စစ်ကိုင်းတိုင်းက “စစ်ခွေးနိဂုံး 2023” ကြွေးကြော်သံ

“စစ်ခွေးနိဂုံး ၂၀၂၃” ၊ “ဆိတ်ခေါင်းချိ်တ်ပြီး ခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ”

RNA_ ဇန်နဝါရီ (၁၄)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းနှင့် စစ်ကိုင်းတိုင်းအတွင်းကျေးရွာများအထိရောက်ရှိပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒေသခံစစ်ဘေးရှောင်များ ကူညီရေးနှင့် ဒေသခံ PDF များဖြင့် ပူးပေါင်း ဆန္ဒပြပွဲများ ဖော်ဆောင်နေသည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဆန္ဒပြပွဲရုပ်သံများကို ဖော်ပြလိုက်ပါသည်။

မုံရွာမြို့နယ်တဝိုက်မှာ “စစ်ခွေးနိဂုံး ၂၀၂၃” “ဆိတ်ခေါင်းချိ်တ်ပြီး ခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ” စသည့် စာတန်းများ ကြွေးကြော်သံများဖြင့် အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆန္ဒပြခဲ့ကြသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲများ ဝင်ရောက်နေသလို လမ်းမထက်က ဆန္ဒပြပွဲများမှာလည်း ယနေ့အချိန်ထိအားကောင်းနေပြီး စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းများထိုးကာ ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို နေ့စဉ်ဖျက်ဆီးနေသည်။

Red News Agency

By Editor