မြို့ပြကို ထိုးဖောက်နိုင်ရေး ကြိုးစားနေသည်ဟု ဗိုလ်မိုက်ခဲပြော

RNA_မေ(၇)၊၂၀၂၄ခုနှစ်။
 
ရေစကြိုမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် လှုပ်ရှားနေသော Myingyan Black Tiger (MBT) တပ်ဖွဲ့အနေဖြင့် ဒေသတွင်းရှိ မြိုဲ့ပြကို ထိုးဖောက်နိုင်ရေး ကြိုးစားနေသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
 
“ကျွန်တော်တို့ လက်ရှိစစ်ရေးအခြေအနေအရ မြို့ပြကိုထိုးဖောက်နိုင်ဖို့ ကြိုးစားနေပါတယ်။ မြို့ပြကို ထိုးဖောက်ဖို့ဆိုတာလည်း အရင်စစ်ရေးမစ်ရှင်တွေနဲ့စာရင် ဒီဟာက တအားခက်ခဲပါတယ်။ အဲအတွက် ကျွန်တော်တို့တွေ အကောင်းဆုံးပြင်ဆင်နေရတယ် အချိန်ယူနေရတယ် ကျွန်တော်တို့တွေ အကောင်းဆုံး ကြိုးစားနေပါတယ်။ ရဲဘော်တွေလည်း အကောင်းဆုံးစိတ်ဓာတ်တွေနဲ့အတူ ကျွန်တော်တို့လက်ရှိအနေအထားမှာ ကိုယ့်နယ်မြေမဟုတ်တဲ့ ရန်သူ့နယ်မြေထဲမှာ ထိုးဖောက်နေတာတွေလည်း ရှိပါတယ်” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ့က ပြောသည်။
MBT တပ်ဖွဲ့အနေဖြင့် မန္တလေးတိုင်း မြင်းခြံ၊ မကွေးတိုင်း ရေစကြိုမြို့နယ် စသည့် နယ်မြေများအတွင်း လှုပ်ရှားနေသည်ကို တွေ့ရှိရပြီး လက်တလောအခြေအနေတွင် “မြို့ပြဆီသို့” ကမ်ပိန်းပြုလုပ်နေပြီး ခဲယမ်းများဝယ်ယူနေကြောင်း၊ ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့် ပူးတွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲများလည်း ဆင်နွှဲနေကြောင်း MBT တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
 
“မြို့ပြဆီသို့” ကမ်ပိန်းနှင့် ပတ်သက်ပြီး သိရှိလိုသည့် ပြည်သူများအနေဖြင့် MBT တပ်ဖွဲ့၏ လူမှုကွန်ရက် https://www.facebook.com/MyingyanBlackTiger တွင်လည်းစုံစမ်းနိုင်ကြောင်း သိရသည်။
 
#RedNewsAgency
By Editor