01
Nov
RNA_နိုဝင်ဘာ(၁)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းတံတားကို အကြမ်းဖက် အာဏာသိမ်းစစ်တပ်မှ ယနေ့ (နိုဝင်ဘာ ၁ ရက်) ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ (၇) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများကြောင်း ကိုဝေဟင်အောင်ထံမှ သိရသည်။ ယိုးချောင်းတံတားသည် ကျောက်တော်မြို့နယ်၊ ဝါးတောင်ရပ်ကျေးရွာနှင့် ပန်းဖဲချောင်းရပ်ကျေးရွာကြား စစ်တွေ-ရန်ကုန် အဝေးပြေးလမ်းမပေါ်တွင်ရှိပြီး၊ ပေါင် ၅၀၀ ဗုံးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် လမ်းသွားလမ်းလာများအပါအဝင် ပြည်သူ (၇) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ (more…)