Editor

1552 Posts
ဖားကန့်ရှိ စစ်ကောင်စီ၏ အဓိကကျသည့်စခန်းနှစ်ခုအား KIA/KPDF များ သိမ်းပိုက်ရရှိထား

ဖားကန့်ရှိ စစ်ကောင်စီ၏ အဓိကကျသည့်စခန်းနှစ်ခုအား KIA/KPDF များ သိမ်းပိုက်ရရှိထား

RNA_ဖားကန့် ဇန်နဝါရီလ ၆ ရက်၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ယနေ့နံနက်ပိုင်းက စစ်ကောင်စီ၏ အထိုင်စခန်းများဖြစ်သည့် ဖားကန့်-မိုးကောင်း ကားလမ်းမကြီးပေါ်ရှိ နမ့်တိန်း‌ကျေးရွာ စခန်းကုန်းနှင့် ဝှေခါ‌ကျေးရွာအပိုင်းရှိ ဗျူဟာကုန်းနှင့်ရဲစခန်းကုန်းတို့အား KIA/KPDF များက တိုက်ခိုက်ခဲ့ပြီး နမ့်တိန်းစစ်တပ်စခန်းကုန်းနှင့် ဝှေခါကျေးရွာမှ ရဲစခန်းကုန်းတို့အား သိမ်းပိုက်ရရှိထားကြောင်း သိရသည်။ "နမ့်တိန်းက စစ်ကောင်စီရဲ့ အဓိကကျတဲ့အထိုင်စခန်းကို ရထားပါပြီ၊ ဝှေခါအပိုင်းက ရဲစခန်းကုန်းရထားပါပြီ၊ ရဲစခန်းမှူးကို အရှင်မိပါတယ်"ဟု KPDF ရဲဘော်တစ်ဦးက အတည်ပြုသည်။ (more…)
Read More
စစ်ကောင်စီလက်အောက်ခံ ၂ ထောင်ကျော် အလင်းဝင်သည့်အတွက် “စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်” ဖြစ်ပြီ

စစ်ကောင်စီလက်အောက်ခံ ၂ ထောင်ကျော် အလင်းဝင်သည့်အတွက် “စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်” ဖြစ်ပြီ

ဗိုလ်မှူးချုပ်အဆင့် (၆) ဦး၊ အရာရှိ ၂၈၈ ဦးနှင့် ရဲဘော်အဆင့် (၁၈၉၅) ဦးအလင်းဝင်သည့်အတွက် "စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်" ဖြစ်ပြီဟု ညီနောင်မဟာမိတ်အဖွဲ့ကြေညာ RNA_ဇန်နဝါရီ(၆)၊၂၀၂၃ခုနှစ်။ လောက်ကိုင်မြို့မှ ဒကစ အပါအဝင် ဗိုလ်မှူးချုပ်အဆင့် (၆) ဦး၊ အရာရှိ ၂၈၈ ဦး၊ ရဲဘော်အဆင့် (၁၈၉၅) ဦးနှင့် “နမ်ထင်းမိန်ရှန်း” မှ (၂၆၆) ဦး အလင်းဝင်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီးဖြစ်သည့်အတွက် ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။ လောက်ကိုင်မြို့တွင် လက်နက်ချအညံ့ခံခဲ့ရသည့် အထဲတွင် မိသားစုဝင်…
Read More
စစ်မြေပြင်မှာ အသက်တမျှအရေးကြီးတဲ့ အမိန့်နာခံမှုနဲ့ နေပြည်တော်မှာ ပြေးပေါက်ရှာနေတဲ့ စစ်ရာဇဝတ်ကောင်များ

စစ်မြေပြင်မှာ အသက်တမျှအရေးကြီးတဲ့ အမိန့်နာခံမှုနဲ့ နေပြည်တော်မှာ ပြေးပေါက်ရှာနေတဲ့ စစ်ရာဇဝတ်ကောင်များ

"စစ်ကောင်စီဟာ မန္တလေးကို ကာကွယ်နိုင်ဖို့ ပြင်ဦးလွင်မြို့အထွက်မှာ သင်တန်းတက်နေတဲ့ စစ်သားတွေကို စီမံချက်နဲ့ ကာကင်းသဘောမျိုး စောင့်ခိုင်းတာတွေ လုပ်နေတယ်လို့ တပ်တွင်းသတင်းတွေကနေ သိရပါတယ်။ နေပြည်တော်ကို ကာကွယ်နိုင်ဖို့အတွက် မန္တလေးဟာ စစ်ကောင်စီအတွက် နောက်ဆုံးခံတပ်ပုံစံဖြစ်နေပါပြီ"  မောင်ဝိ  ၂၀၂၄ ခုနှစ်ရဲ့ နှစ်သစ်မှာ တော်လှန်ရေးက အားအကောင်းဆုံးလို့ ပြောလို့ရသလို တော်လှန်ပြည်သူတွေအတွက်လည်း အားတက်စရာသတင်းတွေဆက်တိုက်ဆိုသလို ကြားနေရပါတယ်။ ဇန်နဝါရီလ ၂  ရက်နေ့မှာ Mandalay (PDF) နဲ့ TNLA တို့ပူးပေါင်းပြီး “တောင်သမန် စစ်ဆင်ရေး”နဲ့  နောင်ချိုမြိုနယ် သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းအား ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီလ  ၃ ရက်နေ့ မနက်ပိုင်းမှာတော့ သံဘိုကျေးရွာစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး၊ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်မှူးကြီး…
Read More

လောက်ကိုင် ဒကစ လက်နက်ချသည့်အတွက် လောက်ကိုင်ကို MNDAA အပြီးသတ်သိမ်းပိုက်

RNA_ဇန်နဝါရီ(၅)၊၂၀၂၄ခုနှစ်။   ကိုးကန့်အထူးဒေသ (၁) လောက်ကိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှ ယမန်နေ့ (ဇန်နဝါရီ ၄ ရက်) ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့်အတွက် MNDAA နှင့်ပူးပေါင်းတပ်ဖွဲ့များက လောက်ကိုင်မြို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။   လောက်ကိုင်ရှိ စစ်ကောင်စီလက်အောက်ခံများကို MNDAA ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးအတွင်း နေ့စဉ်တိုက်ခိုက်လာခဲ့သည့်မှာ ဇန်နဝါရီလ ၃ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ လောက်ကိုင်မြို့ကို MNDAA ထိန်းချုပ်သွားနိုင်ပါက ရှမ်းပြည်နယ် အထူးဒေသ (၁) အားလုံး စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ ယမန်နေ့ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့် လောက်ကိုင် ဒကစ ပါအဝင် စစ်ကောင်စီလက်အောက်ခံများကို…
Read More
နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော်ကောင်းမင်းသန့် (ခ) Flexx ၏ ဈာပန

နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော်ကောင်းမင်းသန့် (ခ) Flexx ၏ ဈာပန

RNA_ဇန်နဝါရီ(၃)၊၂၀၂၄ခုနှစ်။   စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် တော်လှန်ရေးတာဝန်များကို မရပ်မနား လုပ်ဆောင်နေစဉ် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ၂၀၂၄ ခုနှစ် ၁ ရက်နေ့၊ ညနေ ၅ နာရီ ၂ မိနစ်ခန့်က နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော် ကောင်းမင်းသန့် (ခ)  Flexx ကျောက်ကပ်ရောဂါဖြင့်ကွယ်လွန်ခဲ့ပြီး ယနေ့ ( ဇန်နဝါရီလ ၃ ရက်)တွင် ဈာပနအခမ်းအနား ပြုလုပ်ခဲ့သည်။   ရဲဘော် ကောင်းမင်းသန့် (ခ) Flexx သည် GSC အဖွဲ့ဝင် သပိတ်ကော်မတီ PBYSC ရဲဘော်တဦးဖြစ်ကြောင်း၊၂၀၂၁ခုနှစ် ဩဂုတ် ၁၀ ရက်နေ့က ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်း အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝင်ရောက်ဖမ်းဆီးမှုတွင်…
Read More
နွေဦးတော်လှန်ရေးရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေးတဲ့ ၂၀၂၃

နွေဦးတော်လှန်ရေးရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေးတဲ့ ၂၀၂၃

"နိုင်ငံတစ်နိုင်ငံမှာ အာဏာတည်ရှိရာဟာ ပြည်သူသာဖြစ်တယ်။ စစ်တပ်အနေနဲ့လည်း လက်နက်အားကိုး ဘယ်လိုပဲ အနိုင်ကျင့်နေပေမယ့် ပြည်သူလက်မခံတဲ့ အခြေအနေကြုံလာတဲ့အချိန်မှာ အရှုံးနဲ့သာရင်ဆိုင်ရမှာ" ******************** မောင်ဝိ ဒီကနေ့အချိန်မှာတော့ စစ်ကောင်စီချုပ်ငြိမ်းဖို့ မကြာတော့ဘူးလို့ ပြောရနိုင်တဲ့အခြေအနေဖြစ်နေပြီ။ ဘာ့ကြောင့်လဲဆိုတော့ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး ရေချိန်ဟာ တနှစ်ထက်တနှစ်ပိုမိုမြင့်တက်လာတာကြောင့်ပဲ ဖြစ်တယ်။ ၂၀၂၃ ခုနှစ်ဟာ နွေဦးတော်လှန်ရေး ၃ နှစ်အတွင်း စစ်ရေး နိုင်ငံရေးနဲ့ နိုင်ငံတကာ အရေးတွေအပါအဝင် စစ်ကောင်စီဘက်မှာ ပြိုကျနေပြီး တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးရတဲ့ နှစ်လို့ ပြောရပါတယ်။ အသိသာဆုံးနဲ့ အထင်ရှားဆုံး နားလည်အောင် ပြောရမယ်ဆိုရင်၊ ၂၀၂၂ ခုနှစ်မှာ စစ်တပ်ထောက်ခံသူတွေဘက်က “ဘယ်တပ်ရင်းတွေ သိမ်းပြီးပြီလဲ" ဆိုတဲ့ မေးခွန်းထုတ်မှုမျိုးနဲ့ တော်လှန်ရေးကို…
Read More
စစ်ကောင်စီအပေါ် ဖိအားပေး ခြိမ်းခြောက်လာတဲ့ ရခိုင်စစ်မျက်နှာ

စစ်ကောင်စီအပေါ် ဖိအားပေး ခြိမ်းခြောက်လာတဲ့ ရခိုင်စစ်မျက်နှာ

"အင်အားကြီးထွားလာတဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ကြုံတွေ့လာရချိန်မှာတော့ ခံစစ်အသွင်ကို တဖြေးဖြေးပြောင်းလဲလာပြီး မကြာခင်မှာ ရခိုင်စစ်မျက်နှာအများအပြားကို စစ်ကောင်စီအနေနဲ့ လက်လွှတ်ဆုံးရှုံးလာရမှာ" မောင်ဝိ နွေဦးတော်လှန်ရေးကာလ အတွင်း စစ်ရေးတိုးတက်လာမှု၊ စစ်ကောင်စီအပေါ် ပြင်းပြင်းထန်ထန်ထိုးနှက်နိုင်ခဲ့တဲ့ စစ်ဆင်ရေးကိုပြောပါဆိုရင် "၁၀၂၇" စစ်ဆင်ရေးကို ပြောရပါမယ်။ အဲ့ဒီစစ်ဆင်ရေးတွေဟာ စစ်ကောင်စီတပ်တွေကို ကြုံသလိုတိုက်ခိုက်တာမဟုတ်ပဲ ဗျူဟာမြောက် ထိုးစစ်ဆင်နေခဲ့တာတွေကို တွေ့ရပါတယ်။ ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်းမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ ထိန်းချုပ်ထားနိုင်ခဲ့တဲ့ နယ်မြေတွေကိုကြည့်မယ်ဆိုရင် စစ်ကောင်စီရဲ့ ကုန်သွယ်ရေး ထွက်ပေါက်ဖြစ်တဲ့ အိန္ဒိယ-မြန်မာနယ်စပ်၊ ရှမ်းမြောက်ဒေသရှိ တရုတ်- မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများအပြင်၊ မြဝတီ- ကော့ကရိတ် လမ်းမတွေကိုပါ ထိန်းချုပ်လာနိုင်တာတွေ့ရတယ်။ ဒီနေရာမှာ မေ့ထားလို့မရတာက စစ်ကောင်စီတပ်တွေ ကြောက်ရွံ့လာတဲ့…
Read More
“လူငယ်တွေရဲ့ တောင်းဆိုချက် အကြံပြုချက်က တော်လှန်ရေး အရွေ့အတွက်ဖြစ်တယ်”

“လူငယ်တွေရဲ့ တောင်းဆိုချက် အကြံပြုချက်က တော်လှန်ရေး အရွေ့အတွက်ဖြစ်တယ်”

RNA_ဇန်နဝါရီ(၁)၊၂၀၂၄ခုနှစ်။ NUCC၊ NUG၊ CRPH စသည့် တော်လှန်ရေးဦးဆောင်အဖွဲ့များထံ လူငယ်များ၏ တောင်းဆိုချက်၊ အကြံပြုချက်များသည် တော်လှန်ရေး အရွေ့အတွက်ဖြစ်ကြောင်း တော်လှန်လူငယ်မျိုးဆက် တွေ့ဆုံပွဲ ပြောရေးဆိုခွင့် ရွေးချယ်ခံရသူ ကိုနေမွန်က ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြောသည်။ လက်ရှိတော်လှန်ရေးတွင် ညီညွတ်ရေးနှင့် ပိုမိုအားကောင်းစွာ တိုက်ပွဲဝင်နိုင်ရေးကို ရှေးရှုပြီး နယ်ပယ် ၁၃ ခုမှ လူငယ် ရဲဘော် ၈၀ ကျော်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ မှ ၂၉ ရက်နေ့အထိ ၃ ရက်တာ အွန်လိုင်းနှင့် မြေပြင်ပေါင်းဆုံပြီး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။ တော်လှန်လူငယ်မျိုးဆက် တွေ့ဆုံဆွေးနွေးပွဲမှ…
Read More
NUG ဝန်ကြီးဌာနများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း ဆန္ဒပြသူများပြောကြား

NUG ဝန်ကြီးဌာနများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း ဆန္ဒပြသူများပြောကြား

RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်အရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းမည့်အရေးနှင့် မြို့နယ်ပြင်ပမှ ဝင်ရောက်စွက်ဖက်နေမှုများ အလိုမရှိကြောင်း၊ NUG ဝန်ကြီးဌာများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း စသည်တို့ကို ဒီဇင်ဘာ ၂၈ ရက်နေ့က ဂန့်ဂေါမြို့နယ်အတွင်း ဆန္ဒပြသူများကိုယ်စား ဦးဆောင်သူက ပြောကြားထားသည်။ Red News Agency
Read More
စစ်ကောင်စီလက်အောက်မှ မြို့ ၅ မြို့နှင့် တပ်စခန်းကြီး/ငယ် ပေါင်း (၇၃) ခုကို TNLA သိမ်းပိုက်ထား 

စစ်ကောင်စီလက်အောက်မှ မြို့ ၅ မြို့နှင့် တပ်စခန်းကြီး/ငယ် ပေါင်း (၇၃) ခုကို TNLA သိမ်းပိုက်ထား 

RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။  ရှမ်းမြောက်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA မှ ရှမ်းမြောက်ရှိ နမ့်ဆန်မြို့၊ မန်တုံမြို့၊ နမ္မတူမြို့၊ နမ့်ခမ်းမြို့၊ မိုင်းလုံမြို့အပါအဝင် တပ်စခန်းကြီး/ငယ် စုစုပေါင်း (၇၃) ခုကို စစ်ကောင်စီလက်တွင်းမှ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ TNLA တပ်မဟာ (၁) စစ်ဒေသဖြစ်သည့် မန်ဝိန်ကြီး၊ ရွှေလီမြစ်ကူး ကြိုးတံတား တပ်စခန်း၊ နမ့်ပေါ်တပ်စခန်း၊ နမ့်ခမ်း စခန်းသစ်တပ်စခန်းနှင့် နမ့်ခမ်းမြို့တွင်းနှင့် တပ်မဟာ (၂) စစ်ဒေသနယ်မြေဖြစ်သည့် နမ့်ဆန်မြို့၊ တပ်မဟာ(၃)စစ်ဒေသဖြစ်သည့် မန်ပူးတပ်စခန်းနှင့် မန်တုံမြို့တွင်း၊ တပ်မဟာ(၄)စစ်ဒေသဖြစ်သည့် နမ္မတူမြို့ ခမရ-၃၂၄ တပ်စခန်းနှင့် နမ္မတူမြို့တွင်း၊ တပ်မဟာ(၅)စစ်ဒေသနယ်မြေဖြစ်သည့် ယုံမော၊ ရှောက်ဟော်တပ်စ ခန်း စသည်တို့နှင့်…
Read More