Red News Agency

Independent Journalism for Justice and Human Rights.

Author: Editor

  • တပ်မမှူးအဆင့်တွေ အဖမ်းခံရပြီးနောက် ဖွဲ့စည်းပုံပျက်လာတဲ့ စစ်ကောင်စီ

    တပ်မမှူးအဆင့်တွေ အဖမ်းခံရပြီးနောက် ဖွဲ့စည်းပုံပျက်လာတဲ့ စစ်ကောင်စီ

    “ရှေ့မှာလည်း “သေရဲ သတ်ရဲ တိုက်ရဲ” ပါတယ်ဆိုတဲ့ ခြေလျင်ခြေမြန် တပ်ရင်းတွေတောင် ခနအတွင်း ကျသွားခဲ့ရတာမျက်မြင်ပါပဲ။ ဒီအခြေအနေမှာ သံဘိုကာကင်းစခန်းကလို စစ်မတိုက်တတ်တဲ့ စက်မှုလက်မှုကထိက ဒုတိယဗိုလ်မှူးကြီး သက်အောင်ကို ခေါင်းဆောင်တင်ပြီးပြင်ဦးလွင်က သင်တန်းသားတွေနဲ့ စစ်တိုက်တဲ့ပုံစံမျိုးကတော့ ရှေ့ဆက်လည်း ရှုံးနိမ့်မှာအသေအချာပါ”

    မောင်ဝိ

    ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခါစ အစောပိုင်းအချိန်မှာ ပြည်သူလူထုတရပ်လုံး စစ်တပ်ကြောင့် ဒုက္ခတွေအသီးသီးရောက်ကြပေမယ့်။ စစ်တပ်နဲ့ ပတ်သတ်တဲ့ အသိုင်းအဝိုင်းတွေကတော့ လုပ်ပိုင်ခွင့်ပေါ်မူတည်ပြီး အကျိုးမြတ်များစွာရရှိခဲ့တာ အားလုံးအသိပါ။ ဒါ့ကြောင့်ပဲ မင်းအောင်လှိုင်လုပ်သမျှ မျက်စိစုံမှိတ်ပြီး “ဘုရားဒကာကြီး” ဆိုတဲ့ ခေါင်းစဥ်တပ်ပြီး လုပ်စားနေကြတာပါ။

    လက်နက်ကိုင်တော်လှန်ရေး စချိန်တုန်းကဆိုရင် ပြည်သူတရပ်လုံးတော်လှန်ရေးအတွက် အားစိုက်ကြတယ်။ တော်လှန်ရေးရဲဘော်တွေကလည်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး၊ ဗိုလ်မှူးစတဲ့ အဆင့်တွေလောက်ကိုသာ ရှင်းလင်းနိုင်ခဲ့ကြတယ်။ ဒုတိယဗိုလ်မှူးကြီး (တပ်ရင်းမှူး) အဆင့်ရှိသူတွေကို ရှင်းလင်းနိုင်တယ်ဆိုတာကလည်း မရှိသလောက်ရှားပါးခဲ့ပါတယ်။

    အာဏာသိမ်းကာလ (၃) နှစ်တာကာလကို ရောက်ရှိလာချိန်မှာ ပြည်သူလူထုတရပ်လုံးသာမက၊ စစ်တပ်ထောက်ခံသူ လူတစုကပါ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပေါ် အမြင်ပြောင်းလဲလာတာတွေ့ရတယ်။ ဒါကတော့ နွေဦးတော်လှန်ရေးကာလအတွင်း အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်ခဲ့တဲ့ “၁၀၂၇” စစ်ဆင်ရေးကြောင့်ပဲ ဖြစ်တယ်။ တိုက်ပွဲများအတွင်း စစ်ကောင်စီမှ ရှမ်းမြောက်ဒေသတခုထဲမှာပဲ စခန်းကြီးငယ် ၃၀၀ ကျော်အပါအဝင်၊ နိုင်ငံတဝန်းရှိ မြို့ပေါင်း ၃၀ ကိုပါ လက်လွှတ်ခဲ့ရပါတယ်။

    ဒါ့အပြင် စစ်တပ်ရဲ့ အမိန့်ပေးစနစ်မှာ အရေးကြီး အရာရှိတွေဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်အဆင့်တွေအထိ တိုက်ပွဲကျခြင်း၊ စခန်းစွန့်ခွာခြင်း၊ ဖမ်းဆီးခံရခြင်းတွေကို ဆက်တိုက်မြင်တွေ့လာရပါတယ်။ အသိသာဆုံးဆိုရင် ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ကျော်လွင် (တပ်မ ၉၉ တပ်မမှူး)၊ ဗိုလ်မှူးကြီး တင်အောင်မိုး (စကခ ၁၇၊ စကခမှူး)စတဲ့သူတွေအပါအဝင်ပဲ ဖြစ်တယ်။ စစ်ကောင်စီတပ်အတွင်း အခုလို ရာထူးရှိသူတွေဟာ တပ်ရင်း၊ တပ်မတွေကို ကွပ်ကဲရသူတွေ၊ ခံ၊ခွာ၊ချီ၊တိုက် စတဲ့ စစ်ဗျူဟာကို စစ်ဦးစီးတက္ကသိုလ် (ဥစတ)၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် တွေကနေ သင်ယူထားသူတွေလို့ ဆိုရပါမယ်။

    (more…)

  • သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော် ၁၂ ဦးကျဆုံးခဲ့ရ

    သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော် ၁၂ ဦးကျဆုံးခဲ့ရ

    RNA_ဇန်နဝါရီ(၁၆)၊၂၀၂၄ခုနှစ်။

    ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့်အတူ ၁၀၂၇ စစ်ဆင်ရေးတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ရဲဘော်များလည်း ပူးပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့ပြီး သိန္နီမြို့သိမ်းတိုက်ပွဲအတွင်း PLA ရဲဘော် ၁၂ ဦးကျဆုံးခဲ့ရသည်။

    သိန္နီမြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော် သခွား၊ ရဲဘော်ဇနက္က၊ ရဲဘော်ဂျစ်ဂျစ်၊ ရဲဘော်သုခ၊ ရဲဘော်မိုးအောင်၊ ရဲဘော်ကောင်းကင်၊ ရဲဘော်သူရ၊ ရဲဘော်ဝက်သိန်း၊ ရဲဘော်စိန်လွင်၊ ရဲဘော်ဝကြီး၊ ရဲဘော်ကျားလေးနှင့် ရဲဘော်အောင်ဆန်းတို့ တိုက်ပွဲအတွှု်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရသော အာဇာနည်ရဲဘော်များအား “သိန္နီတိုက်ပွဲအာဇာနည်” များအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုထားသည်။

    (more…)

  • “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို သိမ်းပိုက်ပြီးနောက် ပလက်ဝဒေသတခုလုံးကို AA သိမ်းပိုက်နိုင်ခဲ့

    “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို သိမ်းပိုက်ပြီးနောက် ပလက်ဝဒေသတခုလုံးကို AA သိမ်းပိုက်နိုင်ခဲ့

    RNA_ဇန်နဝါရီ(၁၅)၊၂၀၂၄ခုနှစ်။

    စစ်ကောင်စီ၏ တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေသည့် “စစ်ဗျူဟာ ကုန်းကြီး” တခုဖြစ်သည့် “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်”ကို သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အစပ် ပလက်ဝဒေသတခုလုံးကို ရက္ခိုင့်တပ်တော်-AA မှ အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

    ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေသော “စစ်ဗျူဟာ ကုန်းကြီး” ဖြစ်သည့် “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို ဇန်နဝါရီ (၁၀) နံနက် (၇) နာရီ (၁၀) မိနစ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ “ခန်ခတောင်ဗျူဟာ” စခန်းကိုလည်း ဇန်နဝါရီလ (၁၃) ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် “နှမဒါဗျူဟာ” မှကိုလည်း ဇန်နဝါရီလ (၁၄) ရက်၊ နေ့လည် (၃) နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် လက်ဝဒေသတစ်ခုလုံး “စစ်ကောင်စီလုံးဝကင်စင်သောဒေသ” ဖြစ်လာခဲ့ပြီဟု AA ကထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် ငြိမ်ချမ်းရေးကုန်းမှ TNLA ယာယီဆုတ်ပေးလိုက်ရ

    စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် ငြိမ်ချမ်းရေးကုန်းမှ TNLA ယာယီဆုတ်ပေးလိုက်ရ

    RNA_ဇန်နဝါရီ(၁၃)၊၂၀၂၄ခုနှစ်။

    ကျောက်မဲမြို့ စစ်ကောင်စီ ၅၀၁-၅၀၂ တပ်စခန်းမှ အင်အားအလုံးအရင်းဖြင့် ယနေ့ နံနက် ၉ နာရီ ၁၈ မိနစ်ဝန်းကျင်က တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ ငြိမ်းချမ်းရေးကုန်းသို့ ထိုးစစ်ဆင်လာသည့်အတွက် ၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူလူထုအတွက် စစ်ဒဏ်သင့် ဆုံးရှုံးမှုများမည်စိုးသည့်အတွက် ယာယီနောက်ဆုတ်ပေးလိုက်ရကြောင်း သိရသည်။

    “ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပူပူနွေးနွေးထိုးထားခဲ့သော အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို စစ်ကောင်စီတပ်မှ ပေါ်ပေါ်တင်တင်ချိုးဖောက်ပြီး ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို ဒုတိယအကြိမ် ချိုးဖောက်ခြင်းဖြစ်သည်” ဟု ညီနောင်မဟာမိတ် (၃)ဖွဲ့က ထုတ်ပြန်ပြောကြားထားသည်။

    ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်၊ ညနေ (၉) နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊ နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊ အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ် ဖြင့်ဖြေရှင်းရေးစသည့်အချက်များကို တရုတ်နိုင်ငံ၊ ကူမင်းမြို့ ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် စစ်ကောင်စီတို့ ဘောတူညီထားခြင်းဖြစ်သည်။

    #RedNewsAgency

  • ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် အပစ်အခတ်အရပ်စဲရေး စတင်သည့်နေ့မှာပင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်

    ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် အပစ်အခတ်အရပ်စဲရေး စတင်သည့်နေ့မှာပင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်

    RNA_ဇန်နဝါရီ(၁၃)၊၂၀၂၄ခုနှစ်။

    တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်သည့်နေ့မှာပင် ထိတွေ့တိုက်ပွဲ မဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်ရာ ရွာများကို လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ညီနောင်မဟာမိတ်အဖွဲ့က ဇန်နဝါရီလ ၁၂ ရက်နေ့ ညပိုင်းက “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၈) ရက်မြောက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်ကြသော MNDAA၊ TNLA နှင့် AA တို့သည် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) နှင့် (၁၁) ရက်နေ့များတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်၊ ညနေ (၉) နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊ နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊ အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ် ဖြင့်ဖြေရှင်းရေးစသည့်အချက်များကို ” ဟိုင်ဂင်သဘောတူညီမှုများ” အမည်ဖြင့် သဘောတူညီမှုများရရှိခဲ့ကြောင်း သိရသည်။

    (more…)

  • သိမ်းပိုက်ထားသည့် မြို့ (၇) မြို့ကို PSLF/TNLA က အုပ်ချုပ်ရေးနှင့် လုံခြုံရေးယန္တယားသစ်ဖြင့် စတင်လည်ပတ်မည်

    သိမ်းပိုက်ထားသည့် မြို့ (၇) မြို့ကို PSLF/TNLA က အုပ်ချုပ်ရေးနှင့် လုံခြုံရေးယန္တယားသစ်ဖြင့် စတင်လည်ပတ်မည်

    RNA_ဇန်နဝါရီ(၁၂)၊၂၀၂၄ခုနှစ်။

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏အုပ်ချုပ်မှုအောက်မှ သိမ်းပိုက်ရရှိထားသည့် နမ့်ဆန်မြို့၊ မန်တုံမြို့၊ နမ္မတူမြို့၊ မိုင်းငေါ့မြို့၊ မိုင်းလုံမြို့၊ နမ့်ခမ်းမြို့၊ ကွက်ခိုင်မြို့တို့ကို တရားမျှတမှုရှိသည့် ဥပဒေများ ရေးဆွဲပြဌာန်းပြီး လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တယားသစ် စတင်လည်ပတ်နိုင်ရေး လက်တွေ့ဖော်ဆောင်သွားမည်ဟု ပလောင်လွတ်မြောက်ရေးတပ်ဦး ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားထားသည်။

    PSLF/TNLA အနေဖြင့် တအာင်းအမျိုးသားအားလုံး အဖိနှိပ်ခံဘဝမှလွတ်မြောက်ရေး၊ ဒီုမိကရေစီနှင့်လူ့အခွင့်အရေးကို အာမခံသည့် တအာင်းပြည်နယ်တည်ဆောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဦးတည်ချကအတိုင်း တဆင့်ချင်းအလိုက် အကာင်အထည်ဖောင်ဆောင်ရွက်နေသည် ဟုစသဖြင့် ယနေ့ ကျရောက်သည့် တအာင်းအများသားတော်လှန်ရေး (၆၁) နှစ်ပြည့် ဂုဏ်ပြုမိန့်ခွန်းတွင် ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားထားခြင်းဖြစ်သည်။

    (more…)

  • မှော်ဘီတပ်နယ်မှ စစ်သားများကို ရခိုင်စစ်မြေပြင်ပို့ရန် ပြင်ဆင်နေ

    မှော်ဘီတပ်နယ်မှ စစ်သားများကို ရခိုင်စစ်မြေပြင်ပို့ရန် ပြင်ဆင်နေ

    RNA_ဇန်နဝါရီ(၁၁)၊၂၀၂၄ခုနှစ်။

    အကြမ်းဖက် အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အယုံကြည်ရဆုံးဆိုသည့် ရန်ကုန်တိုင်း၊ မှော်ဘီတပ်နယ်ရှိ တပ်ရင်းတချို့ကို ရခိုင်ပြည်နယ်၊ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း မှော်ဘီတပ်နယ်ရှိ တပ်မိသားစုတချို့ထံမှ သိရသည်။

    မင်းအောင်လှိုင်၏ ခရီးစဥ်တော်တော်များများကို လုံခြုံရေးယူပေးခဲ့ရသည့် မှော်ဘီနှင့် တိုက်ကြီးမြို့နယ်ရှိ တပ်ရင်းများထဲမှ အင်အားဆွဲယူကာ ရခိုင်ပြည်နယ်သို့ စေလွှတ်မည့်သတင်းများ ပြန့်နှံ့နေသည်ဟု တပ်မိသားစုဝင်တဦးက ပြောသည်။

    “တပ်တခုလုံးတော့ ပြောင်းရတာမဟုတ်ဘူး။ ဒီတပ်ရင်းက ၂၀၊ ၃၀ မျိုး ထုတ်ယူတာ။ ရခိုင်နဲ့ ပလက်ဝဘက်မှာ စစ်ဆင်ရေးဝင်ရမယ်တဲ့။ ရင်းမှူးတွေ တိုင်ပင်နေကြတယ်။ တပ်ချုပ်ရဲ့ လုံခြုံရေး လိုက်ပေးရတာလည်း ရှိနေသေးတော့။ သံချပ်ကာတပ်က အင်အားတွေပါ ယူမယ်ကြားတယ်” ဟု အဆိုပါတပ်မိသားစုဝင် အမျိုးသမီးတဦးက ပြောသည်။

    (more…)

  • စစ်ကောင်စီပြိုလဲကြောင်း ထင်ရှားနေတဲ့ တပ်တွင်းအကွဲအပြဲများ

    စစ်ကောင်စီပြိုလဲကြောင်း ထင်ရှားနေတဲ့ တပ်တွင်းအကွဲအပြဲများ

    “ဗိုလ်မှူးချုပ်အဆင့်ရှိသူတွေဖြစ်တဲ့ မိုးကျော်သူ (ဒကစ လောက်ကိုင်)၊ ထွန်းထွန်းမြင့် (ကိုးကန့် ဦးစီး ဥက္ကဋ္ဌ )၊ ဇော်မျိုးဝင်း (တပ်မ ၅၅ ဌာနချုပ်)၊ အောင်ဇော်လင်း (စကခ ၁၂ ဌာနချုပ်)၊ အေးမင်းဦး (စကခ ၁၄ ဌာနချုပ်)၊ သော်ဇင်ဦး (စကခ ၁၆ ဌာနချုပ်) တို့ကို အမိန့် မနာခံမှု၊ တပ်တွင်း ပုန်ကန်မှု စတာတွေနဲ့ လားရှိုးကိုခေါ်ယူပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်”

    မောင်ဝိ

    ၂၀၂၁ ခုနှစ် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ခရိုနီ စစ်ဗိုလ်ချုပ်ကြီးများ အချင်းချင်း အဝေမတည့်မှုများ၊ ရာထူးကြီးသူက ရာထူးငယ်တဲ့ ဗိုလ်ချုပ်တွေကို ဖြုတ်၊ထုတ်၊ ထောင်ချတဲ့ ဖြစ်စဥ်တွေ ဖြစ်ခဲ့တာကို အားလုံးသတိရအုံးမယ်ထင်ပါတယ်။ အခုလည်း ရှမ်းမြောက်အပါအဝင်၊ တနိုင်ငံလုံး စစ်ရေးရှုံးနိမ့်နေချိန် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်ကို အနားပေးလိုက်ပြီး စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို အစားထိုး ခန့်အပ်လိုက်ကြောင်း ဇန်နဝါလ ၈ ရက်နေ့မှာ စစ်ကောင်စီမှ ထုတ်ပြန်လာပါတယ်။

    အခုလို ရေတပ်ဦးစီးချုပ်တယောက်ကို အချိန်းအပြောင်းပြုလုပ်ခဲ့တာဟာ မင်းအောင်လှိုင်အနေနဲ့ သူ့ရဲ့အာဏာကို ထိပါးလာမှာစိုးရိမ်နေသလို၊ အနားမှာရှိတဲ့ စစ်ဗိုလ်ချုပ်တွေကိုလည်း ယုံကြည်မှုပျက်ပြားလာတယ်ဆိုတာ ထင်ရှားပါတယ်။ တဆက်တည်းမှာပဲ ရှမ်းမြောက်ကို လက်လွှတ်ရပြီး၊ ရှမ်းတောင်ဒေသမှာ ဖယ်ခုံအထိ ထိုးစစ်ဆင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကြောင့်၊ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းကို အရန်အင်အားအဖြစ် ဖြုတ်ချခဲ့ပြီးတော့ နေပြည်တော်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ် ဗိုလ်ချုပ် ဇော်မင်းလတ်ကို (ရပခ) တိုင်းမှူးခန့်လိုက်ပါတယ်။

    ရှမ်းမြောက်ဒေသမှာ စစ်ရေးအရ အရေးနိမ့်လာတဲ့ စစ်ကောင်စီဟာ ရှေ့မှာလည်း လောက်ကိုင် ဒကစ တခုလုံး လက်နက်ချတဲ့ သာဓကတခုရှိပြီး ဖြစ်တယ်။ လောက်ကိုင် (ဒကစ) အပါအဝင် တခြားသောတပ်များမှ ဒကစမှူးနဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူ (၆) ဦး၊ တပ်အင်အား (၂၄၀၀) နဲ့ တပ်မိသားစုဝင် (၁၆၀၀) ကျော် လက်နက်ချခဲ့ပြီး၊ လက်နက်ငယ်ပေါင်း (၄၀၀၀) ကျော်၊ တင့်၊ သံချပ်ကာ၊ အမြောက်၊ အတွဲလိုက်ပစ် ဒုံးများကိုလည်း စစ်တပ်ကလက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ ဒီလောက်လူအရေအတွက်နဲ့ လက်နက်အင်အားဟာ စစ်ကောင်စီအတွက် အကြီးမားဆုံး ဆုံးရှုံးမှုထဲက တခုဖြစ်တယ်။

    (more…)

  • လွိုင်ကော်နှင့်ဒီးမော့ဆိုမြို့တို့တွင် တော်လှန်ရေး တပ်ပေါင်းစုက ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီလေကြောင်းက ရိက္ခာပို့နေရ

    လွိုင်ကော်နှင့်ဒီးမော့ဆိုမြို့တို့တွင် တော်လှန်ရေး တပ်ပေါင်းစုက ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီလေကြောင်းက ရိက္ခာပို့နေရ

    RNA_ဇန်နဝါရီ(၁၀)၊၂၀၂၄ ခုနှစ်။

    ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် ဒီးမော့ဆိုမြို့ အဝင်အထွက်များတွင် KNDF နှင့် တော်လှန်ရေးတပ်ပေါင်စုရဲဘော်များ ပိတ်ဆို့ထားသည့်အတွက် မြို့တွင်းမှ စစ်ကောင်စီလက်အောက်ခံများ စခန်းအတွင်းနေထိုင်ကာ လေကြောင်းမှ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်နေရကြောင်း သိရသည်။

    “လွိုင်ကော်မြို့ရဲ့အဝင်အထွက်တွေ ပြီးရင်မြိုထဲထိပါ တော်လှန်ရေးတပ်ပေါင်းစုက နေရာယူထားပါတယ်။ အဲဒီအနေအထားကြောင့် စစ်ကောင်စီတပ်တွေအနေနဲ့ မြေပြင်က ရိက္ခာပို့မရတော့ဘူး အခုစစ်ကောင်စီက လေကြောင်းကနေပဲ ရိက္ခာပို့နေတယ်။ လေထီးနဲ့ ပစ္စည်းတွေ ပစ်ချရတဲ့ အနေအထားဖြစ်နေပြီ။ ရဟတ်ယာဉ်ဆိုရင်တော့ ကျနော်တို့ ပစ်တာတွေရှိတယ်။ ဒီးမော့ဆိုမှာဆိုရင်လည်း ဒီအတိုင်းပဲ ကျနော်တို့ ပိတ်ဆို့ထားပါတယ်” ဟု KNDF ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက Red News Agency ကိုပြောသည်။

    ကရင်နီပြည်တွင်း စစ်ကောင်စီလက်အောက်ခံများအနေဖြင့် သူတို့အခြေစိုက်စခန်းအတွင်းမှ ထွက်မရတော့သည့်အနေအထားဖြစ်နေပြီး စားနပ်ရိက္ခာများ ပြတ်လပ်မှုများရှိကြောင်း၊ ရိက္ခာကို ကင်းထောက်လေယာဉ်ဖြင့် လေထီးဖြင့် ချပြီး၊ လက်နက်ခဲယမ်းဆိုပါက ရဟတ်ယာဉ်မှ လေထီးဖြင့် ပစ်ချမှုများ ယခုရက်ပိုင်းပြုလုပ်နေရကြောင်း သိရသည်။

    (more…)

  • ဒေါ်ယဉ်မင်းလှိုင်ဦးဆောင်သည့် ပအဖ အဖွဲ့ကို လက်ခံကြောင်း ဒေသခံပြည်သူများ ဆန္ဒထုတ်ဖော်

    ဒေါ်ယဉ်မင်းလှိုင်ဦးဆောင်သည့် ပအဖ အဖွဲ့ကို လက်ခံကြောင်း ဒေသခံပြည်သူများ ဆန္ဒထုတ်ဖော်

    RNA_ဇန်နဝါရီ(၆)၊၂၀၂၃ခုနှစ်။
     
    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ပတ်သက်ပြီး ယခင် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ယဉ်မင်းလှိုင်ဦးဆောင်သည့် အဖွဲ့ကိုသာ ပြည်သူများ လက်ခံကြောင်း ဒေသခံပြည်သူများက ဇန်နဝါရီလ ၅ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
    [embedyt] https://www.youtube.com/watch?v=JH6P8UxWyng[/embedyt]
    ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို NUG ဦးဆောင်မှုဖြင့် အခြားမြို့နယ်က ဝင်ရောက်စွက်ဖက်နေသည်ကို ဒေသခံများ လက်မခံနိုင်ကြောင်း၊ နွေဦးတော်လှန်ရေး ကာလအတွင်း ဒေသခံပြည်သူများ၏ သဘောထားဖြင့် ဒေါ်ယဉ်မင်းလှိုင်ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
     
    #RedNewsAgency