22
Nov
RNA_နိုဝင်ဘာ(၂၂)၊၂၀၂၆ခုနှစ်။ အာရက္ခပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်၊ နန်းတက်ကျွန်းရွာကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်မှ ယနေ့ (နိုဝင်ဘာ ၂၂ ရက်) လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် လသာအရွယ် ကလေးငယ် (၁) ဦးအပါအဝင် (၄) ဦးသေဆုံးခဲ့ပြီး၊ အသက် (၁) နှစ်အရွယ် ကလေးငယ် (၁) ဦးအပါအဝင် (၉) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြေင်း သိရသည်။ အရပ်သား ပြည်သူများကို လေကြောင်းဗုံးကြဲတိုက်ခိုက် သတ်ဖြတ်နေသော အာဏာသိမ်းစစ်တပ်၏ နန်းတက်ကျွန်းရွာ ဗုံးကြဲမှုအတွင်း မောင်ရန်နိုင်စိုး (အသက် ၅ လ)၊ မသက်သက်ဝင်း (အသက် ၁၆ နှစ်)၊ ကိုကျော်မင်းဌေး (အသက် ၂၀ နှစ်)၊ ဒေါ်နုချေ (အသက် ၄၃ နှစ်)…