Tag: နွေဦးတော်လှန်းရး
-

စစ်ကောင်စီတပ်အတွင်း တိုက်ခိုက်ရေးကောင်းသည့် စစ်သားများမရှိတော့
RNA_ဇွန်(၁၇)၊၂၀၂၄ ခုနှစ်။မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စစ်ကြောင်းများတွင် တိုက်ခိုက်ရေးကောင်သည့် စစ်သားများ ပါမလာတော့ဟု မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဂျိုကာမှပြောကြားထားသည်။[embedyt] https://www.youtube.com/watch?v=ps9-j_Mj6sA[/embedyt]Red News Agency -

NUG တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားမှ နဂါးနီစစ်ကြောင်းရဲဘော်များကို လက်နက်ပေးအပ်
RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၃ ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရ – NUG တောင်ပိုင်းစစ် ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားနှင့် တောင်ပိုင်းစစ်ဒေသ၊ တာဝန်ရှိပုဂ္ဂိုလ်များမှ နဂါးနီးစစ်ကြောင်း ရဲဘော်များကို လက်နက်တပ်ဆင် ပေးအပ်ခဲ့သည်။

တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ အတွင်းရှိ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၏ နဂါးနီစစ်ကြောင်း သို့ ဖေဖော်ဝါရီ (၁၄)ရက်နေ့က ဒုစစ်ဒေသမှူး ရဲဘော်စောရှားတို့ သွားရောက်ကာစစ်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်နေမှုများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး လက်နက်များ ပေးအပ်ခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။
#RedNewsAgency
-

ကရင်နီပြည် KNDF BO -1 ရဲဘော်များ ဘုရားသခင်ထံ ဝတ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့
RNA_ဇူလိုင်၁၃၊၂၀၂၂ခုနှစ်။

Photo : Khun John Paul ကရင်နီပြည်တွင် စစ်ကောင်စီတပ်က ဘုရားဝတ်ပြုကျောင်းများကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့သည့်အတွက် ပျက်စီးခဲ့ရသော်လည်း KNDF BO-1 ရဲဘော်များ ဇူလိုင် ၁၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ် တောတွင်းစခန်းတနေရာတွင် ဘုရားသခင်ထံ ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
” အဓမ္မတိုက်ပွဲမှာ ကျွန်တော်တို့ ဓမ္မဘက်တော်သားများက စစ်မိစ္ဆာတွေကို တွန်းလှန်တိုက်ခိုက်နိုင်ဖို့ရန် ဘုရားသခင်သည် ကျွန်တော့်တို့နဲ့အတူအစဉ်အမြဲရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့ ထာ၀ရအသက်ချမ်းသာပေးတော်မူသော ကိုယ်တော်ရှင်အဖဘုရားသခင်ထံ လိုရာကျေဇူးတောင်းလျှောက်ရင်း အမှန်တရားအတွက်၊ လှပသောအနာဂတ် အေးချမ်းသောနိုင်ငံ ဖြစ်ဖို့ရန်အတွက် ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ ဒီတိုက်ပွဲအောင်မြင်သည့်တိုင် အတူတကွ ဆက်လက်တွန်းလှန်သွားကြရအောင်” ဟု KNDF BO-1 မှ ရဲဘော် Khun John Paul က ပြောကြားထားသည်။
အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်တို့ရှိ ဘာသာရေးအဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေကြောင်း၊ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ် စသည်တို့တွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့အထိ ဘာသာရေး အဆောက်အအုံ ၂၁ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
Red News Agency
-

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၁ ဦးကျဆုံးခဲ့ရသည့် နှစ်ပတ်လည်နေ့ ကျင်းပ
RNA_ဇူလိုင်၉၊၂၀၂၂ခုနှစ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၁ ဦးကျဆုံးခဲ့ရသည့် ဇူလိုင်လ ၂ ရက်နေ့က တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် Kaung Kin နှင့် ဒေသခံပြည်သူများက ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ကြသည်။
[embedyt] https://www.youtube.com/watch?v=-JsY60C2iWQ[/embedyt]
၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ၊ Kaung Kin ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၆) ယောက် အပါအဝင် တစ်မြို့နယ်လုံး (၂၆) ဦး ကျဆုံးခဲ့ကြောင်း Kaung Kin ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
Red News Agency
-

ညောင်ဦးမြို့နယ်၊ NLD အမျိုးသမီးလုပ်ငန်းကော်မတီဝင်တစ်ဦး အကျဉ်းထောင်တွင်း ကွယ်လွန်
RNA_ဇွန်လ ၃၀၊ ၂၀၂၂ခုနှစ်။
မန္တလေးတိုင်း ညောင်ဦးမြို့နယ်၊တိုက်ကုန်းရပ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီးလုပ်ငန်းကော်မတီ(ရပ်ကျေး အတွင်းရေးမူး) ဒေါ်ခင်ညို သည် စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံရပြီးနောက် ရက် ၃၀ တွင်ထောင်တွင်းကျန်းမာရေးဆိုးဝါးပြီး ကွယ်လွန် သွားကြောင်း သိရသည်။
NLD အမျိုးသမီးလုပ်ငန်းကော်မတီ(ရပ်ကျေး အတွင်းရေးမူး) ဒေါ်ခင်ညိုသည် မေ၃၀ရက်နေ့က စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရပြီး ဇွန်၂၈ရက်နေ့ နံနက်၅နာရီခွဲခန့်က ထောင်တွင်းကျန်းမာရေးဆိုးဝါးပြီး ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။
Red News Agency

















