Tag: သတင်းမီဒီယာ
-

အကျပ်အတည်းကာလ လွတ်လပ်သောသတင်းမီဒီယာများ ရှင်သန်ရပ်တည်ရေး ဆွေးနွေး
RNA_မေ(၁၁)၊၂၀၂၅ခုနှစ်။နဝမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် “အကျပ်အတည်းကာလ လွတ်လပ်သော သတင်းမီဒီယာများ ရှင်သန်ရပ်တည်ရေး” ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ရာ စကားဝိုင်း ဆွေးနွေးမှုများကိုလည်း မေလ ၅ ရက်မှ ၇ ရက်နေ့အထိ မြန်မာနိုင်ငံပြင်ပတနေရာ၌ ကျင်းပခဲ့သည်။နိုင်ငံတကာမြန်မာသတင်း (နိုင်ငံတကာမြန်မာသတင်း(Burma News International-BNI)က ကြီးမှူးပြီး ကျင်းပခဲ့သည့် နဝမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် သတင်းသမားများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သံတမန်တချို့နှင့် မီဒီယာပံ့ပိုးသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၁၃၀) ခန့်တက်ရောက်ခဲ့သည်။ -

စစ်ကောင်စီအသုံးချခံ သတင်းမီဒီယာကောင်စီအသစ်ကို အသိအမှတ်မပြုကြောင်း IMJA နှင့် IPCM တို့ထုတ်ပြန်
RNA_နိုဝင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။
စစ်ကောင်စီအသုံးချခံ မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာကောင်စီအသစ်ကို အသိအမှတ်မပြုကြောင်းနှင့် ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးအခြေအနေအရ ထိုင်းနိုင်ငံ တနေရာတွင် အခြေစိုက်ကြသော လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) နှင့် လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) တို့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ဖွဲ့စည်းလိုက်သော အသုံးချခံ သတင်းမီဒီယာကောင်စီအသစ်နဲ့ ကောင်စီ အဖွဲ့ဝင်တွေကို လုံးဝ (လုံးဝ) အသိအမှတ် မပြုကြောင်းနဲ့ ကန့်ကွက်ရှုတ်ချကြောင်း IMJA ကထုတ်ပြန်ထားပြီး၊ စစ်ကောင်စီ ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီသည် လွတ်လပ်သော မြန်မာသတင်းမီဒီယာသမားများကို ကိုယ်စားမပြုဘဲ စစ်ကောင်စီ သက်ဆိုးရှည်ရေး ဝါဒဖြန့်ချိရေးယန္တရား ပိုမိုခိုင်မာစေရေးနှင့် နိုင်ငံတကာကို သတင်းမှားဖြန့်ချိရေးလုပ်ဆောင်ရန် ဆောင်ရွက်ရန်အတွက်သာ ဖြစ်သည့်အတွက်ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-

စာနယ်ဇင်းလွတ်လပ်ခွင့် အားကောင်းခိုင်မာစေရေး အားပေးထောက်ခံသွားမည်ဟု NUG ပြော
RNA_မေ(၃)၊၂၀၂၄ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်စေရေး ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့် အားကောင်းခိုင်မာစေရေး အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ပြောကြားထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ ပုဒ်မ ၄၂ ပါ “သတင်းမီဒီယာများ၏ လွတ်လပ်စွာရပ်တည်ပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းတင်ပြပိုင်ခွင့်တို့အား အကာအကွယ်ပေးရမည်” ဟူသည့် အခြေခံမူဝါဒနှင့်အညီ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အောက်ပါ သဘောထား ရပ်တည်ချက်များကို ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် ထုတ်ပြန်ထားသည်။
(more…)