NUG

စစ်ကောင်စီတပ် ခလရ (၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း သေဆုံး 

စစ်ကောင်စီတပ် ခလရ (၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း သေဆုံး 

RNA_ဧပြီ( ၂၃)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသရှိ ခလရ (၁၄၇) စခန်းကုန်းကို ဧပြီလ (၂၂) ရက်နေ့ နံနက် (၃)နာရီခန့်တွင် မန္တလေး PDF ရဲဘော်များ တိုက်ခိုက်မှုအပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းရောက်ရှိလာချိန် ကားရပ်မပေးသည့်အတွက် ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရသည်။   "မိမိတို့တပ်ဖွဲ့များ အခြေပြုနေရာ ယူထားရာ နေရာသို့ အိမ်စီးကား(၂) စီး ရောက်ရှိလာရာ အိမ်စီးကားပေါ်တွင် ရန်သူ့တပ် ယူနီဖောင်းဝတ်တဦး ပါလာသဖြင့် တားမြစ်စစ်ဆေးရာ မရပ်ပေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ Toyota Corolla အိမ်စီးကားတစီး ရပ်တန့်သွားပြီး ကားပေါ်မှ ခလရ(၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းအား…
Read More
NUG မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး ဗုံးကြဲခံရပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာ

NUG မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး ဗုံးကြဲခံရပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာ

RNA_ဧပြီ(၂၁)၊၂၀၂၃ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ခံ မကွေးတိုင်း၊ ထီးလင်းမြို့နယ် အနောက်ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ရုံးကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးနေကြောင်း သိရသည်။ ထီးလင်းမြို့နယ်နောက်ခြင်းရှိ ပ.အ.ဖ ရုံးကို စစ်ကောင်စီတပ် လေကြောင်းမှ ဧပြီလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ပ.အ.ဖ ရဲဘော် အမျိုးသား (၂) ဦး၊ အမျိုးသမီး (၁) ဦး ကျဆုံးခဲ့ရပြီး၊ အမျိုးသား (၄) ဦး၊ အမျိုးသမီး (၈) ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယနေ့ မြေပြင်မှ ပျူစောထီးများအပါအဝင် စစ်ကောင်စီတပ်စစ်ကြောင်းတို့ စစ်ကြောင်းထိုးလာနေကြောင်း YDF…
Read More
S.O.F အထူးလေးကျင့်ရေးမှတ်တမ်း အပိုင်း (၁)

S.O.F အထူးလေးကျင့်ရေးမှတ်တမ်း အပိုင်း (၁)

RNA_ဧပြီ(၃)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Speclal Operation Force - S.O.F) ၏ အထူးလေ့ကျင့်ရေးမှတ်တမ်း အပိုင်း (၁) ရုပ်သံကို ပြည်သူများထံ တင်ပြထားခြင်းဖြစ်သည်။ #RedNewsAgency
Read More
NUG ကာကွယ်ရေးဝန်ကြီးဌာနမှ လေကြောင်းရန်ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁.၄ သန်း၊ တန်ပြန်လေကြောင်းတိုက်ခိုက်ရေးအတွက် ဒေါ်လာ (၈) သိန်းလျာထားသုံးစွဲနေ

NUG ကာကွယ်ရေးဝန်ကြီးဌာနမှ လေကြောင်းရန်ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁.၄ သန်း၊ တန်ပြန်လေကြောင်းတိုက်ခိုက်ရေးအတွက် ဒေါ်လာ (၈) သိန်းလျာထားသုံးစွဲနေ

RNA_မတ်(၃၁)၊၂၀၂၃ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၁.၄) သန်းနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၈) သိန်း လျာထား သုံးစွဲလျက်ရှိကြောင်း ယနေ့ ထုတ်ပြန်လာသည်။   (more…)
Read More
အထူးစစ်ဆင်ရေးတပ်ဖွဲ့ရှိ အမျိုးသမီးရဲမေများ စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်နေ

အထူးစစ်ဆင်ရေးတပ်ဖွဲ့ရှိ အမျိုးသမီးရဲမေများ စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်နေ

RNA_မတ်(၃၁)၊၂၀၂၃ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F အတွင်းရှိ အမျိုးသမီးရဲမေများသည် စစ်ကောင်စီလက်အောက်ခံများကို တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။   “S.O.F အမျိုးသမီးရဲမေအားလုံးသည် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၏ မြို့ပြနှင့်ကျေးလက်စစ်ဆင်ရေးအစီအစဥ်များအား ကိုယ်တိုင်ပါဝင်၍ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ S.O.F အမျိုးသမီးရဲမေအားလုံးသည် တပ်ဖွဲ့၏ ဦးဆောင်မှု၊ စစ်ရေး၊ ထောက်/ပို့၊ ထောက်လှမ်းရေး ဂဏ္ဍအသီးသီးတွင် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျှက်ရှိကြသည်” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F ထံမှ ပြောကြားထားသည်။ (more…)
Read More
PDF အမှတ်(၁) စစ်ဒေသ သင်တန်းဆင်းပွဲတွင် လက်နက်နှင့် Drone များပေးအပ်

PDF အမှတ်(၁) စစ်ဒေသ သင်တန်းဆင်းပွဲတွင် လက်နက်နှင့် Drone များပေးအပ်

RNA_မတ်(၂၉)၊၂၀၂၃ ခုနှစ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)အမှတ်(၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှုသင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲဲတွင်ရဲဘော်များကို လက်နက်နှင့် Drone တပ်ဆင်ပေးအပ်ခဲ့ကြောင်း သိရသည်။ လက်နက်နှင့် Drone စသည်တို့ တပ်ဆင်ပေးအပ်သည့် သင်တန်းဆင်းပွဲကို မတ်လ (၂၇) ရက်နေ့က မကွေးတိုင်းအတွင်း တနေရာတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (more…)
Read More
NUG – MOD- PDF တော်ဝင်ဒေါင်းစစ်ကြောင်း ရဲဘော်များ ကျည်အစစ်များအသုံးပြု စစ်ရေးလေ့ကျင့်

NUG – MOD- PDF တော်ဝင်ဒေါင်းစစ်ကြောင်း ရဲဘော်များ ကျည်အစစ်များအသုံးပြု စစ်ရေးလေ့ကျင့်

RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂ )စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ​တော်ဝင်ဒေါင်းစစ်ကြောင်းမှရဲဘော်များ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ယနေ့ ပြည်သူများကို အသိပေးထားသည်။ စစ်မြေပြင်၌ အထောက်ကူဖြစ်စေရန် တိုက်ပွဲဖော်ဆောင်သည့် ထိတွေ့တိုက်ပွဲငယ်များအတိုင်း လက်တွေ့ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ရှေ့တန်းမထွက်မီ နောက်တန်းတွင် ကျန်ခဲ့သည့် ရဲဘော်များအနေဖြင့် လေ့ကျင့်သားပိုမိုပြည့်ဝစေရန် တိုက်ပွဲပုံစံများဖော်ဆောင်၍ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လေ့ကျင့်ခဲခြင်းဖြစ်သည်ဟု Royal Peacock Column က ဓာတ်ပုံများနှင့်တကွ အသိပေးထားသည်။ (more…)
Read More
စစ်အုပ်စု၏ သတ်ဖြတ်မှုများကို တားဆီးဆောင်ရွက်ပေးရန် တရုတ်နိုင်ငံအပေါ် ယာယီသမ္မတ တိုက်တွန်း 

စစ်အုပ်စု၏ သတ်ဖြတ်မှုများကို တားဆီးဆောင်ရွက်ပေးရန် တရုတ်နိုင်ငံအပေါ် ယာယီသမ္မတ တိုက်တွန်း 

RNA_မတ်(၂၁)၊၂၀၂၃ ခုနှစ်။ တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီတပ်မှ မြန်မာနိုင်ငံအနှံ့အပြားမှာ လူမဆန်စွာ သတ်ဖြတ်နေမှု စသည်တို့ကို တားဆီးနိုင်ရေး ပိုမိုလုပ်ဆောင်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ - NUG ယာယီသမ္မတ ဒူဝါလရှီးလမှ တိုက်တွန်းလိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီတွင် ပြုလုပ်ခဲ့ပြီး၊ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများစသည်တို့ တက်ရောက်ခဲ့ပြီ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နိုင်ငံအပေါ် တိုက်တွန်းမှု၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များကိစ္စအပါအဝင် နိုင်ငံရေး၊ စစ်ရေးကိစ္စများကို အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ (more…)
Read More
ပအဖ၊ ပကဖ၊ ပလဖ၊ PDFနှင့် LDF အကြားစုစည်းနိုင်ရေး အရေးအကြီးလုပ်ဆောင်ရမည်

ပအဖ၊ ပကဖ၊ ပလဖ၊ PDFနှင့် LDF အကြားစုစည်းနိုင်ရေး အရေးအကြီးလုပ်ဆောင်ရမည်

RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။ လက်တလော အရေးကြီးပြီး ဦးစား‌ပေးလုပ်ကိုင် ဆောင်ရွက်ရမှာ မြေပြင်အင်အားများဖြစ်သည့် ပအဖ၊ ပကဖ၊ ပလဖ၊ PDFများနှင့် LDF များရဲ့ကြား အင်အား စုစည်းနိုင်ဖို့ အရေးအကြီးဆုံးဖြစ်သည်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး မတ်လ (၁၆) ရက်နေ့မှာကျင်းပသည့် အမှတ်စဉ်(၁၁/၂၀၂၃)မှာ ပြောကြားခဲ့ခြင်းဖြစ်သည်။ "လက်တလောမှာ အရေးကြီးပြီး ဦးစားလုပ်ကိုင် ဆောင်ရွက်ရမှာတော့ မြေပြင်အင်အားတွေရဲ့ စုစည်းနိုင်မှုအခြေအနေပဲဖြစ်ပါတယ်။ ပအဖ၊ ပကဖ၊ ပလဖ၊ PDF တွေနဲ့ LDF တွေရဲ့ကြားမှာ အင်အား စုစည်းနိုင်ဖို့က အရေးအကြီးဆုံးဖြစ်နေပါတယ်။ ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ ပကဖများ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းလမ်းညွှန်…
Read More
“နမ့်နိန်းရွာမှာ ဘာဖြစ်ခဲ့သလဲ နှင့် နောက်ဆက်တွဲလားရာများ”

“နမ့်နိန်းရွာမှာ ဘာဖြစ်ခဲ့သလဲ နှင့် နောက်ဆက်တွဲလားရာများ”

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တရားခံ စစ်ကောင်စီအနေဖြင့် နမ့်နိန်းရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ၎င်းတို့အပြစ်ကို ဖုံးကွယ်ကာ တော်လှန်ရေးအဖွဲ့များကို အပစ်လွှဲချနေသော်လည်း အချက်အလက်များအရ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီက ကျူးလွန်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည် ■ BACS ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော် (၃) ပါး၊ အမျိုးသား (၁၈) ဦးနှင့် အမျိုးသမီး (၁) ဦးတို့အား စစ်ကောင်စီတပ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်ကို ဖုံးကွယ်ကာ ဘာသာရေး၊ လူမျိုးရေး ပြဿနာများဖြစ်ပွားအောင် နည်းမျိုးစုံဖြင့် စစ်ကောင်စီက ဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။ မြေပြင် နီးစပ်သူများကို ဖုန်းဆက်မေးမြန်းရာတွင် ပျောက်ဆုံးနေသည့် ရွာသူရွာသား ၁၁ ဦး ရှိနေသေးကြောင်း…
Read More