သင်္ဃန်းညီနောင် စစ်ဗျူဟာအခြေချစခန်းက အရာရှိ (၆၇)ဦးအပါအဝင် (၆၁၇)ဦး လက်နက်ချခဲ့

RNA_ဧပြီ(၆)၊၂၀၂၄ ခုနှစ်။

အာဏာသိမ်းစစ်ကောင်စီ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ အရာရှိ (၆၇)၊ အခြားနှင့် တပ်သားအဆင့် (၄၁၀) ဦး စုစုပေါင်း (၆၁၇)ဦး လက်နက်ချအလင်းဝင်ခဲ့သည်ဟု KNU ဗဟိုက ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ၁၉၆၈ ခုနှစ်မှ အခြေချခဲ့သော စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) စခန်းကို ဧပြီလ(၅)ရက်နေ့ နံနက် ၈ နာရီမှ စတက်တိုက်ခိုက်ရာ နေ့လယ် ၁ နာရီခန့်တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။

လက်နက်ချအလင်းဝင်ရောက်လာသူ အရာရှိအဆင့်၊ တပ်သားများ၊ ရဲမေများနှင့် တပ်မိသားစုဝင်များ စုစုပေါင်း (၆၁၇)ဦးရှိကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်း မီးကျောက်မြောက်များစွာကို သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဓါတ်ပုံ − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များထံမှ သိမ်းဆီးရမိခဲ့သော လက်နက်ခဲယမ်းများ။

#RedNewsAgency

By RNA Editor