သေနတ်

ပကဖ အဖွဲ့ဝင်တဦး ပြည်သူကို သေနတ်ဖြင့်ချိန်သည့်လုပ်ရပ် ဒေသခံများလက်မခံ

ပကဖ အဖွဲ့ဝင်တဦး ပြည်သူကို သေနတ်ဖြင့်ချိန်သည့်လုပ်ရပ် ဒေသခံများလက်မခံ

RNA_မေ(၆)၊၂၀၂၄ခုနှစ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ - ပကဖ အဖွဲ့ဝင်တဦးက ပြည်သူကို သေနတ်ဖြင့်ချိန်သည့်လုပ်ရပ် လက်မခံနိုင်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာအရေးယူသင့်ကြောင်း ဒေသခံများက ပြောကြားထားသည်။ ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ညက ရွှေဘိုမြို့နယ် ကျေးရွာတရွာတွင် ပကဖ အဖွဲ့ဝင်တဦးက ပြည်သူတစ်ဦးကို မောင်းတင်ပြီး ပြည်သူကို သေနတ်ဖြင့်ချိန်ရွယ်ခဲ့သည့်အတွက် ကျေးရွာနေပြည်သူများက လက်မခံနိုင်သည့်အတွက် လူစုလူဝေးဖြင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။ “ပြည်သူ့ အထက်မှာနေတာတွေကိုမပြောလိုပေမယ့် ​သေနတ်ပြောင်းတွေ ပြည်သူ့ခေါင်းကို လှည့်လာတာတွေကတော့ အရေးယူ တားဆီးသင့်ပါတယ်။တိုက်နယ် ပကဖတာဝန်ခံကို ပအဖကနေတစ်ဆင့် အကြောင်းကြားပေးမယ်ပြောပေမယ့် အခုချိန်ထိဘာသတင်းမှမကြားသေးပါဘူး။ အချိန်ခံရတဲ့ပြည်သူတွေသာ အနေအထိုင်ဆင်ခြင်နေရတာပါ။” ဟု ဒေသခံတဦးက ပြောသည်။…
Read More