နိုင်ငံတော်အဆင့် စစ်ဆင်ရေးကြီး ဘယ်ပျောက်သွားပြီလဲ 

“အကြမ်းဖက်စစ်ကောင်စီမှ ဒေါသတကြီးဖြင့် ရသမျှ အင်အားများစုစည်းပြီး ဧပြီ ၂၀ ရက်နေ့ကတည်းက စတင်စေလွှတ်လိုက်သော နိုင်ငံတော်ဆင့် အောင်စေယျစစ်ဆင်ရေးကြီးမှာ ဘယ်နေရာရောက်လို့ ရောက်မှန်းမသိ ကူပါကယ်ပါနှင့် ဒေါနတောင်တကျောတွင် ပျောက်ဆုံးနေကြရပြီ”

ဧရာဝတီလင်းပိုင်

မြဝတီမကျစေရန် နိုင်ငံ‌အဆင့်အနေဖြင့် စစ်ကြောင်းထိုးလာသည့် အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်‌ပေါ်တွင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်ထိတွေ့မှုဖြစ်ကာ အကျအဆုံးများနေသည်။ KNLA၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်‌ကြောင်းအပါအဝင် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက  တောက်လျှောက်တိုက်ခိုက်‌သည့်အတွက် ဗိုလ်မှူးအဆင့်နှင့် ဗိုလ်ကြီးအဆင့်များအပါအဝင် ၁၃ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့သည်ဟု ကျားဖြူစစ်‌‌ကြောင်းမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်အနေဖြင့် မေလ ()ရက်နေ့မှာ ခလရ ၉၄ ယာယီတပ်ရင်းမှူးအဖြစ်ခန့်အပ်ခံရသူ ဒုဗိုလ်မှူးကြီးအဆင့် သန့်ဇော်ဝင်းပါ ဒေါနတောင်တိုက်ပွဲများအတွင်း သေဆုံးခဲ့သည်။ မြဝတီသို့ရောက်ရှိရန် ကျုံဒိုးကိုးတိုင် လမ်းမကြီးလမ်းတစ်လျှောက်တွင် လုံခြုံရေးယူပေးထားသည့် စစ်တပ်လက်အောက်ခံ BGF နှင့် ၂၄ ပစ္စည်း DKBA ပူးပေါင်းတပ်ဖွဲ့များကို KNDO တပ်ရင်း ၆ Drone တပ်ဖွဲ့ ရဲဘော်များက ဧပြီလ ၂၄ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ တိုက်ခိုက်မှုအတွင်း BGF စစ်ကြောင်းမှူး ၂ဦး၊  ခမရ ၅၄၆ မှဗိုလ်ကြီး ၁ဦး၊ တပ်ကြပ်ကြီးအဆင့် ၁ဦး၊ တပ်သားအဆင့် ၇ ဦးသေဆုံးကာ ၇၀ နှင့်အထက်  ဒဏ်ရရှိခဲ့ကြောင်းလည်းထုတ်ပြန်ထားပါသည်။ ထိုမျှသာမက စက်သေ နတ်တပ်ဆင်ထားသည့် ယာဉ် ၁စီး၊ ဖောကား ၂စီး၊ သံချပ်ကာကား ၂စီး ပျက်စီးပြီး စစ်ကောင်စီတပ်သားများ ရာနှင့်ချီသေဆုံး‌သည်အထိ KNLA မှ တိုက်ခိုက်နိုင်ခဲ့သည်။

အောင်ဇေယျစစ်ဆင်ရေးကို နိုင်ငံတော်အဆင့် စစ်ဆင်ရေးအဖြစ် သတ်မှတ်ပြီး စက်ယန္တရားများနှင့် လေယာဉ်များပါ အသုံးပြုပြီး စစ်သည်အင်အားမလုံလောက်သည့်အတွက် စစ်မှုထမ်းဥပဒေကြောင့် စစ်တပ်ထဲရောက်ရှိခဲ့တဲ့ အပတ်စဉ် ( ) မှ စစ်သား သစ်များကိုပါ စေလွှတ်တိုက်ခိုက်ခိုင်းနေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်တွေကလည်း ပြောဆိုနေကြပါသည်။ အောင်ဇေယျ စစ်ကြောင်းသည် နိုင်ငံတော်အဆင့် စစ်ကြောင်း ဖြစ်သော်လည်း ယနေ့အချိန်ထိ သင်္ဃန်းညီနောင် ရောက်အောင်လာနိုင်ခြင်း မရှိ။

Photo : Cobra Column

စစ်မှုထမ်းဥပဒေနှင့်ပတ်သတ်ပြီး စစ်ကောင်စီပြန်ကြား‌‌ရေးအဖွဲ့က ဇော်မင်းထွန်းက “professional  စစ်သားတစ်ယောက် နိုင်ငံ့ကာကွယ်‌ရေးတာဝန်‌တွေကို ထမ်းဆောင်တဲ့သူ‌တွေလို စစ်ပညာအပြည့်အဝ သင်ပေးပြီးမှ တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်ဟု ဧပြီလ ၁၁ ရက်နေ့က ပြောကြားခဲ့သော်လည်း လက်ရှိတွင်မှု စစ်ကောင်စီ၏ အမိန့်အာဏာအား လွန်ဆန်မရဘဲ စေခိုင်းသည့်အတိုင်း ပါဝင်ခဲ့ရပါတယ်။

စစ်ရေးအတွေ့အကြုံမရှိသည့်အပြင် စစ်ပညာရပ်များအား ပြည့်ဝအောင် သင်ကြားပေးလိုက်ခြင်းမရှိဘဲ နိုင်ငံတော်အဆင့်ဟုသတ်မှတ်သည့် အောင်ဇေယျ စစ်ဆင်ရေးတွင် ထည့်သွင်းတိုက်ခိုက် ခိုင်းသည့်အခါ  ဗုံးသံ၊ သေနတ်သံများနှင့် တော်လှန်ရေးတပ်ပေါင်းစု၏ တန်ပြန်တိုက်ခိုက်မှုတွေကြား   ပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ  အရည်အချင်းမပြည့်ဝသည့် စစ်ကောင်စီလက်အောက်ခံများ ပီသစွာသေနတ်သံကြားရုံနှင့်ပင် ပြေးနေသည့် အဖြစ်များပင်ရှိနေပါတယ်။

Photo : Cobra Column

စစ်ကောင်စီဘက်နှင့် စစ်ကောင်စီထောက်ခံသူလော်ဘီများမှ  တပ်သားသစ်များကို ထည့်သွင်းတိုက်ခိုက်ခြင်း မရှိပါဘူးဟု မည်သို့ပင် ငြင်းစေကာမူ အတင်းအဓမ္မတပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရသည့် ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင်များ၏ ဖြစ်ရပ်များကို ကြည့်ချင်းအားဖြစ် သိနိုင်ပါသည်။ အာရက္ခတပ်တော်နှင့် တိုက်ပွဲများအတွင်း အရှင်ဖမ်းဆီးရသူများနှင့် စစ်ကောင်စီတပ်သားများနှင့်အတူ သေဆုံးသွားသူများ ရှိနေသည်။ အကြမ်းဖက်စစ်ကောင်စီသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းဖြစ်သည်။ ပြည်သူများကို သေစေနိုင်သည့် တိုက်ပွဲများအတွင်း လူသားဒိုင်းအဖြစ်သာသာ အသုံးပြုနေခြင်းဖြစ်သ။ ကရင်နီတိုက်ပွဲနှင့်စစ်ကိုင်း‌ဒေသဘက်ရှိ တိုက်ပွဲများတွင်လည်း အဓမ္မ စစ်သားသစ်စုဆောင်းခံရသူများကို ရှေ့တန်းပို့နေသည့်အတွက် အများအပြားသေဆုံးနေကြရသည်။

အဖက်ဖက်က လဲပြိုပြီး အင်အားမရှိတော့သည့် စစ်ရှုံးလုနီးပါးဖြစ်နေသည့် အကြမ်းဖက်စစ်အုပ်စုသည် နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သည့် မြဝတီမြို့နယ်အား အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စက်ယန္တရားများအားကိုးပြီး တပ်မ (၄၄ )၊ တပ်မ (၅၅) တို့ဖြင့် စုဖွဲ့ပြီး မရမက အင်းအားဖြည့်သော်လည်း ရှိသလောက်ဖြင့် အောင်ဇေယျစစ်ဆင်ရေးဟုအမည်ပေးထားသော်လည်း အထိနာ အသေအဆုံးများနေတဲ့အတွက် ထပ်ပြီးတော့  တပ်မ( ၇၇)ရှိ အင်အားများပါ ထပ်မံအားဖြည့်ထားသည်ဟုကြားနေရသည်။ သို့သော် တော်လှန်ရေးအင်အားစုများကသာ အားသာနေဆဲဖြင်သည်။ 

စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ () မှ ဒုတပ်ရင်းမှူး စိုင်းအောင်သက်နိုင်မြင့်  ဦးဆောင်သည့်အင်အား ၅၀ ကျော်ရှိသည့် စစ်ကြောင်းသည်လည်း ကရင်ပြည်နယ် သေ့ဘေးဘိုးကျေးရွာအနီးတွင် KNLA၊ ပြည်သူ့ကာကွယ်ရေး PDFပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပြီး တပ်ရင်းလိုက်ပျောက်ဆုံးကာ မေလ ၃ ရက်နေ့ကတည်းကပင် အဆက်အသွယ် မရရှိခဲ့ခြင်းဖြစ်သည်ဟု သတင်းထွက်ပေါ်နေသလို DKBAထံ ခိုလှုံသည့် သတင်းများလည် ထွက်ပေါ်လျှက်ရှိနေပါသည်။

Photo : Cobra Column

တောင်ပိုင်းစစ်ဒေသတွင် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်များမှ အစွမ်းကုန် ခုခံကာကွယ်တိုက်ခိုက်မှု အောင်မြင်နေသည်ဟု ပြော၍ရသည်။ အဘယ့်ကြောင့်ဆိုသော် အကြမ်းဖက်စစ်ကောင်စီမှ ဒေါသတကြီးဖြင့် ရသမျှ အင်အားများစုစည်းပြီး ဧပြီ ၂၀ ရက်နေ့ကတည်းက စတင်စေလွှတ်လိုက်သော နိုင်ငံတော်ဆင့် အောင်စေယျစစ်ဆင်ရေးကြီးမှာ ဘယ်နေရာရောက်လို့ ရောက်မှန်းမသိ ကူပါကယ်ပါနှင့် ဒေါနတောင်တကျောတွင် ပျောက်ဆုံးနေကြရပြီ ဖြစ်သည်။ 

မြဝတီသို့ ဦးတည်နေသော အောင်ဇေယျစစ်ဆင်ရေးကြီးသည် ယနေ့ထိတိုင် မြဝတီသို့ရောက်ရှိနိုင်ခြင်းမရှိဘဲ တော်လှန်ရေးတပ်ဖွဲ့များမှ ဒေါနတောင်တကျော်ကို ကောင်းကောင်းကြီး ထိန်းချုပ်ထားနိုင်သည့်အတွက် ထိခိုက်သေဆုံးမှုများပြားနေသည့် စစ်ကောင်စီလက်အောက်ခံများထဲမှ အသက်မသေလို့သည့် တပ်မ ၅၅ မှ စစ်သား ၃ ဦးသည်လည်း လက်နက်နှင့်အတူ တော်လှန်ရေးတပ်ဖွဲ့တွေထံ မတ်လ ၄ ရက်နေ့က အလင်းဝင်ခဲ့သည်။ အလင်းဝင်လာသည့် တပ်မ ၅၅ မှ စစ်သား ၃ ဦးကို တောင်ပိုင်းတိုင်းအမှတ် ( ၃၁) ဗျူဟာမှူးက ဆုငွေများချီးမြှင့်ခြင်း ခံရသူများဖြစ်သည့်အပြင် အသက်ဘေးမှ လွတ်မြောက်အောင်ရုန်းထွက်လာနိုင်ခဲ့သူများဖြစ်သည်။

ဒေါသတကြီးဖြင့် ရှိသမျှအား စုစည်းလိုက်ရသည့် အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျ စစ်ဆင်ရေးသည် စိုးဝင်းကိုယ်တိုင် ကွပ်ကဲသည်ဟု ပြောဆိုနေကြသော်လည်း ဗိုလ်မှူးကြီးအဆင့်ထိအောင် တိုက်ပွဲအတွင်း သေဆုံးနေရပြီး၊ ထွက်ပြေးနေကြရသည့်အတွက် စစ်သား မပီသဟု စစ်ကောင်စီလက်အောက်ခံများပြောနေသည့် မင်းအောင်လှိုင်ကိုယ်တိုင်ဦးစီးပါက အစအနတောင် ကျန်မှာမဟုတ်ဟု လက်တလောစစ်ရေးအခြေအများအရ ပြောလို့ရပါသည်။ ထို့အတွက်ကြောင့် စစ်ကောင်စီလက်အောက်ခံများအနေဖြင့် အကျိုးမရှိသော သေဆုံးမှုများကို ကာကွယ်ရန် လက်နက်ချ အညံ့ခံခြင်း၊ တသက်လုံး ဂုဏ်သိက္ခာအတွက် တိုက်ပွဲမဖြစ်ခင်ကတည်းက CMD ပြုလုပ်ခြင်း စသည့် လွတ်မြောက်ရာလမ်းကြောင်းများကို ရွေးချယ်သင့်ကြောင်း အကြံပြုလိုက်ရပါသည်။ 

Red News Agency

By Editor