ကော်သူးလေ အုပ်ချုပ်နယ်မြေတိုက်ပွဲများတွင် တစ်နှစ်အတွင်း စစ်ကောင်စီတပ်သား (၃၁၃၆) ဦးသေဆုံး

Written by

in

RNA_ဇန်နဝါရီ(၂၅)၊၂၀၂၅ခုနှစ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေများတွင် ၂၀၂၄ ခုနှစ်အတွင်း တိုက်ပွဲကြီးတိုက်ပွဲငယ် (၃၂၉၉) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလောက်ခံ အရာရှိအရာခံများအပါအဝင် တပ်သား (၃၁၃၆) သေဆုံးပြီး (၂၂၂၅) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ကထုတ်ပြန်ထားသည်။


စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီသော ဗျူဟာမှူး အဆင့်မှ အောက်ခြေတပ်သားအဆင့်တို့ကိုလည်း ၂၀၂၄ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုတိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်များဘက်မှ ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့သော ရဲဘော် (၁၀၀) ဦးခန့် မှာ တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၃၂၅) ဦးခန့်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency #REDNEWS #RNA