Tag: NUG
-

မင်းအောင်လှိုင်ကို NUG သမ္မတ သတိပေး
RNA_စက်တင်ဘာ(၇)၊၂၀၂၃ ခုနှစ်။တိုင်းပြည်၏ အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်တာဖြစ်သည့်အတွက် ပြည်သူ့အာဏာကို မင်းအောင်လှိုင်ဘယ်တော့မှမရရှိနိုင်ကြောင်း ယနေ့ကျရောက်သည့် ပြည်သူ့ခုခံစစ် ကြေညာခြင်း (၂) နှစ်ပြည့် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းကာ သတိပေးထားသည်။[embedyt] https://www.youtube.com/watch?v=8CR_KLPEdkA[/embedyt]#RedNewsAgency -

ခုခံတော်လှန်စစ် ဒုတိယနှစ်အတွင်း စစ်ကောင်စီတပ်စခန်း ၁၀၇ ခု သိမ်းပိုက်နိုင်ခဲ့
RNA_စက်တက်ဘာ(၇)၊၂၀၂၃ ခုနှစ်။
နွေဦးတော်လှန်ရေး ခုခံစစ် ဒုတိယနှစ်အတွင်း စစ်ကောင်စီတပ်စခန်း (၁၀၇) ခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ ကျရောက်သည့် ပြည်သူ့ခုခံတော်လှန်စစ် (၂) နှစ်ပြည့်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။
ခုခံတွန်းလှန်စစ် ပထမနှစ်တွင် စစ်ကောင်စီတပ်စခန်း (၂၈) ခုသာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဒုတိယနှစ်တွင် စစ်ကောင်စီတပ်စခန်း (၁၀၇) ခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ခုခံစစ် ဒုတိယနှစ်အတွင်း မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် လက်တွဲ၍ ပြောက်ကျားစစ် သာမက သမရိုးကျစစ် အဆင့်သို့ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-

ပုံမှန်စစ်အခြေအနေမှ ထိုးစစ်ကာလရောက်ရှိတော့မည်ဟု NUG- MOD ဒုအတွင်းဝန်ပြောကြား
RNA_ဩဂုတ်(၇)၊၂၀၂၃ ခုနှစ်။
နွေဦးတော်လှန်ရေး ခုခံစစ်တွင် ပုံမှန်စစ်ပွဲတွေကို ဆင်နွှဲနေပြီး မကြာမှီ ထိုးစစ်ကာလရောက်ရှိတော့မည်ဟု ၂၀၂၃ ခုနှစ် ပထမ ၆ လပတ်အတွက် “နွေဦးအောင်ပွဲသတင်းများ ပြည်သူသို့တင်ပြချက်” တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ထည့်သွင်းပြောကြားထားသည်။
[embedyt] https://www.youtube.com/watch?v=dFxeey6KwZA[/embedyt]
#RedNewsAgency
-

ဂန့်ဂေါခရိုင်မှာ NUG လက်အောက်ခံများ ပြဿနာတက်နေ
RNA_ဩဂုတ်(၄)၊ ၂၀၂၃ ခုနှစ်။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ရှိ ဂန့်ဂေါ ပ.က.ဖ နှင့် ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – ပ.လ.ဖ တို့သည် ယခုရက်ပိုင်း ဒေသခံပြည်သူတချို့နှင့် NUG လက်အောက်ခံမဟုတ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြဿနာဖြစ်ပွားနေကြောင်း သိရသည်။
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပ.လ.ဖ အဖွဲ့ဝင် အချုပ်ခန်းစောင့် (အစမ်းခန့်) ၈ ဦး သည် ခိုးမှုဖြင့် အချုပ်ကျနေသော အမျိုးသမီးတဦးအား အတင်းအဓမ္မပြုကျင့်ခဲ့မှု ၂၀၂၃ ခုနှစ် ဧပြီလနောက်ဆုံးပတ်က ဖြစ်ပွားခဲ့သည့်အတွက် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျူးလွန်ခဲ့သူ (၈) ဦးလုံးကို ဖမ်းဆီးနိုင်ခဲ့ပြီး အမှုစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့က ကြေညာထားသည်။
[embedyt] https://www.youtube.com/watch?v=YcAu4y3YKVM[/embedyt]
ဂန့်ဂေါမြို့နယ် ပ.က.ဖ အဖွဲ့မှ တဦးတယောက်တည်းဆုံးဖြတ်လုပ်ကိုင်နေခြင်းနှင့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အတွက် NUG တာဝန်ရှိသူများအနေဖြင့် ဖြုတ်ချပြီး အစားထိုးခန့်အပ်နိုင်ရေးအတွက် ဒေသခံတချို့က ဩဂုတ်လ ၂ ရက်နေ့က ဆန္ဒပြခဲ့သည်။
-

ယုံကြည်ချက်အတိုင်း ဆက်သွားဖို့ NUG လူ့အခွင့်အရေးဝန်ကြီး ပြည်သူများကို တိုက်တွန်း
RNA_ဩဂုတ်(၁)၊၂၀၂၃ ခုနှစ်။စစ်ကောင်စီသည် ပြည်သူများကို လှည့်ဖြားကြိုးစားနေသည့်အတွက် တော်လှန်ရေးအသိ ဆက်လက်ထားရှိပြီး ကိုယ့်ယုံကြည်ချက်အတိုင်း ဆက်သွားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြည်သူများကို တိုက်တွန်းထားသည်။[embedyt] https://www.youtube.com/watch?v=WDUFBowFdgo[/embedyt]#RedNewsAgency -

96 Soldiers – PDF နှင့်ပတ်သက်ပြီး စာထုတ်သည့်ကိစ္စ NUG ထိခိုက်သလို တော်လှန်ရေးကိုလည်းထိခိုက်ဟု ကိုဇေယျာလွင်ပြော
RNA_ဇူလိုင်(၃၁)၊၂၀၂၃ ခုနှစ်။
အညာဒေသခြေစိုက် ကိုဇေယျာလွင် ဦးဆောင်သော 96 Soldiers – PDF အညာဒေသတပ်ခွဲကို ကျေးရွာတရွာတွင် အခြေချနေထိုင်ခြင်းမပြုရန် ညွှန်ကြားသည့်စာသည် NUG ကိုလည်း ထိခိုက်သလို တော်လှန်ရေးကိုလည်း ထိခိုက်သည်ဟု ကိုဇေယျာလွင်က ပြေကြားထားသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသရုံး၏ ညွန်ကြားချက်အရ ဇူလိုင်လ ၂၄ ရက်နေ့ရက်စွဲဖြင့် အခြေချနေထိုင်ရန် ရွှေ့ပြောင်းရောက်ရှိလာသော ကိုဇေယျာလွင် ဦးဆောင်သော 96 Soldier (LPDF) အဖွဲ့အား အခြေချနေထိုင်ခြင်းမပြုရန် ညွှန်ကြားခစာကို မြို့နယ်တာဝန်ခံက ထပ်ဆင့်ညွှတ်ကြားချက်ထုတ်ခဲ့ကြောင်းသိရသည်။

“ဒီလိုစာမျိုးက ဒီလိုကာလမျိုးမှာ အပေါင်းလက္ခဏာမဆောင်တဲ့ အနုတ်လက္ခဏာဆောင်တဲ့ စာမျိုးဖြစ်တယ်ပေါ့နော်။ အကျိုးမရှိတဲ့ စာမျိုးဖြစ်တယ်ပေါ့။ အဲလိုစာမျိုးထုတ်ချင်းက NUG ကိုလည်းထိခိုက်တယ်။ တော်လှန်ရေးကိုလည်း ထိခိုက်တယ်ပေါ့နော်။ အဲလိုလူမျိုးတွေ အောက်ခြေမှာ လုပ်ချင်တိုင်းလုပ် ထုတ်ချင်တိုင်းထုတ် စာတွေထုတ်နေတဲ့ အကျိုးဆက်ကို NUG လည်းထိခိုက်တယ် တော်လှန်ရေးအတွက်လည်း ထိခိုက်တယ်လို့ ကျွန်တော်မြင်တယ်” ဟု ကိုဇေယျာလွင်က ပြောကြားထားသည်။
-

နှစ်သောင်းကျပ်တန်ငွေစက္ကူအား တရားမဝင်ငွေအဖြစ် NUG ကြေညာ
RNA_ဇူလိုင်(၂၇)၊၂၀၂၃ ခုနှစ်။
စစ်ကောင်စီကထုတ်မည့် ၂ သောင်းတန်ငွေစက္ကူအား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ယင်းအားဆက်ခံသောအစိုးရများက အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း ယနေ့ ကြေညာထားသည်။
အကြမ်းဖက်အာဏာသိမ်းခဲ့သည့် စစ်ကောင်စီအနေဖြင့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ၂ သောင်းတန်ငွေစက္ကူများကို ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
-

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်မှု ဂုဏ်ယူဦးညွှတ်ဟု NUG ယာယီသမ္မတပြော
RNA_ဇွန်(၁၂)၊၂၀၂၃ ခုနှစ်။
ကရင်နီပြည်ကြားကလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်မှုကို ဂုဏ်ယူဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။
[embedyt] https://www.youtube.com/watch?v=PEF998Y7XA8[/embedyt]
“ကရင်နီပြည်နယ်မှာ အခုလို ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်ဖို့ဆိုတာက တောင်ယုံတန်ယုံနဲ့ဖြစ်လာတာမဟုတ်ဘူးလို့ ကျနော်အနေနဲ့ယူဆပါတယ်။ ကရင်နီပြည်နယ်မှာ အသက်သွေးချွေးပေါင်း မြောက်များစွာနဲ့ ရင်းနှီးပေးဆပ်ပြီးမှ ဒီလိုအခြေ အနေမျိုးဖြစ်လာတာလို့ ကျနော်အနေနဲ့သိရပါတယ်။ အဲဒါကြောင့် ကျနော်အနေနဲ့ ဂုဏ်ယူဦးညွှတ်ကြောင်း ပထမဦးဆုံး ပြောကြားလိုပါတယ်” ဟု နံနက်ပိုင်းက အွန်လိုင်းမှ ပြုလုပ်ခဲ့သည့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။
-

ရန်ကုန် PDF တပ်ရင်း ၅၁၀၁ မှ ရဲဘော်များ စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်
RNA_ဇွန်(၇)၊၂၀၂၃ ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန် PDF တပ်ရင်း ၅၁၀၁ မှ ရဲဘော်များ စစ်ရေးစုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်နေကြောင်းရန်ကုန်တိုင်း စစ်ဒေသခွဲဌာနချုပ်က ထုတ်ပြန်ထားသည်။

ရန်ကုန် PDF တပ်ရင်း ၅၁၀၁ ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ တပ်ရင်း ၅၁၀၁ ရဲဘော်များအနေဖြင့် တောတွင်းစစ်ဆင်ရေးများတွင် မဟာမိတ် စစ်ကြောင်းများနှင့် ပူးပေါင်းပါဝင်တိုက်ခိုက်နေသကဲ့သို့ ရန်ကုန်မြို့ပြအတွင်းတွင်လည်း မြို့ပြစစ်ဆင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်နေကြောင်း သိရသည်။
-

KNDF ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က လက်နက်နှင့် စစ်ရေးအကူအညီများပေးခဲ့
RNA_မေ(၃၁)၊၂၀၂၃ ခုနှစ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကို မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က လက်နက်အပါအဝင် စစ်ရေးအကူအညီများ ပေးခဲ့ကြောင်း ယနေ့ကျရောက်သည့် KNDF (၂) နှစ်ပြည့် အထိမ်းအမှတ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့သည် နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့အစည်းများကို ကူညီပေးမှုများစွာရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားထားကြသည်။