Author: Editor

  • စစ်မြေပြင်မှာ အသက်တမျှအရေးကြီးတဲ့ အမိန့်နာခံမှုနဲ့ နေပြည်တော်မှာ ပြေးပေါက်ရှာနေတဲ့ စစ်ရာဇဝတ်ကောင်များ

    စစ်မြေပြင်မှာ အသက်တမျှအရေးကြီးတဲ့ အမိန့်နာခံမှုနဲ့ နေပြည်တော်မှာ ပြေးပေါက်ရှာနေတဲ့ စစ်ရာဇဝတ်ကောင်များ

    “စစ်ကောင်စီဟာ မန္တလေးကို ကာကွယ်နိုင်ဖို့ ပြင်ဦးလွင်မြို့အထွက်မှာ သင်တန်းတက်နေတဲ့ စစ်သားတွေကို စီမံချက်နဲ့ ကာကင်းသဘောမျိုး စောင့်ခိုင်းတာတွေ လုပ်နေတယ်လို့ တပ်တွင်းသတင်းတွေကနေ သိရပါတယ်။ နေပြည်တော်ကို ကာကွယ်နိုင်ဖို့အတွက် မန္တလေးဟာ စစ်ကောင်စီအတွက် နောက်ဆုံးခံတပ်ပုံစံဖြစ်နေပါပြီ” 

    မောင်ဝိ 

    ၂၀၂၄ ခုနှစ်ရဲ့ နှစ်သစ်မှာ တော်လှန်ရေးက အားအကောင်းဆုံးလို့ ပြောလို့ရသလို တော်လှန်ပြည်သူတွေအတွက်လည်း အားတက်စရာသတင်းတွေဆက်တိုက်ဆိုသလို ကြားနေရပါတယ်။ ဇန်နဝါရီလ ၂  ရက်နေ့မှာ Mandalay (PDF) နဲ့ TNLA တို့ပူးပေါင်းပြီးတောင်သမန် စစ်ဆင်ရေးနဲ့  နောင်ချိုမြိုနယ် သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းအား ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

    ဇန်နဝါရီလ  ၃ ရက်နေ့ မနက်ပိုင်းမှာတော့ သံဘိုကျေးရွာစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး၊ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်မှူးကြီး သက်အောင်ကို ဖမ်းဆီးရမိသလို၊ စစ်တပ်ရဲ့ Drone Jammer စက်အကြီးအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တာဖြစ်တယ်။ သံဘို စစ်ကောင်စီရဲ့ကာကင်းစခန်းကိုသိမ်းပိုက်ရရှိချိန်မှာ ထူးခြားချက်တချို့တွေ့ရှိရတယ်။ 

    ဒါကတော့ ဖမ်းဆီးရမိချိန် ယူနီဖောင်းတွေမှာ စစ်ကောင်စီရဲ့ ခြေလျင်ခြေမြန်ဘက်ရယ်လို့ သေချာမတွေ့ရဘဲ လက်မောင်းဘက်တွေဟာ ကက (ယာ)၊ကက (ပြည်)၊ ကက(လျှပ်)၊ ကက(ဆက်)၊ ကက(ဆေး) စတဲ့ လက်ရုံးတပ်ဘက်တံဆိပ်တွေကို စုပေါင်းမြင်ရပြီး တိုင်းစစ်ဌာနချုပ်၊ တပ်မ ၁၁ နဲ့ အရံမီးသတ် ဘက်တံဆိပ်တွေလည်း တွေ့ရှိရတယ်။ 

    စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ)ကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ သံဘိုကာကင်းစခန်းရဲ့အခြေအနေကိုကြည့်ပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ် ခြေလျင်ခြေမြန်တွေ မရှိတော့ဘူးလားလို့တောင် မြင်မိပါတယ်။ စစ်ဌာနချုပ်ကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ ကာကင်းစခန်းဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ အားလုံး ရိပ်မိမယ် ထင်တယ်ပါတယ်။ 

    အခုလို တိုက်ခိုက်ခံရတာနဲ့ပတ်သတ်ပြီးပြင်ဦးလွင်မိုးကုတ်လမ်းရှိ နောင်ချိုမြို့ နယ်၊ သံဘိုရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဆီးဖြူရေရွာနဲ့ဆက်စပ်ရွာတွေနားမှာ TNLA/MDY PDF ခန့်မှန်းအင်အား ၈၀၀ နီးပါးလောက် လှုပ်ရှားနေတာ ကြာပါပြီ၊ ရှေ့ဆက်သွားရင် ဟိုခိုရွာဝန်းကျင်ဆို ပိုဆိုးတယ်လို့ စစ်တပ်လော်ဘီတွေ ဘက်ကနေ သတိပေးပြောဆိုထားပါတယ်။ လက်ရှိ သိမ်းပိုက်ရရှိထားတဲ့ သံဘိုစစ်စခန်းဟာ စစ်ကောင်စီရဲ့ DSA ဗိုလ်သင်တန်းကျောင်း အခြေစိုက်ရာ ပြင်ဦးလွင်မြို့နဲ့ ၁၅ မိုင်ဝန်းကျင်သာ ဝေးပါတော့တယ်။ 

    (more…)

  • လောက်ကိုင် ဒကစ လက်နက်ချသည့်အတွက် လောက်ကိုင်ကို MNDAA အပြီးသတ်သိမ်းပိုက်

    RNA_ဇန်နဝါရီ(၅)၊၂၀၂၄ခုနှစ်။
     
    ကိုးကန့်အထူးဒေသ (၁) လောက်ကိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှ ယမန်နေ့ (ဇန်နဝါရီ ၄ ရက်) ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့်အတွက် MNDAA နှင့်ပူးပေါင်းတပ်ဖွဲ့များက လောက်ကိုင်မြို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။
     
    လောက်ကိုင်ရှိ စစ်ကောင်စီလက်အောက်ခံများကို MNDAA ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးအတွင်း နေ့စဉ်တိုက်ခိုက်လာခဲ့သည့်မှာ ဇန်နဝါရီလ ၃ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ လောက်ကိုင်မြို့ကို MNDAA ထိန်းချုပ်သွားနိုင်ပါက ရှမ်းပြည်နယ် အထူးဒေသ (၁) အားလုံး စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
    [embedyt] https://www.youtube.com/watch?v=pbFLDmZ3dS4[/embedyt]
    ယမန်နေ့ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့် လောက်ကိုင် ဒကစ ပါအဝင် စစ်ကောင်စီလက်အောက်ခံများကို MNDAA ဦးဆောင်သည့် အဖွဲ့က ယနေ့ နံနက်ပိုင်းက လားရှိုးဘက်ပို့ဆောင်နေကြောင်း ဒေသတွင်းသတင်များအရ သိရသည်။
     
    #RedNewsAgency

  • နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော်ကောင်းမင်းသန့် (ခ) Flexx ၏ ဈာပန

    နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော်ကောင်းမင်းသန့် (ခ) Flexx ၏ ဈာပန

    RNA_ဇန်နဝါရီ(၃)၊၂၀၂၄ခုနှစ်။
     
    စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် တော်လှန်ရေးတာဝန်များကို မရပ်မနား လုပ်ဆောင်နေစဉ် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ၂၀၂၄ ခုနှစ် ၁ ရက်နေ့၊ ညနေ ၅ နာရီ ၂ မိနစ်ခန့်က နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော် ကောင်းမင်းသန့် (ခ)  Flexx ကျောက်ကပ်ရောဂါဖြင့်ကွယ်လွန်ခဲ့ပြီး ယနေ့ ( ဇန်နဝါရီလ ၃ ရက်)တွင် ဈာပနအခမ်းအနား ပြုလုပ်ခဲ့သည်။
    [embedyt] https://www.youtube.com/watch?v=sUXxyBKJa7I[/embedyt]
     
    ရဲဘော် ကောင်းမင်းသန့် (ခ) Flexx သည် GSC အဖွဲ့ဝင် သပိတ်ကော်မတီ PBYSC ရဲဘော်တဦးဖြစ်ကြောင်း၊၂၀၂၁ခုနှစ် ဩဂုတ် ၁၀ ရက်နေ့က ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်း အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝင်ရောက်ဖမ်းဆီးမှုတွင် လူငယ် ၅ဦး တိုက်ပေါ်မှ ခုန်ချခဲ့ကြသည့် ဖြစ်စဉ်အတွင်း အကြမ်းဖက်စစ်သားများ မတွေ့အောင် တိုက်ခန်းနောက် အမိုးပေါ်တွင် ပုန်းခိုကာ လွတ်မြောက်လာသူဖြစ်သည်။
    နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော် ကောင်းမင်းသန့် (ခ) Rapper Flexx အသက် (၂၁) နှစ်၏ ဈာပနအခမ်းအနားကို ရဲဘော်ရဲဘက်များ၊ တော်လှန်ရေးအင်အားစုများ တက်ရောက်ခဲ့ကြသည်။
     
    #RedNewsAgency

  • နွေဦးတော်လှန်ရေးရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေးတဲ့ ၂၀၂၃

    နွေဦးတော်လှန်ရေးရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေးတဲ့ ၂၀၂၃

    “နိုင်ငံတစ်နိုင်ငံမှာ အာဏာတည်ရှိရာဟာ ပြည်သူသာဖြစ်တယ်။ စစ်တပ်အနေနဲ့လည်း လက်နက်အားကိုး ဘယ်လိုပဲ အနိုင်ကျင့်နေပေမယ့် ပြည်သူလက်မခံတဲ့ အခြေအနေကြုံလာတဲ့အချိန်မှာ အရှုံးနဲ့သာရင်ဆိုင်ရမှာ”
    ********************

    မောင်ဝိ

    ဒီကနေ့အချိန်မှာတော့ စစ်ကောင်စီချုပ်ငြိမ်းဖို့ မကြာတော့ဘူးလို့ ပြောရနိုင်တဲ့အခြေအနေဖြစ်နေပြီ။ ဘာ့ကြောင့်လဲဆိုတော့ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး ရေချိန်ဟာ တနှစ်ထက်တနှစ်ပိုမိုမြင့်တက်လာတာကြောင့်ပဲ ဖြစ်တယ်။ ၂၀၂၃ ခုနှစ်ဟာ နွေဦးတော်လှန်ရေး ၃ နှစ်အတွင်း စစ်ရေး နိုင်ငံရေးနဲ့ နိုင်ငံတကာ အရေးတွေအပါအဝင် စစ်ကောင်စီဘက်မှာ ပြိုကျနေပြီး တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးရတဲ့ နှစ်လို့ ပြောရပါတယ်။

    အသိသာဆုံးနဲ့ အထင်ရှားဆုံး နားလည်အောင် ပြောရမယ်ဆိုရင်၊ ၂၀၂၂ ခုနှစ်မှာ စစ်တပ်ထောက်ခံသူတွေဘက်က “ဘယ်တပ်ရင်းတွေ သိမ်းပြီးပြီလဲ” ဆိုတဲ့ မေးခွန်းထုတ်မှုမျိုးနဲ့ တော်လှန်ရေးကို ချိုးနှိမ်ခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ “မြို့တွေကို တိုက်တော့ မြို့ပျက်တာပဲ အဖက်တင်တယ်” ဆိုတဲ့ပြောဆိုမှုတွေနဲ့ အစားထိုးလာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်ဟာ မြို့သိမ်းနိုင်တဲ့အထိ အောင်မြင်မှုတွေ စစ်ကောင်စီရဲ့ တပ်စခန်းနဲ့ ဗျူဟာကုန်းများစွာကို သိမ်းဆည်းနိုင်ခဲ့တယ်။ မြို့သိမ်းပြီး အုပ်ချုပ်ရေးတွေပါ အကောင် အထည်ဖော်လာနိုင်တာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၂-၂၀၂၃ ကာလအပိုင်းအခြားအတွင်း စစ်ရေးအရတိုးတက်လာမှုပဲ ဖြစ်တယ်။

    ၂၀၂၂ စစ်ရေးအခြေအနေ

    ၂၀၂၂ ကာလအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကနေ COC တည်ဆောက်နိုင်မှု အားနည်းချက်များ၊ စစ်ရေးစွမ်းရည်များ အနေနဲ့လိုအပ်ချက် တချို့ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် အတွင်းမှာဆိုရင် စစ်ကောင်စီဘက်က လက်နက်အင်အားပြည့်စုံမှုမရှိတဲ့ အညာဒေသကို ပစ်မှတ်ထား ဖိနှိပ်မှုတွေလုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ ကိုယ်ထူကိုယ်ထနဲ့ လက်နက်စွဲကိုင်ပြီး တော်လှန်ရေးအားကောင်းပါတယ်ဆိုတဲ့ စစ်ကိုင်း၊ မကွေးစတဲ့ အညာဒေသကို အဓိကထား တိုက်ခိုက်ခဲ့တာဖြစ်တယ်။

    အသိသာဆုံးဆိုရင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီရဲ့ Mi-35 ရဟတ်ယာဥ်နဲ့ ပတ်ခတ်မှုနဲ့ နှိုင်းယှဥ်ပြလိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ ကလေး သူငယ်တွေအပေါ် ကျူးလွန်ခဲ့တဲ့တာဖြစ်ပြီး၊ အခုလိုပုံစံမျိုးနဲ့ အညာဒေသရှိ လက်နက်အင်အားလုံလောက်မှုမရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်။

    (more…)

  • စစ်ကောင်စီအပေါ် ဖိအားပေး ခြိမ်းခြောက်လာတဲ့ ရခိုင်စစ်မျက်နှာ

    စစ်ကောင်စီအပေါ် ဖိအားပေး ခြိမ်းခြောက်လာတဲ့ ရခိုင်စစ်မျက်နှာ

    “အင်အားကြီးထွားလာတဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ကြုံတွေ့လာရချိန်မှာတော့ ခံစစ်အသွင်ကို တဖြေးဖြေးပြောင်းလဲလာပြီး မကြာခင်မှာ ရခိုင်စစ်မျက်နှာအများအပြားကို စစ်ကောင်စီအနေနဲ့ လက်လွှတ်ဆုံးရှုံးလာရမှာ”

    မောင်ဝိ

    နွေဦးတော်လှန်ရေးကာလ အတွင်း စစ်ရေးတိုးတက်လာမှု၊ စစ်ကောင်စီအပေါ် ပြင်းပြင်းထန်ထန်ထိုးနှက်နိုင်ခဲ့တဲ့ စစ်ဆင်ရေးကိုပြောပါဆိုရင် “၁၀၂၇” စစ်ဆင်ရေးကို ပြောရပါမယ်။ အဲ့ဒီစစ်ဆင်ရေးတွေဟာ စစ်ကောင်စီတပ်တွေကို ကြုံသလိုတိုက်ခိုက်တာမဟုတ်ပဲ ဗျူဟာမြောက် ထိုးစစ်ဆင်နေခဲ့တာတွေကို တွေ့ရပါတယ်။ ဒါ့အပြင်

    ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်းမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ ထိန်းချုပ်ထားနိုင်ခဲ့တဲ့ နယ်မြေတွေကိုကြည့်မယ်ဆိုရင် စစ်ကောင်စီရဲ့ ကုန်သွယ်ရေး ထွက်ပေါက်ဖြစ်တဲ့ အိန္ဒိယ-မြန်မာနယ်စပ်၊ ရှမ်းမြောက်ဒေသရှိ တရုတ်- မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများအပြင်၊ မြဝတီ- ကော့ကရိတ် လမ်းမတွေကိုပါ ထိန်းချုပ်လာနိုင်တာတွေ့ရတယ်။

    ဒီနေရာမှာ မေ့ထားလို့မရတာက စစ်ကောင်စီတပ်တွေ ကြောက်ရွံ့လာတဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အတွင်းက ရက္ခိုင့်တပ်တော်- AA အကြောင်းပဲ ဖြစ်တယ်။ ဒီထဲကမှ စစ်တပ်အာဏာမသိမ်းခင်က ရခိုင်ပြည်အတွင်းက တိုက်ပွဲ အခြေအနေတချို့ကို ခလရ (၃၅) ရဲ့ တပ်ကြပ်ကြီး ပြောပြလို့ သိခွင့်ရခဲ့တယ်။

    ဖြစ်စဥ်က၂၀၂၀ ပြည့်နှစ်၊ ၁၂ လပိုင်း ၊၂၆ ရက်နေ့မှာ ခလရ (၃၅)၊ ခလရ (၁) နဲ့ နယ်မြေခံ စစ်ကောင်စီတပ်ရင်း (၁)ရင်းတို့ဟာ အမ်းမြို့နယ်ကနေ AA တပ်ဖွဲ့ဝင်တွေရှိနိုင်တဲ့ နေရာတွေကို ချီစစ်ဆင်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန် အမ်းမြို့နယ်နဲ့ စညှင်းရွာကြား၊ မြေပုံမြို့နယ်အစပ်မှာ AA တပ်ဖွဲ့ဝင်တွေရဲ့ ခြုံခိုတိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။

    အဲဒီ တိုက်ပွဲအတွင်း ရှေ့ဆုံးကနေ ချီစစ်ဆင်တဲ့ ခလရ (၁) တပ်ရင်း တစ်ရင်းလုံးဟာ အဆက်အသွယ်ပြတ်တောက်သွားပြီး ကစဥ့်ကလျားထွက်ပြေးသွားခဲ့ကြတယ်။ ဒါဟာ အာဏာမသိမ်းခင်အချိန် စစ်ကြောင်း တခါထိုးရင် တပ်ရင်း (၃) ရင်းခန့်နဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေခဲ့တဲ့ အချိန်က စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းအခြေအနေပဲဖြစ်တယ်။

    (more…)

  • “လူငယ်တွေရဲ့ တောင်းဆိုချက် အကြံပြုချက်က တော်လှန်ရေး အရွေ့အတွက်ဖြစ်တယ်”

    “လူငယ်တွေရဲ့ တောင်းဆိုချက် အကြံပြုချက်က တော်လှန်ရေး အရွေ့အတွက်ဖြစ်တယ်”

    RNA_ဇန်နဝါရီ(၁)၊၂၀၂၄ခုနှစ်။

    NUCC၊ NUG၊ CRPH စသည့် တော်လှန်ရေးဦးဆောင်အဖွဲ့များထံ လူငယ်များ၏ တောင်းဆိုချက်၊ အကြံပြုချက်များသည် တော်လှန်ရေး အရွေ့အတွက်ဖြစ်ကြောင်း တော်လှန်လူငယ်မျိုးဆက် တွေ့ဆုံပွဲ ပြောရေးဆိုခွင့် ရွေးချယ်ခံရသူ ကိုနေမွန်က ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြောသည်။

    လက်ရှိတော်လှန်ရေးတွင် ညီညွတ်ရေးနှင့် ပိုမိုအားကောင်းစွာ တိုက်ပွဲဝင်နိုင်ရေးကို ရှေးရှုပြီး နယ်ပယ် ၁၃ ခုမှ လူငယ် ရဲဘော် ၈၀ ကျော်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ မှ ၂၉ ရက်နေ့အထိ ၃ ရက်တာ အွန်လိုင်းနှင့် မြေပြင်ပေါင်းဆုံပြီး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=6iJT80DIbJk[/embedyt]

    တော်လှန်လူငယ်မျိုးဆက် တွေ့ဆုံဆွေးနွေးပွဲမှ နွေဦးတော်လှန်ရေးတွင် ဦးဆောင်နေကြသည့် အဖွဲ့အစည်းများထံ ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ မှာ တိုက်တွန်းအကြံပြုချက်များကို ပေးပို့ထားကြောင်း သိရသည်။

    Red News Agency

  • NUG ဝန်ကြီးဌာနများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း ဆန္ဒပြသူများပြောကြား

    NUG ဝန်ကြီးဌာနများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း ဆန္ဒပြသူများပြောကြား

    RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။
     
    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်အရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းမည့်အရေးနှင့် မြို့နယ်ပြင်ပမှ ဝင်ရောက်စွက်ဖက်နေမှုများ အလိုမရှိကြောင်း၊ NUG ဝန်ကြီးဌာများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း စသည်တို့ကို ဒီဇင်ဘာ ၂၈ ရက်နေ့က ဂန့်ဂေါမြို့နယ်အတွင်း ဆန္ဒပြသူများကိုယ်စား ဦးဆောင်သူက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=TCZ0pApX1vY[/embedyt]
    Red News Agency

  • စစ်ကောင်စီလက်အောက်မှ မြို့ ၅ မြို့နှင့် တပ်စခန်းကြီး/ငယ် ပေါင်း (၇၃) ခုကို TNLA သိမ်းပိုက်ထား 

    စစ်ကောင်စီလက်အောက်မှ မြို့ ၅ မြို့နှင့် တပ်စခန်းကြီး/ငယ် ပေါင်း (၇၃) ခုကို TNLA သိမ်းပိုက်ထား 

    RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။ 

    ရှမ်းမြောက်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး– PSLF/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA မှ ရှမ်းမြောက်ရှိ နမ့်ဆန်မြို့၊ မန်တုံမြို့၊ နမ္မတူမြို့၊ နမ့်ခမ်းမြို့၊ မိုင်းလုံမြို့အပါအဝင် တပ်စခန်းကြီး/ငယ် စုစုပေါင်း (၇၃) ခုကို စစ်ကောင်စီလက်တွင်းမှ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

    TNLA တပ်မဟာ () စစ်ဒေသဖြစ်သည့် မန်ဝိန်ကြီး၊ ရွှေလီမြစ်ကူး ကြိုးတံတား တပ်စခန်း၊ နမ့်ပေါ်တပ်စခန်း၊ နမ့်ခမ်း စခန်းသစ်တပ်စခန်းနှင့် နမ့်ခမ်းမြို့တွင်းနှင့် တပ်မဟာ () စစ်ဒေသနယ်မြေဖြစ်သည့် နမ့်ဆန်မြို့၊ တပ်မဟာ()စစ်ဒေသဖြစ်သည့် မန်ပူးတပ်စခန်းနှင့် မန်တုံမြို့တွင်း၊ တပ်မဟာ()စစ်ဒေသဖြစ်သည့် နမ္မတူမြို့ ခမရ၃၂၄ တပ်စခန်းနှင့် နမ္မတူမြို့တွင်း၊ တပ်မဟာ()စစ်ဒေသနယ်မြေဖြစ်သည့် ယုံမော၊ ရှောက်ဟော်တပ်စ ခန်း စသည်တို့နှင့် တပ်မဟာ ()စစ်ဒေသဖြစ်သည့် မိုင်းကျက်စသည့် စခန်းအသီးသီးကို PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်မှ နယ်မြေကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ယမန်နေ့ညပိုင်းက TNLA သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

    (more…)

  • နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို PSLF/TNLA မှ တိုက်ခိုက်ပြီး မြို့ကိုသိမ်းပိုက်ထားနိုင်

    နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို PSLF/TNLA မှ တိုက်ခိုက်ပြီး မြို့ကိုသိမ်းပိုက်ထားနိုင်

    RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၃ခုနှစ်။

    နမ္မတူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း တိုက်ခိုက် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း TNLA သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

    တအာင်းပြည်နယ် တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော်က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၄)ရက်ကြာ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီ ခမရ-၃၂၄ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

    #RedNewsAgency

  • စစ်ကောင်စီလက်အောက်ခံများ သွေးပျက်ပြီး ၂ နှစ်ကြာ တပ်စွဲထားသည့်နေရာမှ ဆုတ်ပြေး

    စစ်ကောင်စီလက်အောက်ခံများ သွေးပျက်ပြီး ၂ နှစ်ကြာ တပ်စွဲထားသည့်နေရာမှ ဆုတ်ပြေး

    RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၃ခုနှစ်။
     
    ဒေသတွင်း PDF တပ်ဖွဲ့များကို တိုက်ခိုက်ခံနေရပြီးနောက် စခန်းဝင်တိုက်ခံရမှာကြောက်သည့်အတွက် စစ်ကောင်စီလက်အောက်ခံ တပ်သားများနှင့်ပျူများ သွေးပျက်ကာ ၂ နှစ်ကြော်တပ်စွဲထားသည့် စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာ စခန်းမှဆုတ်ခွါသွားကြပြီဖြစ်ကြောင်း Phoenix Sagaing တာဝန်ခံက Red News Agency ကိုပြောပြထားသည်။
     
    ၂ နှစ်ကြော်ကြာ တပ်စွဲထားသည့် မာလဲတောရွာစခန်းမှ စစ်ကောင်စီလက်အောက်ခံများ သုံးမိုင်အကွာမှာရှိသည့် အုန်းတော့ရွာ အမှတ် (၆၀၀၅) တင့်ကားတပ်ရှိရာကို ထွက်ပြေးသွားသည့်အတွက် ဒေသခံ PDF ရဲဘော်များ ဒီဇင်ဘာလ ၂၃ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့ကြကြောင်း၊ မာလဲတောရွာ ပြည်သူများမှာ လွန်ခဲ့သည့် ၂ နှစ်ကတည်းက စစ်ဘေးရှောင်နေကြရပြီး ရွာတွင်စစ်ကောင်စီတပ်သားများနှင့် ပျူများသာ ကျန်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    [embedyt] https://www.youtube.com/watch?v=uPwb5vXU8Bo[/embedyt]

    (more…)