စာနယ်ဇင်းလွတ်လပ်ခွင့် အားကောင်းခိုင်မာစေရေး အားပေးထောက်ခံသွားမည်ဟု NUG ပြော

RNA_မေ(၃)၊၂၀၂၄ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်စေရေး ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့် အားကောင်းခိုင်မာစေရေး အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ပြောကြားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ ပုဒ်မ ၄၂ ပါ “သတင်းမီဒီယာများ၏ လွတ်လပ်စွာရပ်တည်ပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းတင်ပြပိုင်ခွင့်တို့အား အကာအကွယ်ပေးရမည်” ဟူသည့် အခြေခံမူဝါဒနှင့်အညီ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အောက်ပါ သဘောထား ရပ်တည်ချက်များကို ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် ထုတ်ပြန်ထားသည်။

စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူလူထု၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဥ်းစားဆင်ခြင် တွေးခေါ်နိုင်စွမ်း မြင့်မားရေးအတွက် အထူး အရေးပါသည်နှင့်အညီ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ခြယ် ပိတ်ပင် တားဆီးသည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အခိုင်အမာ ဆန့်ကျင်ကြောင်း၊ သတင်းမီဒီယာသမားများအား ခြိမ်းခြောက် နှောင့်ယှက်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်သားစွာ ဆန့်ကျင်ပြီး ထိုလုပ်ရပ်များ ပပျောက်သွားစေရန်နှင့် သတင်းသမားများကို ကာကွယ်ပေးနိုင်ရန် ကြိုးပမ်း လုပ်ဆောင်သွားမည်ဟု စသဖြင့် NUG ကထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor