆိုရင် စစ်တပ်ရဲ့အကြီးပိုင်းတွေ အလှည့်ရောက်လာပြီ

    နောင်ရိုး

    ရန်ကုန်လေဆိပ်ရဲ့ လုံခြုံရေး အရာရှိချုပ် ဗိုလ်မှူးဟောင်း ရဲခိုင်ကို Urban Owls မြို့ပြပြောက်ကြား အဖွဲ့က ရှင်းလင်းခဲ့တယ်လို့ ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ရဲခိုင်ဟာ စစ်တက္ကသိုလ် အပတ်စဉ် (၄၂) ဆင်းလေတပ်ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်လို့သူနဲ့အပတ်စဉ်တူတွေကတော့ဒုတိယဗိုလ်မှူးကြီးတွေ၊ဗိုလ်မှူးကြီးတွေဖြစ်နေကြပါပြီ။

    လေတပ်ကနေ ပင်စင်ယူတဲ့အချိန်မှာ အကြောင်းတခုခုကြောင့် အရပ်ဘက်ကို အသွင်ပြောင်းတဲ့အခါ ရာထူးအဆင့်အတန်းအလိုက် အရပ်ဘက်လေဆိပ်တွေမှာ လုပ်ပိုင်ခွင့်အပြည့်နဲ့ နေရာရတတ်ကြတယ်။ တပ်မှာတာဝန်ထမ်းစဉ်က သာဓကအနေနဲ့ လေယာဉ် Airframe ဌာနက အရာရှိတယောက် ဆေးပင်စင်ယူခဲ့တဲ့အချိန်မှာ အရပ်ဘက် လေကြောင်းလိုင်းမှာ Airframe နဲ့ပတ်သတ်ပြီး လုပ်ငန်းခွင် ဝင်လို့ရပါတယ် ဒါကတော့ တပ်ကအသွင်ပြောင်းတွေသာ ရတဲ့ အခွင့်အရေးမျိုးပါ။ အခြားဌာနတွေမှာလည်း ဒီလိုပါပဲ တပ်ကနေရဲပြောင်းရင် တပ်ရာထူးထက်ပိုတဲ့ ရာထူးမျိုးရကြတာပါ။

    ဗိုလ်မှူးဟောင်း ရဲခိုင်အကြောင်းဆက်ရရင်၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှာ  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပူးပေါင်းအဖွဲ့နဲ့ပိတ်ဆို့စစ်ဆေးခဲ့ပြီး တော်လှန်ရေးနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို ပြည်ပထွက်ခွါခွင့် မပြုဘဲဖမ်းဆီးခြင်း၊ ပြည်ပကို ပညာသင်သွားသူများ (သို့မဟုတ်) အလုပ်လုပ်ဖို့ထွက်ခွါသူများကို ငွေညှစ်အနိုင်ကျင့်ခြင်း၊ ပြည်သူဘက်ရပ်တည်တဲ့ အနုပညာရှင်များအား ဖမ်းဆီးခြင်း၊ သာမန်ခရီးသွားပြည်သူများအား ခြိမ်းခြောက်ငွေညှစ်ခြင်း၊ စစ်ကြောရေးပို့ဆောင်ခြင်း စတာ‌တွေကို ကိုယ်တိုင် ကိုယ်ကျ ပြုလုပ်ခဲ့သူလည်းဖြစ်တယ်။

    (more…)