NUG

96 Soldiers – PDF နှင့်ပတ်သက်ပြီး စာထုတ်သည့်ကိစ္စ NUG ထိခိုက်သလို တော်လှန်ရေးကိုလည်းထိခိုက်ဟု ကိုဇေယျာလွင်ပြော

96 Soldiers – PDF နှင့်ပတ်သက်ပြီး စာထုတ်သည့်ကိစ္စ NUG ထိခိုက်သလို တော်လှန်ရေးကိုလည်းထိခိုက်ဟု ကိုဇေယျာလွင်ပြော

RNA_ဇူလိုင်(၃၁)၊၂၀၂၃ ခုနှစ်။ အညာဒေသခြေစိုက် ကိုဇေယျာလွင် ဦးဆောင်သော 96 Soldiers - PDF အညာဒေသတပ်ခွဲကို ကျေးရွာတရွာတွင် အခြေချနေထိုင်ခြင်းမပြုရန် ညွှန်ကြားသည့်စာသည် NUG ကိုလည်း ထိခိုက်သလို တော်လှန်ရေးကိုလည်း ထိခိုက်သည်ဟု ကိုဇေယျာလွင်က ပြေကြားထားသည်။ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသရုံး၏ ညွန်ကြားချက်အရ ဇူလိုင်လ ၂၄ ရက်နေ့ရက်စွဲဖြင့် အခြေချနေထိုင်ရန် ရွှေ့ပြောင်းရောက်ရှိလာသော ကိုဇေယျာလွင် ဦးဆောင်သော 96 Soldier (LPDF) အဖွဲ့အား အခြေချနေထိုင်ခြင်းမပြုရန် ညွှန်ကြားခစာကို မြို့နယ်တာဝန်ခံက ထပ်ဆင့်ညွှတ်ကြားချက်ထုတ်ခဲ့ကြောင်းသိရသည်။ “ဒီလိုစာမျိုးက ဒီလိုကာလမျိုးမှာ အပေါင်းလက္ခဏာမဆောင်တဲ့ အနုတ်လက္ခဏာဆောင်တဲ့ စာမျိုးဖြစ်တယ်ပေါ့နော်။ အကျိုးမရှိတဲ့ စာမျိုးဖြစ်တယ်ပေါ့။ အဲလိုစာမျိုးထုတ်ချင်းက NUG…
Read More
နှစ်သောင်းကျပ်တန်ငွေစက္ကူအား တရားမဝင်ငွေအဖြစ် NUG ကြေညာ

နှစ်သောင်းကျပ်တန်ငွေစက္ကူအား တရားမဝင်ငွေအဖြစ် NUG ကြေညာ

RNA_ဇူလိုင်(၂၇)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီကထုတ်မည့် ၂ သောင်းတန်ငွေစက္ကူအား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ယင်းအားဆက်ခံသောအစိုးရများက အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း ယနေ့ ကြေညာထားသည်။ အကြမ်းဖက်အာဏာသိမ်းခဲ့သည့် စစ်ကောင်စီအနေဖြင့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ၂ သောင်းတန်ငွေစက္ကူများကို ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ (more…)
Read More
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်မှု ဂုဏ်ယူဦးညွှတ်ဟု NUG ယာယီသမ္မတပြော

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်မှု ဂုဏ်ယူဦးညွှတ်ဟု NUG ယာယီသမ္မတပြော

RNA_ဇွန်(၁၂)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်ကြားကလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်မှုကို ဂုဏ်ယူဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။ "ကရင်နီပြည်နယ်မှာ အခုလို ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်ဖို့ဆိုတာက တောင်ယုံတန်ယုံနဲ့ဖြစ်လာတာမဟုတ်ဘူးလို့ ကျနော်အနေနဲ့ယူဆပါတယ်။ ကရင်နီပြည်နယ်မှာ အသက်သွေးချွေးပေါင်း မြောက်များစွာနဲ့ ရင်းနှီးပေးဆပ်ပြီးမှ ဒီလိုအခြေ အနေမျိုးဖြစ်လာတာလို့ ကျနော်အနေနဲ့သိရပါတယ်။ အဲဒါကြောင့် ကျနော်အနေနဲ့ ဂုဏ်ယူဦးညွှတ်ကြောင်း ပထမဦးဆုံး ပြောကြားလိုပါတယ်" ဟု နံနက်ပိုင်းက အွန်လိုင်းမှ ပြုလုပ်ခဲ့သည့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။ (more…)
Read More
ရန်ကုန် PDF တပ်ရင်း ၅၁၀၁ မှ ရဲဘော်များ စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်

ရန်ကုန် PDF တပ်ရင်း ၅၁၀၁ မှ ရဲဘော်များ စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်

RNA_ဇွန်(၇)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန် PDF တပ်ရင်း ၅၁၀၁ မှ ရဲဘော်များ စစ်ရေးစုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်နေကြောင်းရန်ကုန်တိုင်း စစ်ဒေသခွဲဌာနချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန် PDF တပ်ရင်း ၅၁၀၁ ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ တပ်ရင်း ၅၁၀၁ ရဲဘော်များအနေဖြင့် တောတွင်းစစ်ဆင်ရေးများတွင် မဟာမိတ် စစ်ကြောင်းများနှင့် ပူးပေါင်းပါဝင်တိုက်ခိုက်နေသကဲ့သို့ ရန်ကုန်မြို့ပြအတွင်းတွင်လည်း မြို့ပြစစ်ဆင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်နေကြောင်း သိရသည်။ (more…)
Read More
KNDF ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က လက်နက်နှင့် စစ်ရေးအကူအညီများပေးခဲ့

KNDF ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က လက်နက်နှင့် စစ်ရေးအကူအညီများပေးခဲ့

RNA_မေ(၃၁)၊၂၀၂၃ ခုနှစ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကို မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က လက်နက်အပါအဝင် စစ်ရေးအကူအညီများ ပေးခဲ့ကြောင်း ယနေ့ကျရောက်သည့် KNDF (၂) နှစ်ပြည့် အထိမ်းအမှတ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့သည် နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့အစည်းများကို ကူညီပေးမှုများစွာရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားထားကြသည်။ (more…)
Read More
မကွေးဆေးတက္ကသိုလ် ကျောင်းသား တိုက်ပွဲတွင်ကျဆုံး 

မကွေးဆေးတက္ကသိုလ် ကျောင်းသား တိုက်ပွဲတွင်ကျဆုံး 

RNA_မေ(၂၅)၊၂၀၂၃ ခုနှစ်။ မကွေး ဆေးတက္ကသိုလ်၊ ဆေးပညာအခြေခံနှစ် (Foundation Year) မှ ကျောင်းသား မောင်စွမ်းထက် (အသက် ၂၀ နှစ်)သည် မေလ (၂၂) ရက်နေ့ စစ်ကိုင်း တိုင်း၊ ခင်ဦးမြို့နယ်အတွင်း တိုက်ပွဲတွင် ကျဆုံးခဲ့ရကြောင်း သိရသည်။ "မောင်စွမ်းထက်ကို အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုအပ်ပြီး မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်" ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှ မေလ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကို မကွေးတိုင်းကွပ်ကဲရေးရုံးတာဝန်ရှိသူများက လက်နက်တပ်ဆင် 

ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကို မကွေးတိုင်းကွပ်ကဲရေးရုံးတာဝန်ရှိသူများက လက်နက်တပ်ဆင် 

RNA_မေ ၁၈ ၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းနှင့် မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လက်နက်အချို့ တပ်ဆင်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းမှ ယနေ့ ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ရခိုင်ပြည်နယ် မုန်တိုင်းသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးတွင်အသုံးပြုရန် KIO ဗဟိုဌာနချုပ်က သိန်းသုံးထောင်လှူဒါန်း

ရခိုင်ပြည်နယ် မုန်တိုင်းသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးတွင်အသုံးပြုရန် KIO ဗဟိုဌာနချုပ်က သိန်းသုံးထောင်လှူဒါန်း

RNA_မေ(၁၈)၊၂၀၂၃ ခုနှစ်။   အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးသွားမှုများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လူသားချင်းစာနာထောက်ထားမှုအားဖြင့် KIO ဗဟိုဌာနချုပ်မှ ကျပ် သိန်းသုံးထောင်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ လှူဒါန်းခဲ့ကြောင်း AA ကထုတ်ပြန်ထားသည်။   ရခိုင်ပြည်နယ်အတွင်း မုန်တိုင်ဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG မှ ကျပ်သိန်းတစ်ထောင်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် - MNDAA မှ ကျပ်သိန်းတစ်ထောင်၊ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့- KIO မှ ကျပ်သိန်းသုံးထောင်လှူဒါန်းမှုတို့ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်တို့မှ လက်ခံရရှိထားကြောင်း၊ မုန်တိုင်းလေဘေးဒဏ်ကြောင့် ရခိုင်ပြည်သူလူထု ဒုက္ခရောက်နေချိန် ညီနောင်မဟာမိတ်ပီသစွာ ပံ့ပိုးကူညီပေးမှုအပေါ် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ထုတ်ပြန်ပြောကြားထားသည်။ (more…)
Read More
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် NUG က အမေရိကန် ဒေါ်လာ (၁) သန်းသုံးမည်

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် NUG က အမေရိကန် ဒေါ်လာ (၁) သန်းသုံးမည်

RNA_မေ(၁၆)၊၂၀၂၃ ခုနှစ်။   မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကြောင့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ (၁) သန်း အသုံးပြုမည်ဟု ယနေ့နံနက် ၈ နာရီက ပြုလုပ်သည့် NUG လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဒုတိယအကြိမ်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။   “ဆိုင်ကလုန်းမုန်တိုင်းအရေးပေါ် တုံ့ပြန်ရေးအတွက်မတည်ထားသော ရန်ပုံငွေ အမေရိကန် ဒေါ်လာ (၁) သန်းကို ပိုမိုထိရောက်စွာခွဲဝေသုံးစွဲနိုင်ရန်အတွက် မြေပြင်အခြေအနေများကို သိရှိနိုင်ရေး အရေးပေါ်အစည်းအဝေးများ ခေါ်ယူဆောင်ရွက်ရန် စသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ပါသည်” ယနေ့ NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။…
Read More
အကြမ်းဖက်မှုကျူးလွန်နေသည့် အာဏာသိမ်းအဖွဲ့ကို အရေးယူနိုင်ရေး ဩစတြေးလျရောက်ရှိနေသည့် NUG လူ့အခွင့်အရေးဝန်ကြီး ကြိုးပမ်း

အကြမ်းဖက်မှုကျူးလွန်နေသည့် အာဏာသိမ်းအဖွဲ့ကို အရေးယူနိုင်ရေး ဩစတြေးလျရောက်ရှိနေသည့် NUG လူ့အခွင့်အရေးဝန်ကြီး ကြိုးပမ်း

RNA_မေ(၁၀)၊၂၀၂၃ ခုနှစ်။   သြစတြေးလျနိုင်ငံသို့ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းသည် အာဏာသိမ်းခေါင်းဆောင်များ၏ လူ့အခွင့်အရေးကျူးလွန်ဖေါက်ဖျက်မှုများ၊ ရာဇဝတ်မှု လုပ်ရပ်များအတွက် တာဝန်ယူရန်နှင့် တရားမျှတမှု ဖေါ်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရသည်။   ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ Gilbert + Tobin ဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေများနှင့် လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းတို့နှင့် မေလ ၈ နေ့က တွေ့ဆုံးပြီး အာဏာသိမ်းခေါင်းဆောင်များ၏ လူ့အခွင့် အရေး ကျူးလွန်ဖောက်ဖျက်မှုများ၊ ရာဇဝတ်မှု လုပ်ရပ်များအတွက် တာဝန်ခံယူရန်နှင့် တရားမျှတမှု ဖေါ်ဆောင်ရန် ကြိုးပမ်းမှုများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။ (more…)
Read More