ရေမဆေးကျောက်ရှာဖွေ

ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၂၅ လောင်း ရှာဖွေတွေ့ရှိ

ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၂၅ လောင်း ရှာဖွေတွေ့ရှိ

RNA_ ဩဂုတ်(၁၅)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူ ၃၇ ဦးထဲက သေဆုံးရုပ်အလောင်း ၂၅ လောင်း ယနေ့ လူမှုကယ်ဆယ်ရေးအသင်းများက ဆယ်ယူရမိကြောင်း သိရသည်။ ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ ရေမဆေးကျောက်ရှာဖွေနေသူများအပါအဝင် ကုမ္ပဏီဝန်ထမ်းတချို့နှင့် ရေမဆေးကျောက်ရှာဖွေသူ ၃၇ ဦး ပျောက်ဆုံးနေခြင်းဖြစ်‌ကြောင်း၊ ဆယ်ယူရသည့် အလောင်း (၂၅) လောင်းထဲက (၆) ဦးမှာ ပိုင်ရှင်မပေါ်သေးကြောင်း သိရသည်။ (more…)
Read More
ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၁၇ လောင်းတွေ့ရှိ

ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၁၇ လောင်းတွေ့ရှိ

RNA_ ဩဂုတ်(၁၅)၊၂၀၂၃ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း မြေပြိုမှုကြောင့် ပျောက်ဆုံးနေသည့် ၃၇ ဦးထဲက ၁၇ ဦး၏ ရုပ်အလောင်းများကို ယနေ့ လူမှုကယ်ဆယ်ရေးအသင်းများက ဆယ်ယူရမိကြောင်း သိရသည်။   ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ ရေမဆေးကျောက်ရှာဖွေနေသူများနဲ့ ကုမ္ပဏီဝန်ထမ်း ၃၇ ဦး ပျောက်ဆုံးနေခြင်းဖြစ်ကာ ဆယ်ယူရသည့် အလောင်း (၁၇) လောင်းထဲက (၆) ဦးမှာ ပိုင်ရှင်မပေါ်သေးကြောင်း သိရသည်။   #RedNewsAgency
Read More
ရွှေရင်ကျော် ဆရာတဦးနှင့် ရေမဆေးကျောက်ရှာဖွေသူများအပါအဝင်ပြည်သူ (၃၀) ကျော် ဖမ်းဆီးခံရမှု ပြန်မလွတ်သေး

ရွှေရင်ကျော် ဆရာတဦးနှင့် ရေမဆေးကျောက်ရှာဖွေသူများအပါအဝင်ပြည်သူ (၃၀) ကျော် ဖမ်းဆီးခံရမှု ပြန်မလွတ်သေး

RNA_ဖားကန့်၊ ဖေဖော်ဝါရီ ၁၇၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ မှော်စီစာကျေးရွာအပိုင် အောင်သာယာ (၁) ကျေးရွာနှင့် ဆောင်းချိန်ကျေးရွာတို့မှ အပြစ်မဲ့ ပြည်သူ (၃၀)ခန့်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁၅)ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် လက်‌အောက်ခံများက အတင်း အဓမ္မကြိုးတုတ်ကာဖမ်းဆီးသွားခဲ့ပြီး ယနေ့ ‌(ဖေဖော်ဝါရီ ၁၇ ရက်)အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။ "ဖမ်းသွားတဲ့ထဲ ရေမဆေးကျောက်ရှာပြန်တဲ့သူပါတယ်၊ လမ်းသွားလမ်းလာတွေပါတယ်၊ ဆောင်းချိန်ကဆို ရွှေရင်ကျော်ဆရာတစ်ယောက်ပါတယ်၊ ခုထိတော့ ပြန်မလွှတ်ပေးသေးဘူးဗျ"ဟု ဆောင်းချိန်ကျေးရွာနေသူတစ်ဦးက ပြောသည်။ (more…)
Read More
ဖားကန့် ကျောက်မျက်လုပ်ကွက် စွန့်ပစ်မြေစာပုံပြိုပြီး (၃) ဦးသေဆုံး(၅) ဦးဒဏ်ရာရ

ဖားကန့် ကျောက်မျက်လုပ်ကွက် စွန့်ပစ်မြေစာပုံပြိုပြီး (၃) ဦးသေဆုံး(၅) ဦးဒဏ်ရာရ

RNA_ဖားကန့်၊ဖေဖော်ဝါရီ (၁၃)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီလက်ထက် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းအား စက်ယန္တရားအင်အားအလွန်အကျွံအသုံးပြု တူးဖော်နေကြသည့် ဖားကန့်‌၌ ယမန်နေ့ ( ဖေဖော်ဝါရီ (၁၂) ရက်) ည ၁၀ နာရီ ၃၀ မိနစ်ခန့်က စွန့်ပစ်မြေစာပုံပြိုပြီး (၃) ဦးသေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာအနီးရှိ ယခင် အဲဗားဝင်းနားကုမ္ပဏီနေရာ၌ ကျောက်မျက်တူးဖော်စွန့်ပစ်သည့် မြေစာပုံပြိုကျပြီး ထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ စွန့်ပစ်မြေစာပုံပျက်ကျ (ပြို့ကျ)သည့် ဖြစ်စဉ်တွင် (၁) နာရီကျော်ခန့် မြေစာများဖုံးအုပ်ပိမိနေခဲ့ရာမှ အသက်ရှင်လျက်ပြန်လည်ကယ်ထုတ်နိုင်ခဲ့သူတစ်ဦးရှိခဲ့ကြောင်း သိရသည်။ (more…)
Read More
သတင်းလွတ်လပ်ခွင့် ကင်းမဲ့နေသည့် ဖားကန့်မိုင်းတွင်းဒေသ

သတင်းလွတ်လပ်ခွင့် ကင်းမဲ့နေသည့် ဖားကန့်မိုင်းတွင်းဒေသ

အခုက ဓါတ်ပုံလေး ဖုန်းနဲ့သွားရိုက်တာတောင် ဟေ့လူ မရိုက်ရဘူးဆိုတာ နားမလည်ဘူးလား၊ ခုပြန်ဖျက်၊ ဘာသတင်းထောက်လဲ အစအနပျောက်သွားမယ်၊ အဲ့လိုဟ နည်းနည်းမှ ပြန်ပြောလို့မရဘူး RNA_ဖားကန့်၊ ဇန်နဝါရီ(၂၉)၊၂၀၂၃ ခုနှစ်။ ဖားကန့်ဟုဆိုလျှင် ကျောက်စိမ်းတူးဖော်ထွက်ရှိရာ မိုင်းတွင်းဒေသမှန်း လူတိုင်းသိကြသော်လည်း ဒေသတွင်း သတင်းရယူခြင်းလုပ်ငန်းများကို အသက်နှင့်ခင်းထားရကြောင်းကိုမူ လူသိနည်းလှသည်။ စစ်ကောင်စီမှ မတရားအာဏာသိမ်းပြီးနောက် တွင်ကျယ်စွာတူးဖော်လာသည့် ကျောက်မိုင်း‌ဧရိယာအတွင်း ဖုန်းဖြင့် ဓါတ်ပုံရိုက်ခြင်း၊ ဗွီဒီယိုရိုက်ကူးခြင်းများအား တွေ့ရှိပါက လုပ်ကွက်လုံခြုံရေးယူပေးထားသူများ၏ ဖမ်းဆီးရိုက်နှက်ခံရခြင်း၊ ဖုန်းထုခွဲခံရခြင်းများကြုံတွေ့ကြရသည်။ တစ်နိုင်ငံလုံး နွေဦးတော်လှန်ရေးအတွက် လုံးပန်းနေကြသော်လည်း ဖားကန့်က စီးပွားရေးအုတ်မြစ်အဖြစ် ငွေကြေးရတက်ရှိသူများ၏ စေလိုရာစေ ဒေသသာဖြစ်ခဲ့သည်။ (more…)
Read More
ဖားကန့် ဝှေခါမြေပြိုမှု ၁ လကြာသည်အထိ အစီရင်ခံစာ မထွက်

ဖားကန့် ဝှေခါမြေပြိုမှု ၁ လကြာသည်အထိ အစီရင်ခံစာ မထွက်

ကိုတာ (ဖားကန့်)၊ ဖားကန့်၊ သြဂုတ် ၅ ရက်။ ဖားကန့် ဝှေခါမြေပြိုမှုတွင် သေဆုံးသူ ၂၀၀ ဝန်းကျင်ရှိခဲ့သော်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ လာရောက် စစ်ဆေးခဲ့ပေမဲ့ ၁ လကြာသည်အထိ အစီရင်ခံစာ ထွက်မလာသေးဘူး ဖြစ်နေပါတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ ဖားကန့်မြို့ အလင်းတန်းစာကြည့်တိုက် အတွင်းရေးမှူး ဦးမျိုးဝင်းနှင့် တွေ့ဆုံမေးမြန်းထားပါတယ်။ Red News Agency
Read More
ကမ္ဘာ့ကပ်ရောဂါ COVID-19  ထက် ဝမ်းရေးခက်နေသူများ

ကမ္ဘာ့ကပ်ရောဂါ COVID-19 ထက် ဝမ်းရေးခက်နေသူများ

ဖားကန့်၊ မေ ၉ ရက်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ရွေ့ပြောင်းအလုပ်သမားတွေဖြစ်တဲ့ ရေမဆေးကျောက်ရှာဖွေနေသူတွေဟာ ကမ္ဘာ့ကပ်ရောဂါ COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ထက် ဝမ်းရေးအတွက် အခက်အခဲတွေကို ဖြေရှင်းနေကြရပါတယ်။ ရိုက်ကူး- ကိုတာ (ဖားကန့်) Red News Agency
Read More