ကရင်နီစစ်မျက်နှာမှာ စစ်ကောင်စီတပ် အသည်းအထန် ဘာ့ကြောင့်ကာကွယ်နေလဲ

“ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးအဖွဲ့တွေ တဖြည်းဖြည်းအားကောင်းလာတာကြောင့် စစ်တပ်ဟာ ၂၀၂၃ ခုနှစ် မှစပြီး ရှမ်းမြောက်မှ  စကခ ၂ တခုလုံးနှင့် စကခ ၇ မှ တပ်ရင်း သုံးရင်းပါ ဗျူဟာတခုအပြင် ရှမ်းအရှေ့မှာရှိတဲ့ စကခ ၁၈ မှ တပ်ရင်း သုံးရင်းပါ ဗျူဟာတခုကို ကရင်နီစစ်မျက်နှာမှာ ထပ်မံဖြည့်တင်းခဲ့ရတယ်။ါကြောင့်၂၀၂၁/၂၀၂၂ အတွင်း တိုင်း/ဒကစ လက်အောက်ခံ တပ်ရင်း ၁၃ ရင်း၊ တပ်မ ၆၆ လက်အောက်ခံ၉ရင်း စုစုပေါင်း ၂၂ ရင်းခန့် စစ်ဆင်ရာမှ ၂၀၂၃ မှာတော့ နောက်ထပ် ၁၆ ရင်းခန့် ထပ်ဖြည့်တင်းခဲ့ရပါတယ်။ ဒါကြောင့်လက်ရှိအချိန် ကရင်နီစစ်မျက်နှာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဆင်ရေးဝင် ခြေလျင်/ ခြေမြန် တပ်ရင်း ၃၆ ရင်း၊ အင်အား ၄,၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေတယ်လို့ အကြမ်းဖျဥ်းတွက်ဆနိုင်ပါတယ်”

ချမ်းမင်း

ကယားပြည်နယ် ( ကရင်နီ) ဟာ ၂၀၂၁ခု နှစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရာတွင်ရှေ့တန်းကပါဝင်ခဲ့ပြီး အတက်ကြွဆုံးပါဝင်ခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။CDM လှုပ်ရှားမှုမှာလည်း အားကောင်းခဲ့တယ်။ ထို့အပြင် အစောဆုံးလက်နက်ကိုင် တိုက်ခိုက်ခဲ့တဲ့ ပြည်နယ်တစ်ခုလဲ ဖြစ်ပါတယ်။၂၀၂၁ ခုနှစ်မေလ ၂၀ ရက်နေ့က ဒီမော့ဆိုနဲ့ မိုးဗြဲမှာ စစ်ကောင်စီလက်အောက်ခံတွေကို စတင်တိုက်ခိုက်ခြင်းဖြင့် ကယားပြည်နယ်ဟာ နွေဦးတော်လှန်ရေးကို လက်နက်ကိုင်တော်လှန်ခြင်းဖြင့် စတင်ခဲ့ပါတယ်။

ကရင်နီပြည်မှာ လက်နက်ကိုင်တော်လှန်ရေး စဖြစ်ပြီဆိုကတည်းက အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီး၊ လက်နက်ငယ် လေယာဥ်ပစ်ကူတွေ ဖောဖောသီသီသုံးပြီး နှိမ်နှင်းဖို့ ကြိုးစားခဲ့တာ အားလုံးအသိပါ။ အခုလို ပြည်နယ်သေးသေးလေးကို အကြမ်းဖက်စစ်တပ်ဟာ နည်းလမ်းမျိုးစုံသုံးပြီး သဲကြီးမဲကြီးနှိမ်နှင်းနေရတဲ့အဓိကအကြောင်းအရင်းကတော့ ကယားပြည် နယ်ဟာ စစ်ခေါင်းဆောင်အခြေစိုက်ရာ နေပြည် တော်မြို့နဲ့ အနီးဆုံးမှာတည်ရှိတဲ့ အတွက်ပဲ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ပြည်နယ် ၇ ခုအနက် အသေးဆုံး ပြည်နယ်ဖြစ်ပြီး တောတောင်ထူထပ်တဲ့ ပြည်နယ်လဲဖြစ်ပါတယ်။ ဒါပေမဲ့ အထက်မှာပြောခဲ့သလို စစ်ခေါင်းဆောင်တွေ အခြေစိုက်ရာနေပြည်တော်နဲ့ အနီးဆုံးမှာတည်ရှိတဲ့အတွက်ကြောင့် ဟိုယခင်ကတည်းက စစ်ခေါင်းဆောင်တွေဟာ ကယားပြည်နယ်အတွင်း တပ်အင်အားအများအပြားချထားပြီး နေပြည်တော်လုံခြုံရေးအတွက် ကြိုတင်ပြီးစီမံထားခဲ့ပါတယ်။

မြေမျက်နှာသွင် ပြင်အရကော၊ စစ်ရေးအနေအထားအရကော အရေးကြီးတာကြောင့် စစ်ခေါင်းဆောင်များဟာ ကယားပြည်နယ်တွင် တိုက်ခိုက်ရေး တပ်များအပြင် အခြားလက်ရုံးတပ်များပါ တည်ထားပြီး စစ်သည်အင်အားအများအပြားချထားပါတယ်။ စစ်ဖက်ဆိုင်ရာ ဖွဲ့စည်းပုံအရ ကရင်ပြည်နယ်ဟာ အကြမ်းဖက်စစ်တပ်၏ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) နယ်မြေအတွင်း၌ တည်ရှိပါတယ်။ ရပခရဲ့ လက်အောက်မှာ လွိုင် ကော်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရှိသည့်အပြင် ဘောလခဲတွင် အခြေချစစ်ဗျူဟာ (စဗခ) တခု လည်းအခြေစိုက်ထားပါသေးတယ်။

ကယားပြည်နယ်အတွင်းမှာ အခြေစိုက်ထားတဲ့ တပ်တွေကတော့ လွိုင်ကော်  ခလရ ၅၄၊ ဖားဆောင်း  ခလရ ၁၃၄၊ ခလရ ၁၃၅၊ ဘောလခဲ  ခမရ ၃၃၇၊ ခမရ ၄၂၉၊ ခမရ ၄၃၀၊ ဖရူးဆိုး  ခမရ ၄၂၈၊ ခမရ ၅၃၁၊ မိုးဗြဲ ခမရ ၄၂၂၊ လောပိတ  ခလရ ၇၂၊ လွိုင်လင်လေး  ခမရ ၅၃၀ စုစုပေါင်းတပ်ရင်း ၁၁ ရင်း ရှိပါတယ်။ အဲ့တာတွေအပြင် အမှတ်() စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၇) ကိုလည်း ဖယ်ခုံတွင် အခြေစိုက် ထားပါသေးတယ်။

ကယားဒေသတွင်းမှာရှိတဲ့ စကခ ၇ လက်အောက် ခံ တပ်တွေကတော့ လွိုင်ကော်  ခလရ ၂၅၀၊ ခလရ ၂၆၁၊ ဒီးမော့ဆို  ခလရ ၁၀၂၊ ဖယ်ခုံ  ခမရ ၃၃၇ ၊ ခမရ ၄၂၁၊ ငွေတောင်  ခမရ ၄၂၇ ဟူ၍ တပ်ရင်း()ရင်းရှိပါတယ်။ ဒါ့အပြင် လွိုင်ကော်မှာ အမှတ်(၃၅၆/၃၆၂) အမြောက် တပ်ရင်းနှစ်ရင်းနဲ့ ငွေတောင်မှာ အမှတ် (၃၆၀) အမြောက်တပ်ရင်း တစ်ရင်း ပေါင်း()ရင်းတည်ထားပြီး အရေးအကြောင်းဆို အချိန်မရွေးအမြောက်ပစ်ကူ ပေးနိုင်အောင်စီမံထားပါတယ်။

အဲ့တာတွေအပြင် အမှတ် ၃ လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးဌာနချုပ် တစ်ခု၊ အမှတ် (၉၄၂) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၇၂၂) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ်(၆၄၃)စစ်လက်နက်ပစ္စည်းတပ်စု၊ အမှတ်()အလုပ်ရုံတပ်စု(လျှပ်/စက်)၊ကုတင် ၁၀၀ ဆန့် အမှတ်() တပ်မတော်ဆေးရုံတို့အားလည်း လွိုင်ကော်မှာ တည်ထားပါတယ်။

စစ်တပ် သင်တန်းကျောင်းတွေအနေနဲ့ အမှတ်(၁၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းကို ဖရူဆိုးမြို့ မာခရာရှည်တွင်လည်းကောင်း၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) တပ်တစ်ခုနဲ့အမှတ်(၁၂)တပ်မတော်ဆေးရုံကိုလည်း ဘော်လခဲ မြို့မှာ အခြေစိုက်ဖွဲ့စည်းထားပါသေးတယ်။ အထက်မှာပြောခဲ့တဲ့ တပ်တွေအကုန်လုံးဟာ ကယားပြည်နယ် (ကရင်နီ)လုံခြုံရေးနဲ့ပတ်သတ်ပြီး အကြမ်းဖက်စစ်တပ်က ယခင်ကတည်းက တည်ထားတဲ့တပ်တွေပဲဖြစ်တယ်။ အရေအတွက် အတိအကျအားဖြင့် ဒကစ တခု၊ စဗခ တခု၊ စကခ တခု၊ ခြေလျင်/ခြေမြန်တပ်ရင်း ၁၇ ရင်း၊ အမြောက်တပ်သုံးရင်း၊ လေကြောင်းရန် တစ်ရင်းနဲ့ လက်ရုံးတပ်တွေအပါ စုစုပေါင်း ၂၉ တပ်နဲ့ ဖွဲ့စည်းထားပါတယ်။

ကယား ပြည်နယ်ထက် နယ်မြေကျယ်ပြန့်ပြီး လူဦးရေများပြားတဲ့ ချင်းပြည်နယ်မှာတောင် အခြေချစစ်ဗျူဟာ (စဗခ) နှစ်ခုနှင့် ခြေလျင်/ခြေမြန် တပ်ရင်း ခြောက်ရင်းသာ အခြေစိုက်ထားသည်ဖြစ်ရာ နှိုင်းယှဉ်ရလျှင် ကယားဒေသတွင် အခြေစိုက်သည့် အကြမ်းဖက်စစ်တပ်ရဲ့အရေအတွက် ဟာ လူဦးရေများပြီး နယ်မြေပိုကျယ်ပြန့်တဲ့ ချင်းပြည်နယ်ထက် သုံးဆခန့် များပြားတာကို တွေ့ရပါတယ်။

ကရင်နီဒေသတွင် ရရာလက်နက်ကိုင်စွဲပြီး တိုက်ပွဲဝင်ခဲ့ကြတာကတော့  ၂၀၂၁ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ဒီးမော့ဆိုတိုက်ပွဲမှ အစပြုခဲ့တယ်လို့ဆိုရမှာပဲ ဖြစ်တယ်။ ကရင်နီဒေသတွင်း၌အကြမ်းဖက်စစ်တပ်မှ လွိုင်ကော် ဒကစ လက်အောက်ခံတပ်ရင်းများ ရှိသော်လည်း အဲ့ဒီအချိန်တုန်းက စကခ ၇ ဖယ်ခုံ လက်အောက်ခံတပ်ရင်းတွေက ရှမ်းမြောက်မှာ စစ်ဆင်ရေးဝင်နေရတဲ့အချိန်ဖြစ်နေပါတယ်။ တဖြည်းဖြည်းနဲ့ ပျံ့နှံ့လာတဲ့ ကရင်နီဒေသ လက်နက်ကိုင်တော်လှန်ရေးကို ဒကစ လွိုင်ကော်လက်အောက်ခံ တပ်တွေနဲ့ မထိန်းနိုင်တော့တာကြောင့် ရပခ တိုင်းလက်အောက်ခံ တပ်တွေဖြစ်တဲ့ ခမရ ၅၁၀၊ ခလရ ၂၈၇ တပ်တွေကို ဖြည့်တင်းရာကနေ နောက်ပိုင်း တပ်မ ၆၆ တခုလုံး ကရင်နီစစ်မျက်နှာကိုရောက်ရှိခဲ့ရတယ်။ 

ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးအဖွဲ့တွေ တဖြည်းဖြည်းအားကောင်းလာတာကြောင့် စစ်တပ်ဟာ ၂၀၂၃ ခုနှစ် မှစပြီး ရှမ်းမြောက်မှ  စကခ ၂ တခုလုံးနှင့် စကခ ၇ မှ တပ်ရင်း သုံးရင်းပါ ဗျူဟာတခုအပြင် ရှမ်းအရှေ့မှာရှိတဲ့ စကခ ၁၈ မှ တပ်ရင်း သုံးရင်းပါ ဗျူဟာတခုကို ကရင်နီစစ်မျက်နှာမှာ ထပ်မံဖြည့်တင်းခဲ့ရတယ်။  ဒါကြောင့်၂၀၂၁/၂၀၂၂ အတွင်း တိုင်း/ဒကစ လက်အောက်ခံ တပ်ရင်း ၁၃ ရင်း၊ တပ်မ ၆၆ လက်အောက်ခံ၉ရင်း စုစုပေါင်း ၂၂ ရင်းခန့် စစ်ဆင်ရာမှ ၂၀၂၃ မှာတော့ နောက်ထပ် ၁၆ ရင်းခန့် ထပ်ဖြည့်တင်းခဲ့ရပါတယ်။ ဒါကြောင့်လက်ရှိအချိန် ကရင်နီစစ်မျက်နှာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဆင်ရေးဝင် ခြေလျင်/ ခြေမြန် တပ်ရင်း ၃၆ ရင်း၊ အင်အား ၄,၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေတယ်လို့ အကြမ်းဖျဥ်းတွက်ဆနိုင်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ကလည်းအင်အားများသလို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း အင်အားကောင်းလွန်းလှပါတယ်။ စစ်ကောင်စီတပ် ထိန်းချုပ်မရအောင်ထိ တိုက်ခိုက်ရေးစွမ်းရည်ကလည်း ပြည့်ဝနေတာဖြစ်ပါတယ်။ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ / ကရင်နီတပ်မတော် (KNPP/KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ကရင်နီပြည်သူ့တော်လှန်ရေး တပ်ပေါင်းစု (KRU) ပြည်သူ့ကာကွယ်ရေးတပ် (PDF) များဒီးမော့ဆို၊ လွိုင်ကော်၊ မိုးဗြဲ၊ ဖရူးဆိုး၊ ဖားဆောင်း၊ ဘော်လခဲ၊ Falcon Wings (ဒရုန်းတပ်ဖွဲ့)၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ ဖက်ဒရယ်ဒီမိုကရေစီ ညီနောင်များတပ်ဖွဲ့ (FDBF) Southern Shan Local Revolution Union (SSLRU) Karenni Generation Z (KGZ) တို့ရှိတဲ့အပြင် အခြားသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေလည်း ရှိပါတယ်။

KNDF ရဲ့ တော်လှန်ရေး () နှစ်ပြည့်ထုတ်ပြန်ချက်အရဆိုရင် တိုက်ပွဲပေါင်း (,၀၀၀)ကျော်မှာ ရှေ့တန်းစခန်း (၁၀) ခု? စစ်ဆေးရေးဂိတ် စခန်းတွေကိုပါ တိုက်ခိုက်သိမ်းပိုင်းနိုငဖြစ်ပွားခဲ့ပြီး KNDFနဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်သား (,၀၆၅) ကျော်ကို သုတ်သင်နိုင်ခဲ့ပြီးတော့ (၄၁) ဦးကိုလည်း အရှင်ဖမ်းနိုင်ခဲ့ပါတယ်။ ပြီးတော့ လက်နက်ခဲယမ်းများအမြောက်အများ သိမ်းဆည်းရမိခဲ့ပါသည်။ ဒီးမော့ဆိုမြို့နယ်ကတော့ တိုက်ပွဲ ၃၄၀ နဲ့ ကရင်နီပြည်နယ်မှာ အများဆုံးဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲတယ်ဆိုတဲ့အတိုင်း အကျအဆုံးကတော့ ရှိပါတယ်။ ကရင်နီပြည်နယ်တွင်း ၂ နှစ် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း KNDF ရဲဘော် (၁၅၃) ဦး ကျဆုံးခဲ့ရပါသည်။ စစ်ကောင်စီတပ်၏ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုနဲ့ နည်းမျိုးစုံ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ (၁၅၂)ဦး သေဆုံးခဲ့ရပြီး၊ (၁၆၂) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြရပါတယ်။ မီးရှို့ဖျက်စီးမှုနဲ့ လက်နက်ကြီးဖြင့်တိုက်ခိုက်မှုမှု၊ လေကြောင်းဖြင့်တိုက်ခိုက်မှုတို့အတွင်း လူနေအိမ်(၄၂၂) ကျော်ပျက်စီးခဲ့ပြီး၊ ဘာသာရေးအဆောက်အဦး (၁၂)လုံး နှင့် စာသင်ကျောင်း()လုံး၊ ဆေးခန်း(၁၆)လုံးထိခိုက်ပျက်စီးခဲ့ရပါတယ်။

ကရင်နီပြည်နယ်အတွင်းကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီကျင်းပတဲ့ တပ်မတော်နေ့အပြီး အကြမ်းဖက်စစ်တပ်ဟာ ကရင်နီဒေသကို တပ်အင်အားတွေထပ်ပို့ပြီး ထိုးစစ်ဆင်ခဲ့တာကြောင့် တိုက်ပွဲအရှိန်မှာ ယနေ့အချိန်ထိ မြင့်တက်နေဆဲဖြစ်ပါတယ်။  ကရင်နီဒေသဟာ နေပြည်တော်ကို ခြိမ်းခြောက်နိုင်တဲ့ ဒေသဖြစ်တာကြောင့် အကြမ်းဖက်စစ်တပ်အနေဖြင့် အခြားဒေသများမှ တပ်အင်အား ထုတ်နုတ်လို့ရတာနဲ့ ကရင်နီပြည်ကို ရရင်ရသလောက် အင်အားဖြည့်တင်းမယ်ဆိုတာသေချာပါတယ်။

ကရင်နီတော်လှန်ရေး အင်အားစုများမှာလည်း အားကောင်းမောင်းသန် ရှိသည့်အပြင် ရှမ်း၊ ပအိုဝ်း၊ နေပြည်တော် PDF၊ အလယ်ပိုင်းတိုင်း PDF စသည့် မဟာမိတ်အင်အားစုများကလည်း အတူတကွလက်တွဲတိုက်ပွဲဝင်နေကြပါတယ်။ ဒါကြောင့် ဖက်ဆစ်စစ်တပ်သည် ကယားပြည်နယ် ( ကရင်နီ) တွင်ရှိသည့်တပ်များနှင့်အရှိန်မြှင့်တိုက်ခိုက်ခြင်းများပြုလုပ်မည့်အပြင်လေကြောင်းတိုက်ခိုက်မှုများ၊လက်နက်ကြီးပစ်ခတ်မှုများဖောဖောသီသီအသုံးချကာကယားပြည်နယ်ကိုထိန်းချုပ်သွားနိုင်ဖို့အစွမ်းကုန်ကြိုးစားသွားမှာသေချာပါတယ်။ဒါပေမဲ့၂၀၂၃ခုနှစ်နှစ်စကတည်းကကရင်နီစစ်မျက်နှာမှာဆက်လက်ပြီးစစ်ရှိန်ကောင်းနေမှာဖြစ်သလိုတနိုင်ငံလုံးနီးပါးစစ်မျက်နှာဖွင့်နေရတဲ့အပြင်စစ်ပန်းပြီးနယ်မြေမကျွမ်းကျင်မှု၊တိုက်ခိုက်ရေးစွမ်းရည်မရှိစိတ်ဓာတ်ကျနေတဲ့စစ်ကောင်စီတပ်ဟာကရင်နီပြည်နယ်မှာအသေအဆုံးများနေအုံးမယ်ဆိုတာကတော့သေချာပါတယ်။

Red News Agency

By Editor