KNU

ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၄ လအတွင်း တပ်ရင်းမှူး (၄) ဦး၊ ဒုတပ်ရင်းမှူး (၅) ဦးပါအဝင် (၁၇၃၆) ဦးသေဆုံးခဲ့ဟု KNU ဗဟိုထုတ်ပြန်

ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၄ လအတွင်း တပ်ရင်းမှူး (၄) ဦး၊ ဒုတပ်ရင်းမှူး (၅) ဦးပါအဝင် (၁၇၃၆) ဦးသေဆုံးခဲ့ဟု KNU ဗဟိုထုတ်ပြန်

RNA_မေ(၁၁)၊၂၀၂၃ ခုနှစ်။   ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ စစ်ကောင်စီတပ်နှင့် ၎င်းတို့၏လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F)တို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ မှ ဧပြီလအထိ (၄) လအတွင်း တိုက်ပွဲ (၁၆၄၂) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့်လက်အောက်ခံ တပ်ရင်းမှူး (၄)ဦး၊ ဒုတပ်ရင်းမှူး (၅) ဦးအပါအဝင် (၁၇၃၆) ဦးသေဆုံးကာ KNLA၊ KNDOနှင့် မဟာမိတ်များတို့မှ (၅၉) ဦးကျဆုံးခဲ့ရကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။   ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၄ လတာအတွင်းနှင့် ပတ်သက်ပြီး KNU ဗဟို၏ ထုတ်ပြန်ချက်တွင်…
Read More
KNU ခေါင်းဆောင်သစ် ဥက္ကဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ရွေးကောက်တင်မြှောက်ခံရ 

KNU ခေါင်းဆောင်သစ် ဥက္ကဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ရွေးကောက်တင်မြှောက်ခံရ 

RNA_မေ(၂)၊၂၀၂၃ ခုနှစ်။ ၁၇ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး -KNU ၏ ခေါင်းဆောင်သစ် ရွေးကောက်ပွဲ (ကွန်ဂရက်) တွင် ပဒိုစောကွယ်ထူးဝင်းကို KNU ဥက္ကဌအဖြစ် ရွေး‌ကောက်တင်မြှောက်လိုက်ကြောင်း သိရသည်။ ကရင်အမျိုးသား အစည်းအရုံး -KNU သည် ကွန်ကရက်ကို (၄) နှစ်တကြိမ် ကျင်းပခြင်းဖြစ်သော်လည်း ကိုဗစ်ကာလနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ကြန့်ကြာမှုများရှိခဲ့ပြီး ယနေ့ ( မေလ ၂ ရက်) ညနေပိုင်းတွင် ဥက္ကဌ အသစ်ရွေးချယ်နိုင်ခဲ့ကြောင်း သိရသည်။ ကရင်အမျိုးသားအစည်းအရုံး -KNU ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံး ဥက္ကဌမှာ စောစံဖိုးသင်ဖြစ်ကာ ယနေ့နံနက်ပိုင်းအထိ KNU…
Read More
တော်လှန်ရေးသည်ကလဲ့စားမဟုတ်

တော်လှန်ရေးသည်ကလဲ့စားမဟုတ်

"ငါတို့တော်လှန်းရေးလုပ်နေတယ်ဆိုတာ ကလဲ့စားချေနေတာမဟုတ်ဘူး။ သူတို့ယုတ်မာသလို ငါတို့ ပြန်မယုတ်မာဘူး။ ငါ့ရဲဘော်တွေထဲမှာ ရွာလုံးကျွတ်မီးရှို့ခံရပြီး မိသားစုဝင်တွေ ရက်ရက်စက်စက်သတ်ခံရလို့ ဝင်လာတဲ့သူတွေ အများကြီး။ သူတို့ကိုလည်း တော်လှန်ရေးနဲ့ ကလဲ့စား မရောဖို့ ငါအမြဲမှာတယ်။ ငါတို့က တိုင်းပြည်ကိုအမှန်တကယ်ပြောင်းလဲစေချင်လို့ တော်လှန်နေတာ"   ချမ်းမင်း - CDM တပ်မတော်သား မြန်မာနိုင်ငံရဲ့ တော်လှန်ရေးခရီးဟာ ရက်မှလ လမှနှစ်သို့ကူးပြောင်းလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ တော်လှန်ရေးနဲ့ပတ်သတ်ပြီး အတွေးအမြင်တွေဟာလဲရင့်ကျက်လာကြတယ်။ တော်လှန်ရေးအသိနဲ့ပတ်သတ်ပြီး ပြီးခဲ့တဲ့ရကိပိုင်းက ကြုံတွေ့ခဲ့ရတာလေးကိုပြောပြချင်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်တော်တို့ ခရီးတစ်ခုထွက်ရင်း KNU တပ်ရင်းတစ်ရင်းမှာ ညအိပ်ဖြစ်ကြတယ်။   ကျွန်တော်တို့ရောက်သွားတာ ညနေပိုင်းဆိုတော့ အားကစားလုပ်တဲ့သူနဲ့ သောင်းရင်းမြစ်မှာ ရေဆင်းချိုးတဲ့သူတွေနဲ့ သူတို့ကိုကြည့်ရတာ အတော်လေးပျော်ဖို့ကောင်းနေပါတယ်။ အဲ့က ကရင်စစ်သားတွေက…
Read More
စစ်ကောင်စီတပ် မယ်စိထာ စစ်ဆေးရေးဂိတ် စခန်းအား တိုက်ခိုက်သိမ်းပိုက် 

စစ်ကောင်စီတပ် မယ်စိထာ စစ်ဆေးရေးဂိတ် စခန်းအား တိုက်ခိုက်သိမ်းပိုက် 

RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁) နှင့် တပ်မဟာ (၅) ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်၏ မယ်စိထာ ဂိတ်စခန်းအား ယနေ့ နံနက် (၄) နာရီ (၃၀) မိနစ်ခန့်က စတင်တိုက်ခိုက်ကာ နံနက် (၅) နာရီတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။ မယ်စိထာ ဂိတ်စခန်းသည် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ တပ်မဟာ (၁) နှင့် တပ်မဟာ (၅) ကြားတွင်တည်ရှိကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၅) ဦးသေဆုံးကာ (၁၀) ဦးထွက်ပြေးသွားကြောင်း၊ ပစ္စတို MA 5 (၁)လက်၊ K3 79 (၁)လက်၊…
Read More
စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးသေသည့် စခန်းသိမ်းတိုက်ပွဲတွင် Royal Peacock Column ပါဝင်ခဲ့ 

စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးသေသည့် စခန်းသိမ်းတိုက်ပွဲတွင် Royal Peacock Column ပါဝင်ခဲ့ 

RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။ KNU တပ်မဟာ(၃) နယ်‌မြေ မူး(မုန်း)မြို့နယ်ရှိ စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးသေဆုံးသည့် သိမ်းတိုက်ပွဲတွင် KNLA နှင့်အတူ Royal Peacock Column ပူးပေါင်းစစ်ကြောင်း ပါဝင်တိုက်ပွဲဝင်ခဲ့ကြောင်း သိရသည်။ KNU တပ်မဟာ(၃) နယ်‌မြေအတွင်း မူး(မုန်း)မြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းတိုကို အပြီးတိုင် မချေမှုန်းနိုင်သော်လည်း လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်း၊ ကျွန်းကုန်းစခန်းတို့ကို ဖျက်ဆီးနိုင်သည်အထိ ချေမှုန်းခဲ့ကြောင်း သိရသည်။ (more…)
Read More
KNLA နှင့် မဟာမိတ်များ စစ်ကောင်စီတပ်စခန်း (၄) ခုကို တိုက်ခိုက်စဉ် ဒုတပ်ရင်းမှူးအပါအဝင် (၁၆) ဦးသေဆုံး

KNLA နှင့် မဟာမိတ်များ စစ်ကောင်စီတပ်စခန်း (၄) ခုကို တိုက်ခိုက်စဉ် ဒုတပ်ရင်းမှူးအပါအဝင် (၁၆) ဦးသေဆုံး

RNA_ဧပြီ(၂၃)၊၂၀၂၃ ခုနှစ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) တပ်ပေါင်းစုမှ ဧပြီလ (၂၂) ရက်နေ့က စစ်ကောင်စီတပ်စခန်း (၄) ခုကို တပြိုင်တည်း တိုက်ခိုက်စဉ် စခန်း(၂) ခုအ တိုက်ခိုက် ချေမှုန်းဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှလဒုတပ်ရင်းမှူးအပါအဝင် ( ၁၆) ဦးသေဆုံးကာ (၁၇) ဦးဒဏ်ရာရရှိသွားသည်ဟု KNU ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်မှ အထိုင်ချစခန်းများဖြစ်သည့် ကေအဲန်ယူ-မူးမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းစခန်းတို့ကို တိုက်ခိုက်ခဲ့သော်လည်း မပြီးတိုင်မချေမှုန်း နိုင်ခဲ့ကြောင်း၊ ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်း စခန်းတို့ကို အပြီးတိုင်ချေမှုန်းနှိုင်ပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ (more…)
Read More
ယနေ့နံနက် စစ်ကောင်စီတပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

ယနေ့နံနက် စစ်ကောင်စီတပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၃ ခုနှစ်။ ယနေ့ နံနက် (၆) နာရီဝန်းကျင်က KNUတပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ "မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံဖြင့် ရန်သူများကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးကြပြီး နာရီဝက်ခန့်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ ရန်သူ့အလောင်းတစ်လောင်း၊ လက်နက်(၂)လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့ပါသည်" ဟု BPLA ကထုတ်ပြန်ထားသည်။ (more…)
Read More
မြို့ပြပြောက်ကြားအထူးစစ်ဆင်ရေးနှင့်ချေမှုန်းရေး နည်းဗျူဟာသင်တန်းဆင်းပွဲ

မြို့ပြပြောက်ကြားအထူးစစ်ဆင်ရေးနှင့်ချေမှုန်းရေး နည်းဗျူဟာသင်တန်းဆင်းပွဲ

RNA_ဖေဖော်ဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။ တောင်ပိုင်းတိုင်းစစ်ဒေသ တနေရာတွင် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်ဟောင်း သင်တန်းမှူးနှင့် KNU တပ်မဟာ (၆) သင်တန်းဆရာများ သင်ကြားပေးသည့် မြို့ပြပျောက်ကြား အထူးစစ်ဆင်ရေးနှင့် ချေမှုန်းရေး နည်းဗျူဟာသင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကအောင်မြင်စွာပြီးစီးခဲ့ကြောင်း ကျားဖြူစစ်ကြောင်း ကျားဖြူတပ်ခွဲ (၁) မှ ယနေ့ ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ကော်သူးလေအုပ်ချုပ်နယ်မြေ တိုက်ပွဲများတွင် (၂) နှစ်အတွင်း စစ်ကောင်စီတပ်မှ (၆၈၇၆) ဦး သေဆုံး

ကော်သူးလေအုပ်ချုပ်နယ်မြေ တိုက်ပွဲများတွင် (၂) နှစ်အတွင်း စစ်ကောင်စီတပ်မှ (၆၈၇၆) ဦး သေဆုံး

RNA_ဖေဖော်ဝါရီ( ၉)၊၂၀၂၃ ခုနှစ်။   ကရင်အမျိုးသားအစည်းအရုံး - KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး (၂) နှစ်အတွင်း တိုက်ပွဲပေါင်း (၈၀၃၈) ကြိမ်ဖြစ်ပွားပြီး အာဏာသိမ်း စစ်ကောင်စီတပ်များမှ (၆၈၇၆) ဦးသေဆုံးကာ (၅၅၁၉) ဦးဒဏ်ရာရကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။   ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့အထိ (၂) နှစ်အတွင်း စစ်ကောင်စီတပ်များမှ နယ်မြေစိုးမိုးနိုင်ရေးအတွက် တပ်အင်အားတိုးချဲ့ခြင်းများ၊ စစ်ရေးလှုပ်ရှားမှုများပိုမိုလုပ်ဆောင်ခြင်းများ အဆက်မပြတ်လုပ်ဆောင်လာသည့်အတွက် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်ရေးတပ်မတော် (K.N.L.A)၊…
Read More
ကျေးရွာအတွင်း ဗုံး (၆) လုံးကျရောက်ပေါက်ကွဲပြီး သင်းအုပ်ဆရာ (၂) ဦးအပါအဝင် (၅) ဦးသေဆုံး

ကျေးရွာအတွင်း ဗုံး (၆) လုံးကျရောက်ပေါက်ကွဲပြီး သင်းအုပ်ဆရာ (၂) ဦးအပါအဝင် (၅) ဦးသေဆုံး

RNA_ဇန်နဝါရီ(၁၄)၊၂၀၂၃ ခုနှှစ်။   စစ်ကောင်စီတပ် တိုက်လေယာဉ် (၄) စီးဖြင့် ဗုံး (၈) လုံးကျဲရာ လေးဝါးကျေးရွာအတွင်း ဗုံး (၆) လုံးကျရောက်ပေါက်ပွဲပြီး ကတ်သလစ် သင်းအုပ်ဆရာ စောရယ်ဒီ၊ နှစ်ခြင်းခရစ်ယာဉ် အသင်းအုပ်ဆရာတော် စောချမ်အေး၊ အသက် ၂ နှစ် ၁၁ အရွယ် နော်မရီးနာတို့သားအမိနှင့်စောဖါးဘလယ်တို့ သေဆုံးခဲ့ရကြောင်း သိရသည်။   ကရင်ပြည်နယ်၊ KNU မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ပေးကေးကျေးရွာအုပ်စု၊ လေးဝါးကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ် (၄) စီးဖြင့် ဇန်နဝါရီ လ (၁၂) ရက်နေ့ နေ့လည် (၂) နာရီ (၁၃) မိနစ်ဝန်းကျင်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ (more…)
Read More