လေသေနတ်တဲ့လား ဗိုလ်မှူးဟောင်း ရဲခိုင်ကို နမူနာကြည့်ထားကြ

လုပ်ပိုင်ခွင့်အများကြီးရှိတဲ့ လေဆိပ်လုံခြုံရေး အရာရှိချုပ် စစ်တပ်ထောက်တိုင်အကြီးစားကို ရှင်းလင်းနိုင်ခဲ့တာ မြို့ပြ UG တွေရဲ့ အဆင့်ပိုမြင့်လာတယ်လို့ဆိုရမယ်။ အာဏာသိမ်းပြီးခါစအချိန်မှာ အုပ်ကြီးတွေဒလန်တွေ စတာတွေကိုပစ်မှတ်ထားခဲ့ကြတယ်။ အခုနောက်ပိုင်းဆိုရင် စစ်တပ်ရဲ့အကြီးပိုင်းတွေ အလှည့်ရောက်လာပြီ

နောင်ရိုး

ရန်ကုန်လေဆိပ်ရဲ့ လုံခြုံရေး အရာရှိချုပ် ဗိုလ်မှူးဟောင်း ရဲခိုင်ကို Urban Owls မြို့ပြပြောက်ကြား အဖွဲ့က ရှင်းလင်းခဲ့တယ်လို့ ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ရဲခိုင်ဟာ စစ်တက္ကသိုလ် အပတ်စဉ် (၄၂) ဆင်းလေတပ်ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်လို့သူနဲ့အပတ်စဉ်တူတွေကတော့ဒုတိယဗိုလ်မှူးကြီးတွေ၊ဗိုလ်မှူးကြီးတွေဖြစ်နေကြပါပြီ။

လေတပ်ကနေ ပင်စင်ယူတဲ့အချိန်မှာ အကြောင်းတခုခုကြောင့် အရပ်ဘက်ကို အသွင်ပြောင်းတဲ့အခါ ရာထူးအဆင့်အတန်းအလိုက် အရပ်ဘက်လေဆိပ်တွေမှာ လုပ်ပိုင်ခွင့်အပြည့်နဲ့ နေရာရတတ်ကြတယ်။ တပ်မှာတာဝန်ထမ်းစဉ်က သာဓကအနေနဲ့ လေယာဉ် Airframe ဌာနက အရာရှိတယောက် ဆေးပင်စင်ယူခဲ့တဲ့အချိန်မှာ အရပ်ဘက် လေကြောင်းလိုင်းမှာ Airframe နဲ့ပတ်သတ်ပြီး လုပ်ငန်းခွင် ဝင်လို့ရပါတယ် ဒါကတော့ တပ်ကအသွင်ပြောင်းတွေသာ ရတဲ့ အခွင့်အရေးမျိုးပါ။ အခြားဌာနတွေမှာလည်း ဒီလိုပါပဲ တပ်ကနေရဲပြောင်းရင် တပ်ရာထူးထက်ပိုတဲ့ ရာထူးမျိုးရကြတာပါ။

ဗိုလ်မှူးဟောင်း ရဲခိုင်အကြောင်းဆက်ရရင်၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှာ  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပူးပေါင်းအဖွဲ့နဲ့ပိတ်ဆို့စစ်ဆေးခဲ့ပြီး တော်လှန်ရေးနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို ပြည်ပထွက်ခွါခွင့် မပြုဘဲဖမ်းဆီးခြင်း၊ ပြည်ပကို ပညာသင်သွားသူများ (သို့မဟုတ်) အလုပ်လုပ်ဖို့ထွက်ခွါသူများကို ငွေညှစ်အနိုင်ကျင့်ခြင်း၊ ပြည်သူဘက်ရပ်တည်တဲ့ အနုပညာရှင်များအား ဖမ်းဆီးခြင်း၊ သာမန်ခရီးသွားပြည်သူများအား ခြိမ်းခြောက်ငွေညှစ်ခြင်း၊ စစ်ကြောရေးပို့ဆောင်ခြင်း စတာ‌တွေကို ကိုယ်တိုင် ကိုယ်ကျ ပြုလုပ်ခဲ့သူလည်းဖြစ်တယ်။

ဒီလို လုပ်ပိုင်ခွင့်အများကြီးရှိတဲ့ လေဆိပ်လုံခြုံရေး အရာရှိချုပ် စစ်တပ်ထောက်တိုင်အကြီးစားကို ရှင်းလင်းနိုင်ခဲ့တာ မြို့ပြ UG တွေရဲ့ အဆင့်ပိုမြင့်လာတယ်လို့ဆိုရမယ်။ အာဏာသိမ်းပြီးခါစအချိန်မှာ အုပ်ကြီးတွေဒလန်တွေ စတာတွေကိုပစ်မှတ်ထားခဲ့ကြတယ်။ အခုနောက်ပိုင်းဆိုရင် စစ်တပ်ရဲ့အကြီးပိုင်းတွေ အလှည့်ရောက်လာပြီဘဲ ဖြစ်တယ်။ ဒီကြားထဲမှာ စစ်အာဏာသိမ်းမှုကိုထောက်ခံအားပေးကြတဲ့ စစ်ထွက်အကြီးပိုင်းကောင်တွေလည်း ရှင်းလင်းနိုင်ခဲ့တာတွေရှိပါတယ်။

အမျိုးသားရေးအစွန်းရောက်အဖွဲ့ဝင်အကြီးစားလည်းဖြစ်စစ်တပ်ထောက်ခံသူတွေဖြစ်တဲ့တင့်လွင်၊လီလီနိုင်ကျော်တို့မေလ၂၆ရက်နဲ့၂၉ရက်နေ့တွေမှာပစ်ခတ်ရှင်းလင်းခံခဲ့ရပြီးဇွန်လ၁၉ရက်နေ့မှာတော့စစ်ကောင်စီရဲ့အဓိကထောက်တိုင်တခုဖြစ်ပြီးရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့လုံခြုံရေးအရာရှိချုပ်ဗိုလ်မှူးဟောင်းရဲခိုင်ရှင်းလင်းခံခဲ့ရပါတယ်။၁လတောင်ခြားနားမှုမရှိတဲ့ကာလမှာစစ်ကောင်စီရဲ့အထင်ကရထောက်တိုင်၃ခုရှင်းလင်းခံခဲ့ရတဲ့အတွက်စစ်ကောင်စီဘက်ကလည်းတော်လှန်ရေးအဖွဲ့ဝင်တွေကိုဖိနှိပ်တာ၊ထောင်ချောက်ဆင်ဖမ်းဆီးတာတွေပိုမိုပြုလုပ်လာခဲ့ပါတယ်။

ဇွန် ၁၉ရက်နေ့မှာဆိုရင် စစ်ကောင်စီအနေနဲ့ ဘယ်လောက်အကြောက်လွန်သလဲဆိုရင် ဈေးသွားရင်း ပန်းပန်တဲ့ အမျိုးသမီးတွေ၊ ပန်းရောင်းတဲ့အမျိုးသမီးတွေကို ပစ်မှတ်ထားဖမ်းဆီးကြတယ်။ ကိုယ်တိုင်က အဖြစ်မရှိတော့ တောထဲနေလည်း နေရာစုံက အတိုက်ခံနေရ၊ မြို့ပေါ်လည်း ရှင်းလင်းခံရတာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်‌တွေကို ပစ်မှတ်ထား ရန်ရှာလာတာပဲဖြစ်တယ်။ တစ်ကယ်တော့ စစ်ကောင်စီနဲ့လက်ပါးစေတွေဟာ ဘယ်လောက်ကြောက်နေကြလဲဆိုတာ ပန်းပန်တာတောင် တုန်လှုပ်နေကြရတာပါ။

မြို့ပြပြောက်ကြားတပ်ဖွဲ့တွေအနေနဲ့လည်း တော်လှန်ရေးအရှိန်မြင့်လာနိုင်တာဟာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့်သာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ မိမိရောက်ရှိရာနေရာဒေသမှာရှိတဲ့ စစ်ကောင်စီဘက် တော်သားတွေရဲ့ လှုပ်ရှားမှုတွေကို သတင်းပေးပို့တာ၊ အတွင်းဖရဲသီးများရဲ့ ပူးပေါင်းပါဝင်မှုများကြောင့် ခုလိုတော်လှန်ရေး အရွေ့တခုဖြစ်ပေါ်လာခြင်းပင်ဖြစ်တယ်။မပြီးသေးဘူးငါတို့အလှည့်ကျန်သေးတယ်ဆိုတာကပါးစပ်ပြောမဟုတ်ပါဘူး။အကြမ်းဖက်မှုကြူးလွန်ထားတဲ့စစ်တပ်နဲ့လက်ပါးစေများကြီးစိုးတဲ့စနစ်ဆိုးကိုရိုက်ဖျက်ဖို့ပဲဖြစ်တယ်။

နောက်ပြီး ရဲခိုင်လိုမျိုး လေတပ်က ခေါင်းကြီးပိုင်းတွေလည်း သတိထားနေဖို့ အသိပေးလိုပါတယ်။ ပြည်သူအများစုနေတဲ့ ကျေးရွာတွေကို ဗုံးတခါကြဲရင် ၅ သိန်းရပါတယ်ဆိုတဲ့ ပိုင်းလော့တွေကိုလည်း တော်လှန်ရေးဘက်က စာရင်းပြုစုထားပြီး ဖြစ်တယ်။ ဒါ့ကြောင့်မင်းတို့က လေသေနတ်ပဲပစ်တာပါကွာ….မလုပ်ရဲပါဘူးဆိုသူတွေ….ဗိုလ်မှူးဟောင်း ရဲခိုင်ကို နမူနာ ကြည့်ထားကြ……..”

Red News Agency

By Editor