စစ်ကောင်စီအကြံပေးအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကောင်းဆုံးအကြံပေးသင့်

RNA_နိုဝင်ဘာ(၂၀)၊၂၀၂၃ ခုနှစ်။
စစ်ကောင်စီအထူးအကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစောအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကောင်းဆုံးအကြံများပေးပြီး၊ ပြည်သူလူထု၏ အသံကို ရဲရဲနားထောင်ပြီး မှန်ကန်သည့် ဆုံးဖြတ်ချက်တခုကို လုပ်ဆောင်ရန်လိုအပ်နေပြီဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။
ယနေ့ တိုက်ပွဲများသည် အဖြူအမဲကွဲသွားပြီဖြစ်သည့်အတွက် အကြမ်းဖက်စစ်ခေါင်းဆောင်လက်အောက်မှ စစ်သည်တော်များကိုလည်း ပြည်သူ့ဘက်ရပ်တည်ရန် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပန်ကြားထားမှုအပါအဝင် နိုဝင်ဘာလ ၁၇ ရက်နေ့က ပြည်သူသို့ပြောကြားချက် (ပန်ကြားချက်) များထဲမှ ကောက်နုတ်တင်ပြထားခြင်းဖြစ်သည်။
Red News Agency
By Editor