၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ် လှုပ်ရှားမှုဖြစ်ပေါ်ခဲ့ပြီးနောက် အမျိုးသားကျောင်းများပေါ်ထွန်းပြီးနောက် ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ဥက္ကဋ္ဌ ကိုနုနှင့် အတွင်းရေးမှူး ကိုအောင်ဆန်း (အိုးဝေ-အယ်ဒီတာ) တို့အား ကျောင်းထုတ်ခံရမှုကို ကန့်ကွက်သော ဒုတိယကျောင်းသပိတ်ဖြစ်ပေါ်ခဲ့သည့် ထိုနှစ် ၁၉၃၆ ခုနှစ် မေလ (၈) ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံကျင်းပပြီး ထိုညီလာခံဆုံးဖြတ်ချက်အရ ဗမာနိုင်ငံလုံးဆိုရင် ကျောင်းသားများသမဂ္ဂ ( ဗကသ) – All Burma Students Union- ABSU ကိုု စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၅၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ( All Burma Federation of Student Union – ABFSU) အဖြစ် တိုးမြှင့်ဖွဲ့စည်းခဲ့သည်။

RNA_မေ(၈)၊၂၀၂၄ ခုနှစ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ( ဗကသ) သည် ပြည်သူလုထူဘက်က ပြတ်ပြတ်သားသား ရပ်တည်သည့် ရှည်လျားသည့် သမိုင်းကြောင်းရှိသည့် အဖွဲ့အစည်းတခုဖြစ်ကြောင်း ယနေ့ ကျရောက်သည့် ဗကသများအဖွဲ့ချုပ် တည်ထောင်ခြင်း (၈၈) နှစ်ပြည့်အခမ်းအနားသို့ ဗကသ ဥက္ကဋ္ဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ ကိုကျော်ကိုကို ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။
#RedNewsAgency