စရဖ

ဖားကန့်၌ စရဖ ဒုတပ်ကြပ်တစ်ဦး လက်ထိပ်ခတ်လျက် ပစ်သတ်ခံရ

ဖားကန့်၌ စရဖ ဒုတပ်ကြပ်တစ်ဦး လက်ထိပ်ခတ်လျက် ပစ်သတ်ခံရ

RNA_ဖားကန့်၊ မေ (၇)၊၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်၊ ရင်ရင်ကိတ်မုန့်ဆိုင်ရှေ့၌ ယမန်နေ့ည (၇) နာရီခန့်က စရဖ ဒုတပ်ကြပ် တစ်ဦး လက်ထိပ်ခတ်ခံရလျက်အနေအထားဖြင့် ပစ်သတ်ခံထားရသည်။ ပစ်သတ်ခံရသူ (အမည်မသိရှိရသေး) စရဖ ဒုတပ်ကြပ်၏ ဘေးတွင် ‌ဆိုင်ကယ်တစ်စီးလဲနေသည်ကို တွေ့ရပြီး၊ စရဖ ဒုတပ်ကြပ်အား KIA/KPDF ရဲဘော်များက ဖမ်းဆီးထားစဉ် ကိတ်မုန့်ဆိုင်ထဲဝင်ပြေးရန်ကြိုးစားသည့်အတွက် ပစ်ခတ်ခဲ့ရကြောင်း သိရသည်။ "မစ်ရှင်ဖော်တဲ့ ကလေးတွေနဲ့တော့ အဆက်အသွယ်မရသေးပါဘူး၊ အဲ့တာကြောင့် နာမည်မသိရသေးဘူး၊ စရဖ ဒုတပ်ကြပ် မှန်ပါတယ်၊ ဖမ်းဆီးထားစဉ် ထွက်ပြေးလို့ ပစ်တယ်လို့လည်း သတင်းရထားပါတယ်"ဟု KPDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဧပြီ ၂၄ ရက်နေ့ နေ့ခင်း…
Read More