#Abolish2008Constitution

ရွှေရင်ကျော် ဆရာတဦးနှင့် ရေမဆေးကျောက်ရှာဖွေသူများအပါအဝင်ပြည်သူ (၃၀) ကျော် ဖမ်းဆီးခံရမှု ပြန်မလွတ်သေး

ရွှေရင်ကျော် ဆရာတဦးနှင့် ရေမဆေးကျောက်ရှာဖွေသူများအပါအဝင်ပြည်သူ (၃၀) ကျော် ဖမ်းဆီးခံရမှု ပြန်မလွတ်သေး

RNA_ဖားကန့်၊ ဖေဖော်ဝါရီ ၁၇၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ မှော်စီစာကျေးရွာအပိုင် အောင်သာယာ (၁) ကျေးရွာနှင့် ဆောင်းချိန်ကျေးရွာတို့မှ အပြစ်မဲ့ ပြည်သူ (၃၀)ခန့်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁၅)ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် လက်‌အောက်ခံများက အတင်း အဓမ္မကြိုးတုတ်ကာဖမ်းဆီးသွားခဲ့ပြီး ယနေ့ ‌(ဖေဖော်ဝါရီ ၁၇ ရက်)အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။ "ဖမ်းသွားတဲ့ထဲ ရေမဆေးကျောက်ရှာပြန်တဲ့သူပါတယ်၊ လမ်းသွားလမ်းလာတွေပါတယ်၊ ဆောင်းချိန်ကဆို ရွှေရင်ကျော်ဆရာတစ်ယောက်ပါတယ်၊ ခုထိတော့ ပြန်မလွှတ်ပေးသေးဘူးဗျ"ဟု ဆောင်းချိန်ကျေးရွာနေသူတစ်ဦးက ပြောသည်။ (more…)
Read More
ဖားကန့်အထွက် လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်က ပြည်သူ (၂) ဦးအား ပစ်သတ်ထား 

ဖားကန့်အထွက် လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်က ပြည်သူ (၂) ဦးအား ပစ်သတ်ထား 

RNA_ဇန်နဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်တွင် ဥပဒေမဲ့ ထင်ရာစိုင်းနေသည့် အာဏာသိမ်း စစ်ကောင်စီတပ်သားများသည် ယနေ့ နံနက် (၃) နာရီဝန်းကျင်က လုံးခင်းကျေးရွာမှ ဖားကန့်မြို့သို့အထွက် အများပြည်သူသွား မိန်းလမ်းမပေါ်၌ အရပ်သားပြည်သူ (၂)ဦးအား ရက်ရက်စက်စက် ပစ်သတ်ထားကြောင်း သိရသည်။ ပစ်သတ်ခံထားရသည့် အမျိုးသားနှစ်ဦး၏ အလောင်းအား လမ်းဘေးတွင် လမ်းသွားလမ်းလာများက တွေ့ရကြောင်း၊ အဆိုပါနေရာ အနီးတစ်ဝိုက်ကို နံနက်(၈)နာရီခန့်အထိ စစ်ကောက်စီက ကင်းချ ပိတ်ဆို့ထားသည်။ ပစ်သတ်ခံရမှုကြောင့်သေဆုံးခဲ့သည့် အမျိုးသားနှစ်ဦးမှာ မည်သူဖြစ်ကြောင်းမသိရှိရသေးကြောင်း၊ ဖားကန့်၌ ယခုလအတွင်း စစ်ကောင်စီတပ် လက်အောက် ခံများက ညဘက် လူသွားလာထူထပ်သည့် လမ်းမကြီးများပေါ်တွင် အရပ်သားပြည်သူများ၏ ကား၊ ဆိုင်ကယ်၊ ဖုန်းများ သိမ်းယူခြင်း ရက်ရက်စက်စက်ပစ်ခတ်…
Read More