Tag: NUG

  • NUG ဝန်ကြီးဌာနများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း ဆန္ဒပြသူများပြောကြား

    NUG ဝန်ကြီးဌာနများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း ဆန္ဒပြသူများပြောကြား

    RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။
     
    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်အရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းမည့်အရေးနှင့် မြို့နယ်ပြင်ပမှ ဝင်ရောက်စွက်ဖက်နေမှုများ အလိုမရှိကြောင်း၊ NUG ဝန်ကြီးဌာများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း စသည်တို့ကို ဒီဇင်ဘာ ၂၈ ရက်နေ့က ဂန့်ဂေါမြို့နယ်အတွင်း ဆန္ဒပြသူများကိုယ်စား ဦးဆောင်သူက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=TCZ0pApX1vY[/embedyt]
    Red News Agency

  • ခမ်းပတ်မြို့ကို တော်လှန်ရေး အင်အားစုများက ယနေ့ အောင်မြင်စွာ သိမ်းပိုက်

    ခမ်းပတ်မြို့ကို တော်လှန်ရေး အင်အားစုများက ယနေ့ အောင်မြင်စွာ သိမ်းပိုက်

    RNA_နိုတင်ဘာ(၇)၊၂၀၂၃ ခုနှစ်။
    စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဉ်ဖြင့် KIA၊ PDF၊ ပကဖ နှင့် တော်လှန်ရေးအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
    အမှတ် (၁) စစ်ဒေသသည် C3C၏ အစီအစဉ်ဖြင့် KIAစစ်ဦးစီးချုပ်က စစ်ဒေသမှူးအဖြစ် လည်းကောင်း၊ KIA အရာရှိများက ခရိုင်ကွပ်ကဲရေးမှုးများ အဖြစ်လည်းကောင်း တာဝန်ယူလျက် PDF တပ်ရင်းများနှင့် ပကဖအဖွဲ့များကို လေ့ကျင့်ပျိုးထောင်ကာ အနီးကပ်ကွပ်ကဲမှု ရယူထားသော စစ်ဒေသဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ၁၀၂၇ စစ်ဆင်ရေးကို အတုယူကြ၊ စစ်ရေးအရှိန်မြှင့်တင်ကြ၊ လွတ်မြောက်ရေးအတွက် ရုန်းထွက်ကြ

    ၁၀၂၇ စစ်ဆင်ရေးကို အတုယူကြ၊ စစ်ရေးအရှိန်မြှင့်တင်ကြ၊ လွတ်မြောက်ရေးအတွက် ရုန်းထွက်ကြ

    “ရရာလက်နက်ဆွဲကိုင်ပြီး တော်လှန်ရေးကြသည့် အညာသူ အညာသားများကို စစ်ကောင်စီမည်သည့်အခါမျှ အနိုင်ယူနိုင်မည် မဟုတ်သော်လည်း လက်နက်ခဲယမ်းရှားပါးသည့် ပြဿနာကြောင့် တော်လှန်ရေးရဲဘော်များ၏ အသက်နှင့် ပြည်သူများ၏ အသက်အိုးအိမ်များ ဆုံးရှုံးနေရသည်မှာ အားလုံးအသိ”

    လင်းယုန်

    တောင်ပိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်ပြီးတော့ အညာဒေသရှိ တော်လှန်ရေးအင်အားစုများကို နီးစပ်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် ပြည်သူများ၊ ဒေသခံတော်လှန်ရေးအင်အားစုများအချင်းချင်းနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ဝိုင်းဝန်းကူညီ ပေးရန်လိုအပ်ပါသည်။

    အညာဒေသအတွင်းရှိ မြို့၊ ရွာတော်တော်များများသည် စစ်ကောင်စီ၏လွှမ်း မိုးမှုနှင့် အမျိုး၊ ဘာသာ၊ သာသနာကိုအကြောင်းပြပြီး ချုပ်ကိုင်ထိန်းချုပ်မှုအောက်တွင်နှစ်ပေါင်းများစွာကျင်လည် ဖြတ်သန်းလာခဲ့ကြသည့်ဒေသများဖြစ်သည်။ မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူ့စစ်များ၊ ပျူစောထီးအမည်ခံ စစ်တပ်ထောက်ခံသူများနှင့် စစ်အုပ်စုများက အညာဒေသခံပြည်သူများကို ဒုက္ခ ပေါင်းစုံပေးပြီး ဖိနှိပ်တိုက်ခိုက်နေကြောင်းတွေ့ရသည်။

    စစ်ကိုင်းနှင့်အနီးစပ်ဆုံးတိုင်းရင်းသား လက်နက်ကိုင်များဖြစ်ကြသည့် ချင်း (CNF/CNA) နှင့် ကချင် (KIO/KIA)၊ မကွေးတိုင်းနှင့်အနီးစပ်ဆုံးနေရာ ရက္ခိုင့်တပ်တော်(ULA/AA)၊ ပဲခူးတိုင်းနှင့်အနီးစပ်ဆုံး (KNU/KNLA) တို့မှ ပူးပေါင်းပြီး တိုက်ပွဲအရှိန်မြှင့်ဖော်ဆောင်ရန်လိုအပ်ပါသည်။ ထိုနည်းတူ NUG ၏ ကာကွယ်ရေးဌာနဘက်မှလည်း လက်တွေ့ကူညီ စစ်ရေးမြှင့်တင်ရန် လိုအပ်ပါသည်။ ဒေသတွင်း တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ရုန်းထွက်ကြရန် လိုအပ်ပါသည်။

    People’s Defence Force – Salin ရဲဘော်များ

    (more…)

  • အောင်ဂျာစခန်းသိမ်းအောင်ပွဲ (သို့) တော်လှန်ရေးအင်အားစုများ၏ ညီညွှတ်မှုစွမ်းအား

    အောင်ဂျာစခန်းသိမ်းအောင်ပွဲ (သို့) တော်လှန်ရေးအင်အားစုများ၏ ညီညွှတ်မှုစွမ်းအား

    “KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ အောင်ဂျာ​စခန်းသိမ်း တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင်များ ပါဝင်ပြီး KIA ဦး​ဆောင်သည့် မဟာမိတ်များနှင့် ရယူခဲ့သော အောင်ပွဲဖြစ်သည်။ ထိုစခန်းကို AA ၊ CNF ၊ ABSDF ၊ KNA-BURMA KPDF နှင့် PDF ရဲ​ဘော်များ ပူး​ပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်”

    ငြိမ်းမောင်

    စစ်အာဏာရှင်စနစ်အား အမြစ်အပြတ်ချေမှုန်းပြီး ပင်လုံကတိဝတ်ကို အခြေခံသည့် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ယူရမည်ဟူ၍ စစ်ကောင်စီကို တော်လှန်နေသော အဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်းကာ ကြိုးစားအားထုတ်နေကြောင်း ယနေ့ကျရောက်သည့် KIO  ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကအသိပေး ပြောကြားလိုက်သည်။

    ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် ကျရောက်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းတည်ထောင်ခြင်း (၆၃)နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ ယင်းအခမ်းအနား မိန့်ခွန်းတွင် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကြောင့် တစ်နိုင်ငံလုံး အထွေထွေအကြပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ယခုကဲ့သို့ ဖြစ်ပေါ်လာမှုသည် နိုင်ငံပျက်စီးရာသို့ ဦးတည်လာနေသည်ကို တွေ့မြင်လာရကြောင်း၊ စစ်ကောင်စီသည် ပြည်သူကို ရန်သူလို ညှင်းပမ်းနှိပ်စက်သတ်ဖြတ်နေသည့်အတွက် ပြည်သူအမြောက်အများ စစ်ဘေးရှောင် ဆင်းရဲဒုက္ခရောက်နေရသည်ကို ကမ္ဘာသိအောင် ထင်ထင်ရှားရှား ဖြစ်ပေါ်နေပြီဟုလည်း ပြောကြားခဲ့သည်။

    KIO ဖွဲ့စည်းတည်ထောင်ခြင်း (၆၃) နှစ်ပြည့် နှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း သဝဏ်လွှာပေးပို့ခဲ့သည်။ NUGက ပေးပို့သည့် သဝဏ်လွှာတွင် ပြည်သူ့နွေဦးတော်လှန်ရေးအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မှ ကချင်အမျိုးသားခေါင်းဆောင်ကြီးများ ဦးဆောင်ပြီး အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

    (more…)

  • ဗမာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်

    ဗမာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်

    “Local တွေနဲ့ NUG MOD ရဲ့ကြားက ကွဲလွဲမှုတွေဖြစ်ပြီး MOD ကခန့်အပ်ထားတဲ့ ခေါင်းဆောင်တချို့ဟာ Local တွေအပေါ် ဖိအားပေးမဲ့အစား စည်းရုံးရေးကို မြန်စွာအကောင်အထည်ဖော်မှ COC ကောင်းစွာ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ Local တွေဆိုတာက လက်နက်ကိုင်တော်လှန်ရေးအစ ဘယ်အစိုးရမှမပေါ်ခင်ကတည်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ရွက်လာတာ”

    ကိုတင်ဖေ 

    တော်လှန်ရေးကာလနှစ်နှစ်ကျော်အတွင်း အညာဒေသလက်နက်ကိုင်တော်လှန်ရေးဟာ အတော်လေးခရီးပေါက်လာတာကိုတွေ့မြင်နေရပါတယ်။ ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ ရပ်တည်နေကြတဲ့ Local PDF တွေလည်းရှိသလို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပသုံးလုံးတွေအားကောင်းလာတာကိုတွေ့ရမှာပါ။

    မကြာခဏဆိုသလို Local တွေနဲ့ ပကဖတွေကြား ပွတ်တိုက်မှုတွေဖြစ်ပွားနေသလို မြေပြင်မှာ အတူယှဉ်တွဲနေကြရတာဟာလည်း ဒီအဖွဲ့တွေပဲ ဖြစ်ပါတယ်။ Local တွေကို နှစ်ပိုင်းခွဲပြီးမြင်ကြရရင် EROs ကျောထောက်နောက်ခံရှိတာနဲ့ ပြည်သူလူထုအားကိုးနဲ့ ရပ်တည်နေတဲ့ Local တွေကို တွေ့နိုင်ပါတယ်။ ထပ်တိုးတစ်ခုအနေနဲ့ကတော့ MOD ရဲ့ အောက်ကို မရောက်ရှိပေမဲ့ MOD ရဲ့ COC ကိုလက်ခံပြီး MOD ရဲ့ စစ်ရေးညွှန်ကြားချက်တွေကိုပါ အကောင်ထည်ဖော်နေတဲ့ အဖွဲ့စည်းတွေဖြစ်ပါတယ်။

    ဒေသတွင်း​​နယ်မြေပြဿနာတွေရှင်းနိုင်ဖို့နဲ့ လက်နက်ကိုင်ပြဿနာ နည်းစေနိုင်ဖို့ MOD က Local တွေကို COC တည်ဆောက်ရာမှာပါဝင်ကြဖို့တိုက်တွန်းလေ့ရှိပါတယ်။ ဒီမှာ တချို့ကလည်း ပါဝင်ကြသလို တချို့ကလည်း ပါဝင်ချင်ကြပေမဲ့ MOD က ခန့်ထားတဲ့ ခေါင်းဆောင်ပိုင်းတချို့ရဲ့ ပြင်ပဆက်ဆံရေးပြဿနာကရှိနေပါတယ်။ စည်းရုံးရေးပိုင်းအားနည်းသလို ဖိအားပေးတဲ့ နည်းစနစ်ကြီးက လူငယ်ခေါင်းဆောင်တချို့အတွက် အဆင်မပြေတာကိုတွေ့ရပါတယ်။

    Photo : PLA

    Local အားကောင်းတဲ့ ဒေသတွေမှာ ဒေသတွင်းအစုအဖွဲ့တွေက အပြန်လှန်ဖေးမဖို့ တပ်ပေါင်းစု ဆန်ဆန်ဖွဲ့စည်းလာတာကိုတွေ့ရပါတယ်။ ဒီနေရာမှာ Local သီးသန့်သာဖြစ်ပြီးတော့ ဗမာပြည်ကို ကိုယ်စားပြုတယ်ဆိုတဲ့ တပ်ပိုင်းတွေ မပါဝင်သေးပါဘူး။ စစ်တိုက်ဖို့၊ ထောက်ပို့ကူကြဖို့ သတင်းဖလှယ်ဖို့ ဖွဲ့စည်းထားတဲ့ Local အဖွဲ့တွေဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီရပ်တည်နေကြရတာပဲဖြစ်ပါတယ်။ ဒီအဖွဲ့တွေကို COC အောက်ဝင်ဖို့ စည်းရုံးရမှာဖြစ်ပေမဲ့ တချို့သော ဒေသန္တရ အမိန့်တွေဟာ အပျက်ဘက်ကိုသာ ဦးတည်သွားပါတယ်။

    (more…)

  • NUGက ၂ နှစ်အတွင်း PDF များကို အမေရိကန်ဒေါ်လာ (၁၅.၇) သန်း ထောက်ပံ့ခဲ့ 

    NUGက ၂ နှစ်အတွင်း PDF များကို အမေရိကန်ဒေါ်လာ (၁၅.၇) သန်း ထောက်ပံ့ခဲ့ 

    RNA_အောက်တိုဘာ(၃)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ် အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်းများကို တပ်ရင်းထောက်ပံ့စရိတ်အဖြစ် (၁၆) ကြိမ် တိတိပေးပို့ခဲ့ရာ ငွေကြေးပမာဏအားဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၅.၇)သန်းခန့်ဖြစ်ကြောင်း ယနေ့ ညတွင် ထုတ်ပြန်ထားသည်။

    နိုင်ငံနှင့်တဝှမ်းဖွဲ့စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်း (၃၀၀) ခန့်ကို ပေးပို့ခဲ့‌ကြောင်း၊ ယခုနောက်ဆုံးပေးပို့သည့် (၁၆) ကြိမ်မြောက် တပ်ရင်းထောက်ပံ့စရိတ်အနေဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁) သန်းခန့်ရှိကြောင်း သိရသည်။

    (more…)

  • တော်လှန်ရေးကာလအတွင်း ကိုယ်ကျိုးစီးပွားနှင့် လိင်အမြတ်ထုတ်မှုများကိစ္စ ယာယီသမ္မတပြောကြား 

    တော်လှန်ရေးကာလအတွင်း ကိုယ်ကျိုးစီးပွားနှင့် လိင်အမြတ်ထုတ်မှုများကိစ္စ ယာယီသမ္မတပြောကြား 

    RNA_အောက်တိုဘာ (၃)၊၂၀၂၃ ခုနှစ်။

    တော်လှန်ရေးကာလအတွင်း ကိုယ်ကျိုးစီးပွားအသုံးချမှုအပါအဝင် လုံခြုံရေးအခြေအနေကို အသုံးချပြီး လိင်အမြတ်ထုတ်မှုများ မရှိစေရေး၊ ယင်းကိစ္စများကို တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုရှိစွာဆောင်ရွက်နိုင်ရေး အလေးထားရမည်ဟု NUG ယာယီသမ္မတက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=od0fekQwzCw[/embedyt]

    အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းမှ လိင်အမြတ်ထုတ်မှု၊ အကြမ်ဖက်ခံရမှု၊ တော်လှန်ရေးတွင် ပါဝင်နေမှု စသည်တို့နှင့် ပတ်သက်ပြီး ကောက်နုတ်တင်ပြလိုက်ပါသည်။

    #RedNewsAgency

  • အရှိုက်အထိုးခံလိုက်ရတဲ့စစ်တပ် နောက်ဝင်မယ့်တွဲလုံးတွေကို ကာနိုင်ပါ့မလား

    အရှိုက်အထိုးခံလိုက်ရတဲ့စစ်တပ် နောက်ဝင်မယ့်တွဲလုံးတွေကို ကာနိုင်ပါ့မလား

    “ICC က ကိုင်တွယ်ပြီဆိုရင်တော့ မင်းအောင်လှိုင်တို့အနေနဲ့ အခုထက်ပိုပြီး လှုပ်ရှားရတာတွေ ကြပ်တည်းလာမှာဖြစ်သလို စစ်ခေါင်းဆောင်တွေအနေနဲ့ တရားစွဲခံရဖို့ သေချာနေပါပြီ။ ဘာလို့လည်း ဆိုတော့ သူတို့ကျူးလွန်ခဲ့တဲ့ ကိစ္စတွေရဲ့ တိကျတဲ့သက်သေပေါင်းအမြောက်အများဟာ ကုလသမဂ္ဂလိုအဖွဲ့အစည်း၊ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေဆီမှာ အခိုင်အမာရှိနေပါပြီ”

    လှဆောင်

    ပြည်တွင်းမှာ တော်လှန်ရေးအင်အားစုတွေဘက်က ခပ်စိတ်စိတ်နဲ့ ခြေလှမ်းတွေရှေ့တိုးနေသလို နိုင်ငံတကာမှာလည်း ခြေလှမ်းတွေက ခပ်စိတ်စိတ်ပါ။ စစ်ကောင်စီလော်ဘီတွေကတော့ NUG အစိုးရအဖွဲ့ဝင်တွေ ကုလသမဂ္ဂမှာသွားပြီး ပြည်သူတွေလှူတဲ့ပိုက်ဆံနဲ့ ဟေးလားဝါးလား သွားလုပ်နေတယ်လို့ ဝါဒဖြန့်ကြပါတယ်။

    လူပိန်းလို ပြန်ပြောရမယ်ဆိုရင်တော့ အဲဒီလို ဟေးလားဝါးလားလုပ်ဖို့တောင် စစ်ကောင်စီဘက်က အဆင့်ရှိမနေပါဘူး။ NUG အစိုးရအဖွဲ့ဝင်တွေ ကုလသမဂ္ဂအစည်းအဝေးမှာ နိုင်ငံတကာကကိုယ်စားလှယ်နဲ့ သွားတွေ့နေကြတယ်ဆိုတာလည်း ဟေးလားဝါးလားလုပ်ဖို့မဟုတ်ဘူးဆိုတာ တော်ရုံနိုင်ငံရေးအခြေခံလောက်ရှိတဲ့သူတွေတောင် ရှင်းရှင်းလင်းလင်းသိနေတဲ့ကိစ္စပါ။ 

    NUG ကို လက်ခံတွေ့ဆုံတဲ့ နိုင်ငံတကာက ကိုယ်စားလှယ်တွေဆိုတာလည်း အရမ်းအားနေလို့ လက်ခံတွေ့ဆုံနေတာမဟုတ်ဘူးဆိုတာကို အားလုံးသဘောပေါက်ကြပါတယ်။

    လက်တွေ့ကျတဲ့ ကိစ္စတစ်ခုကိုပြောပါဆိုရင် ခုလောလောဆယ်တော့ အဲဒီကုလသမဂ္ဂအစည်းအဝေးတွေထဲက တစ်ခုကနေ စစ်ကောင်စီရဲ့ အရှိုက်ကို ထိုးနှက်လိုက်ပါပြီ။ အဲဒါကတော့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ခါတာခ့်က မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) က လွှဲပြောင်း ကိုင်တွယ်ပေးဖို့ ကုလသမဂ္ဂကို တိုက်တွန်းလိုက်တာပါ။

    (more…)

  • စစ်ကိုင်းတိုင်းအတွင်းက အဖွဲ့အစည်းများနှင့် ညှိနှိုင်းရေးရာတွင် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အခြေခံသင့်ဟု NUG ယာယီသမ္မတပြော

    စစ်ကိုင်းတိုင်းအတွင်းက အဖွဲ့အစည်းများနှင့် ညှိနှိုင်းရေးရာတွင် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အခြေခံသင့်ဟု NUG ယာယီသမ္မတပြော

    RNA_စက်တင်ဘာ(၂၁)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်းအတွင်းက အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းရေးကို အကောင်အထည်ဖော်သည့်အခါ အထူးသတိထားသင့်ပြီး “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” ကို အခြေခံသင့်သည်ဟု စက်တင်ဘာလာ ၂၀ ရက်နေ့က FSCC အစည်းအဝေးတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားသည်။

    “စစ်ကိုင်းတိုင်းဧရိယာအတွင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကို အကောင်အထည်ဖော်တဲ့ အခါမှာ အထူး သတိမူသင့်တဲ့ အချက်တချို့ကို ပြောချင်ပါတယ်။ အထူးသဖြင့် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အပေါ်မှာ အခြေခံသင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေး အင်အားစုအသီးသီးရဲ့ အင်အားတွေကို စုစည်းယူရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့နဲ့ မိတ်ဖက် အစုအဖွဲ့တွေထဲမှာ ရန်သူ အသစ် မမွေးမိဖို့ လိုပါတယ်။ ဒါဟာ အထူး သတိထားရမယ့်ကိစ္စလို့ ယူဆပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံရေးသဘောထား ကြီးမှုကို ထင်ထင်ရှားရှားပြသရပါလိမ့်မယ်” ဟု စသဖြင့် ယာယီသမ္မတကပြောကြားထားသည်။

    (more…)

  • ပြည်သူ့ခုခံတော်လှန်စစ် ၂ နှစ်အတွင်း ခံစစ်ပြင်လာရတဲ့ စစ်ကောင်စီ

    ပြည်သူ့ခုခံတော်လှန်စစ် ၂ နှစ်အတွင်း ခံစစ်ပြင်လာရတဲ့ စစ်ကောင်စီ

    “လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်အတွင်း စစ်ကောင်စီဟာသူတို့ကိုယ်တိုင် လမ်းတွေဖျက်တာအပြင်၊ စခန်းမကျအောင် အခိုင်အမာတည်ဆောက်နေရတဲ့အနေအထားပဲဖြစ်တယ်။ယခု နွေဦးတော်လှန်ရေးဟာ ပြည်သူတရပ်လုံးအပြင်၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ၊ အခြားသော အင်အားစုတွေကလည်း တော်လှန်ရေးမှာ စုစည်းပါဝင် ဆောင်ရွက်နေကြတယ်”

    မောင်ဝိ

    ၂၀၂၁ ခုနှစ် အာဏာစသိမ်းပြီဆို ကတည်းက လက်နက်အားကိုးအာဏာလုတဲ့စစ်တပ်က တပ်တွေထဲမှာ အရံအတားတွေ စပြီး လုပ်လာကြတယ်။ လူနဲ့ လက်နက်အင်အားအသုံးပြုပြီး လုံခြုံရေးတွေ ပိုချလာသလို၊ တပ်ပတ်ဝန်းကျင်မှာ ပြင်ပကနေ ခိုးဝင်မှာစိုးလို့ ခြံစည်းရိုးအစပ်နားတွေကို ဇီးဆူးတွေ၊ သံဆူးကြိုးတွေ အခိုင်အမာလုပ်လာကြတယ်။ အာဏာသိမ်းခါစဆိုပေမယ့် နောက်ဆက်တွဲကြုံလာရမယ့် ကိစ္စတွေကို စစ်တပ်ကလည်းသိပုံပေါ်ပါတယ်။

    အခုလက်ရှိ ၂၀၂၃ ကာလမှာ စစ်တပ်က တပ်ပတ်ဝန်းကျင်တွေကို တူးမြောင်းတွေ၊ ကတုတ်ကျင်းတွေကိုပေါ်ပေါ်ထင်ထင်ပဲ ထပ်လုပ်ကြတယ်။အသိသာဆုံးဥပမာပေးရရင် ၂၀၂၃ ခုနှစ်၊ မေလ ထဲမှာပဲ၊ ကရင်ပြည်နယ် ကော့ကရိတ်ကနေ ကြာအင်းဆိပ်ကြီးကို ဆက်သွယ်တဲ့ ကမိုင်ကုန်းနဲ့ တောင်ကြာအင်း လမ်းမကြီးနှစ်ခုကို စစ်ကောင်စီတပ်က ဖျက်ဆီးပစ်လိုက်တယ်။ နောက်ထပ်လည်း ဩဂုတ် ၉ ရက်မှာ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကုန်းရွာကျေးရွာ အနောက်ဘက် ကျစ်ပြင်ရွာကိုသွားတဲ့ လမ်းနဲ့ ကုန်းရွာ မြောက်ဘက် ငါးချဉ်ချောင်းရွာကိုသွားတဲ့ လမ်းတွေကို စစ်တပ်က လာရောက်ဖျက်ဆီးသွားတယ်လို့ သိရတယ်။

    ဆက်လက်ပြီးစက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက ဖြူးမြို့နယ်၊ ကင်မွန်းခြုံ ရွာထိပ်က ဖြူး-ဘန်းလောင် လမ်းပိုင်းကို ဖြူးမြို့ပေါ်မှ စစ်သားများနဲ့ ရဲများက ဘူဒိုဇာဖြင့် လာရောက်ဖျက်ဆီးသွားခဲ့ပြီး၊အဲ့ဒီလမ်းပိုင်းဟာ ဖြူးမြို့နဲ့ ၂ မိုင်ခန့်ပဲကွာဝေးပါတယ်။ ဒီလိုလုပ်ရခြင်းကလည်း ဖြူးမြို့ပေါ်က စစ်တပ်စခန်းတွေလာရောက်တိုက်ခိုက်ခံရမှာစိုးတဲ့အတွက်ကြောင့်လို့ သိရတယ်။

    (more…)